ယခုဘဏ္ဍာနှစ်အတွက် ပဲမျိုးစုံတန်ချိန် နှစ်သန်းနီးပါးတင်ပို့ရန်လျာထား

 190

NP News ဇွန်လ (၁၄) ရက်
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတန်ချိန် ၂ သန်းနီးပါး တင်ပို့နိုင်ရန် လျာထား၍ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
လျာထားချက်အရ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်း တင်ပို့မည်ဖြစ်ပြီး ခန့်မှန်းပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံခန့်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံအနေနဲ့တော့ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေတာပါ။ ပဲအမျိုးအစားအများကြီးထဲကမှ အဓိက ပြည်ပတင်ပို့တဲ့ ပို့ကုန်ပဲအမျိုးအစားတွေကတော့ မတ်ပဲ နဲ့ ပဲတီစိမ်းဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပဲမျိုးစုံ ပြည်ပတင်ပို့ရာတွင် ဈေးကွက်အသစ်ထက် လက်ရှိတင်ပို့နေသည့် ဈေးကွက်များကိုသာ ပိုမိုတင်ပို့ နိုင်ရန် ကြိုးပမ်းနေပြီး လက်ရှိမှာ အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့နေသည့်အပြင် တရုတ်နိုင်ငံအပါအဝင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
တင်ပို့ရာလမ်းကြောင်းအနေဖြင့်လည်း ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှတစ်ဆင့် အဓိက တင်ပို့နေပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲယဉ်း၊ ထောပတ်ပဲ စသည့် ပဲအမျိုးအစားပေါင်း ၂၀ ခန့် တင်ပို့လျက်ရှိကြောင်းသိရသည်။
လွန်ခဲ့သော ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၂ ဒသမ ၁၄ သန်း တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ယခုဘ႑ာႏွစ္အတြက္ ပဲမ်ိဳးစုံတန္ခ်ိန္ ႏွစ္သန္းနီးပါးတင္ပို႔ရန္လ်ာထား
NP News ဇြန္လ (၁၄) ရက္
၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္အတြင္း ျပည္ပႏိုင္ငံမ်ားသို႔ ပဲမ်ိဳးစုံတန္ခ်ိန္ ၂ သန္းနီးပါး တင္ပို႔ႏိုင္ရန္ လ်ာထား၍ ေဆာင္႐ြက္ေနေၾကာင္း ျမန္မာႏိုင္ငံ ပဲမ်ိဳးစုံ၊ ေျပာင္းႏွင့္ ႏွမ္းကုန္သည္မ်ားအသင္းမွ သိရသည္။
လ်ာထားခ်က္အရ ပဲမ်ိဳးစုံတန္ခ်ိန္ ၁ ဒသမ ၈၃ သန္း တင္ပို႔မည္ျဖစ္ၿပီး ခန႔္မွန္းပို႔ကုန္ဝင္ေငြ အေမရိကန္ေဒၚလာ ၁ ဒသမ ၄၈ ဘီလီယံခန႔္ရရွိႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
“ျမန္မာႏိုင္ငံအေနနဲ႔ေတာ့ ပဲမ်ိဳးစုံကို အိႏၵိယႏိုင္ငံကို အဓိကတင္ပို႔ေနတာပါ။ ပဲအမ်ိဳးအစားအမ်ားႀကီးထဲကမွ အဓိက ျပည္ပတင္ပို႔တဲ့ ပို႔ကုန္ပဲအမ်ိဳးအစားေတြကေတာ့ မတ္ပဲ နဲ႔ ပဲတီစိမ္းျဖစ္ပါတယ္” လို႔ ျမန္မာႏိုင္ငံ ပဲမ်ိဳးစုံ၊ ေျပာင္းႏွင့္ႏွမ္းကုန္သည္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ပဲမ်ိဳးစုံ ျပည္ပတင္ပို႔ရာတြင္ ေဈးကြက္အသစ္ထက္ လက္ရွိတင္ပို႔ေနသည့္ ေဈးကြက္မ်ားကိုသာ ပိုမိုတင္ပို႔ ႏိုင္ရန္ ႀကိဳးပမ္းေနၿပီး လက္ရွိမွာ အိႏၵိယႏိုင္ငံသို႔ အမ်ားဆုံးတင္ပို႔ေနသည့္အျပင္ တ႐ုတ္ႏိုင္ငံအပါအဝင္ ဥေရာပသမဂၢ အဖြဲ႕ဝင္ႏိုင္ငံမ်ားသို႔လည္း တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။
တင္ပို႔ရာလမ္းေၾကာင္းအေနျဖင့္လည္း ပင္လယ္ေရေၾကာင္းကုန္သြယ္ေရးမွတစ္ဆင့္ အဓိက တင္ပို႔ေနၿပီး မတ္ပဲ၊ ပဲတီစိမ္း၊ ပဲစင္းငုံ၊ ပဲယဥ္း၊ ေထာပတ္ပဲ စသည့္ ပဲအမ်ိဳးအစားေပါင္း ၂၀ ခန႔္ တင္ပို႔လ်က္ရွိေၾကာင္းသိရသည္။
လြန္ခဲ့ေသာ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္အတြင္း ျပည္ပသို႔ ပဲမ်ိဳးစုံ တန္ခ်ိန္ ၂ ဒသမ ၁၄ သန္း တင္ပို႔ႏိုင္ခဲ့ၿပီး ပို႔ကုန္ဝင္ေငြ အေမရိကန္ေဒၚလာ ၁ ဒသမ ၈၂ ဘီလီယံ ရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.