ရုရှားနဲ့ယူကရိန်းကြား တတိယအကြိမ်မြောက် စစ်သုံ့ပန်းလဲလှယ်မှုကိုပြုလုပ်

 259

Pika (NP News) - ဇွန် ၁၄

ရုရှားနဲ့ယူကရိန်းတို့ဟာ ယခုလအစောပိုင်းမှာ အစ္စတန်ဘူလ်မြို့မှာ သဘောတူညီခဲ့တဲ့ စစ်သုံ့ပန်းအပြန်အလှန် လဲလှယ်ရေးသဘောတူညီချက်အရ တတိယအကြိမ်မြောက် စစ်သုံ့ပန်းလဲလှယ်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပြန်လည်လွတ်မြောက်လာတဲ့ ရုရှားစစ်သားတွေဟာ ဘီလာရုစ်နိုင်ငံမှာရှိနေပြီး ကုသရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ရုရှားကို လွှဲပြောင်းပေးသွားလိမ့်မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းအကျဉ်းသားအဖွဲ့တစ်ဖွဲ့ကိုလည်း ယူကရိန်းကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း စစ်သားအရေအတွက် ဘယ်လောက်ကို အပြန်အလှန်လဲလှယ်ခဲ့တယ်ဆိုတဲ့အချက်ကိုတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ အဲဒီလဲလှယ်မှုကို ယူကရိန်းသမ္မတဇီလန်စကီးက အတည်ပြုခဲ့ပေမယ့်လည်း လဲလှယ် ခဲ့တဲ့စစ်သားအရေအတွက်အတိအကျနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆို ခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ယူကရိန္းၾကား တတိယအႀကိမ္ေျမာက္ စစ္သုံ႔ပန္းလဲလွယ္မႈကိုျပဳလုပ္
Pika (NP News) - ဇြန္ ၁၄
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ယခုလအေစာပိုင္းမွာ အစၥတန္ဘူလ္ၿမိဳ႕မွာ သေဘာတူညီခဲ့တဲ့ စစ္သုံ႔ပန္းအျပန္အလွန္ လဲလွယ္ေရးသေဘာတူညီခ်က္အရ တတိယအႀကိမ္ေျမာက္ စစ္သုံ႔ပန္းလဲလွယ္မႈကို လုပ္ေဆာင္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ျပန္လည္လြတ္ေျမာက္လာတဲ့ ႐ုရွားစစ္သားေတြဟာ ဘီလာ႐ုစ္ႏိုင္ငံမွာရွိေနၿပီး ကုသေရးနဲ႔ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြအတြက္ ႐ုရွားကို လႊဲေျပာင္းေပးသြားလိမ့္မယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းအက်ဥ္းသားအဖြဲ႕တစ္ဖြဲ႕ကိုလည္း ယူကရိန္းကို ျပန္လည္လႊဲေျပာင္းေပးခဲ့တယ္လို႔ ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း စစ္သားအေရအတြက္ ဘယ္ေလာက္ကို အျပန္အလွန္လဲလွယ္ခဲ့တယ္ဆိုတဲ့အခ်က္ကိုေတာ့ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာဆိုတာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ အဲဒီလဲလွယ္မႈကို ယူကရိန္းသမၼတဇီလန္စကီးက အတည္ျပဳခဲ့ေပမယ့္လည္း လဲလွယ္ ခဲ့တဲ့စစ္သားအေရအတြက္အတိအက်နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ထုတ္ေဖာ္ေျပာဆို ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.