ရပ်ထားသောတွဲကားကို ဆိုင်ကယ်ဖြင့်ဝင်တိုက်မိသူအမျိုးသား ပွဲချင်းပြီးသေဆုံး

 246

ချယ်ရီ (NP News) - ဇွန် ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့တွင် ရပ်ထားသောတွဲကားအနောက်ပိုင်းကို ဆိုင်ကယ်ဖြင့်ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းသူအမျိုးသား ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နာရေးကူညီမှုအသင်း(အောင်ပန်း)မှ တာဝန်ရှိသူက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၁၃ ရက်)၊ ည (၇) နာရီ (၄၅)မိနစ်အချိန်ခန့်က အောင်ပန်းမြို့ရှိ အောင်ပန်း-တောင်ကြီးသွားကားလမ်း၊ မြတ်မနောဟိုတယ်ရှေ့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စဖြစ်ဖြစ်ချင်း ကျွန်တော်တို့ကိုလှမ်းဆက်သွယ်လို့ သွားတော့ အဲဒီမှာရပ်ထားတဲ့ကားက မရှိတော့ဘူးဗျ။ သေဆုံးတဲ့သူကိုပဲ ကျွန်တော်တို့ တွေ့ရတယ်ဗျ။ ကားက လမ်းဘေးမှာရပ်ထားတာဆိုပေမဲ့ တစ်ဝက်ကတော့လမ်းဘေးကျပြီး တစ်ဘီးလောက်ကတော့ လမ်းပေါ်တင်နေတာလို့ တွေ့တဲ့သူတွေက ပြောပါတယ်။ ရပ်ထားတဲ့ကားက တွဲကားဆိုတော့ သူက တည့်ဝင်တိုက်ပြီးတော့မှ အနောက်ပြန်လန်ကျတာ။ ဆိုင်ကယ်က အရှိန်လည်းပါတယ်။ မိုးလည်းရွာနေတာဆိုတော့ ဆိုင်ကယ်ကတော့ အကုန်လုံး ကျိုးကြေမွသွားတယ်” ဟု ၎င်းက ရှင်းပြသည်။
သေဆုံးသူအမျိုးသားမှာ အသက်(၃၀)အရွယ်ရှိသူဖြစ်ကာ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်တွင်နေထိုင်ပြီး လသားအရွယ်ကလေး တစ်ယောက်၏ဖခင်တစ်ဦးလည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူက ပက်လက်လန်ကျတော့ ဆိုင်ကယ်ဦးထုပ်လည်း မပါတာဆိုတော့လေ နောက်စေ့ဦးခေါင်းခွံကွဲတယ်။ ဆီးအိမ်ကွဲသွားတယ်။ မျက်နှာကပွန်းပဲ့ပြီး သွားတွေကျိုးကုန်တယ်” ဟု ၎င်းက ရှင်းပြသည်။
ထို့ကြောင့် သေဆုံးသူရုပ်အလောင်းကို အောင်ပန်းဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆိုင်ကယ်စီးနင်းသူများအနေဖြင့် ဆိုင်ကယ်ဦးထုပ်ဆောင်းကာ အရှိန်ပုံမှန်ဖြင့် မောင်းနှင်သင့်ကြောင်းနှင့် မိုးရွာချိန်၌ သတိရှိစွာမောင်းနှင်သင့်ကြောင်း တာဝန်ရှိသူက အကြံပြုပြောကြားထားသည်။

Zawgyi Version:
ရပ္ထားေသာတြဲကားကို ဆိုင္ကယ္ျဖင့္ဝင္တိုက္မိသူအမ်ိဳးသား ပြဲခ်င္းၿပီးေသဆုံး
ခ်ယ္ရီ (NP News) - ဇြန္ ၁၄
ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ေအာင္ပန္းၿမိဳ႕တြင္ ရပ္ထားေသာတြဲကားအေနာက္ပိုင္းကို ဆိုင္ကယ္ျဖင့္ဝင္တိုက္မိရာ ဆိုင္ကယ္ေမာင္းသူအမ်ိဳးသား ပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း နာေရးကူညီမႈအသင္း(ေအာင္ပန္း)မွ တာဝန္ရွိသူက NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ ၁၃ ရက္)၊ ည (၇) နာရီ (၄၅)မိနစ္အခ်ိန္ခန္႔က ေအာင္ပန္းၿမိဳ႕ရွိ ေအာင္ပန္း-ေတာင္ႀကီးသြားကားလမ္း၊ ျမတ္မေနာဟိုတယ္ေရွ႕အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“စျဖစ္ျဖစ္ခ်င္း ကြၽန္ေတာ္တို႔ကိုလွမ္းဆက္သြယ္လို႔ သြားေတာ့ အဲဒီမွာရပ္ထားတဲ့ကားက မရွိေတာ့ဘူးဗ်။ ေသဆုံးတဲ့သူကိုပဲ ကြၽန္ေတာ္တို႔ ေတြ႕ရတယ္ဗ်။ ကားက လမ္းေဘးမွာရပ္ထားတာဆိုေပမဲ့ တစ္ဝက္ကေတာ့လမ္းေဘးက်ၿပီး တစ္ဘီးေလာက္ကေတာ့ လမ္းေပၚတင္ေနတာလို႔ ေတြ႕တဲ့သူေတြက ေျပာပါတယ္။ ရပ္ထားတဲ့ကားက တြဲကားဆိုေတာ့ သူက တည့္ဝင္တိုက္ၿပီးေတာ့မွ အေနာက္ျပန္လန္က်တာ။ ဆိုင္ကယ္က အရွိန္လည္းပါတယ္။ မိုးလည္း႐ြာေနတာဆိုေတာ့ ဆိုင္ကယ္ကေတာ့ အကုန္လုံး က်ိဳးေၾကမြသြားတယ္” ဟု ၎က ရွင္းျပသည္။
ေသဆုံးသူအမ်ိဳးသားမွာ အသက္(၃၀)အ႐ြယ္ရွိသူျဖစ္ကာ ေအာင္ပန္းၿမိဳ႕၊ မဂၤလာရပ္ကြက္တြင္ေနထိုင္ၿပီး လသားအ႐ြယ္ကေလး တစ္ေယာက္၏ဖခင္တစ္ဦးလည္းျဖစ္ေၾကာင္း ၎က ဆိုသည္။
“သူက ပက္လက္လန္က်ေတာ့ ဆိုင္ကယ္ဦးထုပ္လည္း မပါတာဆိုေတာ့ေလ ေနာက္ေစ့ဦးေခါင္းခြံကြဲတယ္။ ဆီးအိမ္ကြဲသြားတယ္။ မ်က္ႏွာကပြန္းပဲ့ၿပီး သြားေတြက်ိဳးကုန္တယ္” ဟု ၎က ရွင္းျပသည္။
ထို႔ေၾကာင့္ ေသဆုံးသူ႐ုပ္အေလာင္းကို ေအာင္ပန္းေဆး႐ုံရွိ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ဆိုင္ကယ္စီးနင္းသူမ်ားအေနျဖင့္ ဆိုင္ကယ္ဦးထုပ္ေဆာင္းကာ အရွိန္ပုံမွန္ျဖင့္ ေမာင္းႏွင္သင့္ေၾကာင္းႏွင့္ မိုး႐ြာခ်ိန္၌ သတိရွိစြာေမာင္းႏွင္သင့္ေၾကာင္း တာဝန္ရွိသူက အႀကံျပဳေျပာၾကားထားသည္။

Related news

© 2021. All rights reserved.