နောင်ချိုတွင် အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရ

290

မြတ် (NP News) - ဇွန် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာတွင် စိစစ်ဆဲ အကြမ်းဖက်အဖွဲ့ က ပစ်ခတ် သော လက်နက်ကြီးဗုံးသီး ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထံက သိရသည်။
ဖြစ်စဉ်မှာ ဇွန် (၁၂) ရက်၊ ညနေပိုင်း (၃) နာရီ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ် ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
စစ်ဆေးချက်အရ အဆိုပါအမျိုးသားမှာ နောင်ချိုမြို့၊ လုံဝယ်ကျေးရွာနေ အသက် (၆၄) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ကျေးရွာအနောက်ဘက် သုံးမိုင်ခန့်အကွာရှိ တောင်ယာတဲ၌ရှိနေစဉ် စိစစ်ဆဲ အကြမ်းဖက်အဖွဲ့ က ပစ်ခတ်လိုက်သည့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ထုတ်သိရှိရကြောင်း သိရသည်။
လက်နက်ကိုင်အကြမ်းဖက်သမားများသည် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများလုပ်ဆောင်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေနာင္ခ်ိဳတြင္ အၾကမ္းဖက္အဖြဲ႕က လက္နက္ႀကီးျဖင့္ ပစ္ခတ္ေသာေၾကာင့္ ျပည္သူတစ္ဦး ဒဏ္ရာရ
ျမတ္ (NP News) - ဇြန္ ၁၄
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ လုံဝယ္ေက်း႐ြာတြင္ စိစစ္ဆဲ အၾကမ္းဖက္အဖြဲ႕ က ပစ္ခတ္ ေသာ လက္နက္ႀကီးဗုံးသီး ေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသားတစ္ဦးထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန ထံက သိရသည္။
ျဖစ္စဥ္မွာ ဇြန္ (၁၂) ရက္၊ ညေနပိုင္း (၃) နာရီ အခ်ိန္ခန႔္က မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ဗုံးသီးေပါက္ကြဲစ ထိမွန္ဒဏ္ရာမ်ားျဖင့္ အမ်ိဳးသားတစ္ဦး ေရာက္ရွိေနေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ေၾကာင္းသိရသည္။
စစ္ေဆးခ်က္အရ အဆိုပါအမ်ိဳးသားမွာ ေနာင္ခ်ိဳၿမိဳ႕၊ လုံဝယ္ေက်း႐ြာေန အသက္ (၆၄) ႏွစ္အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ေက်း႐ြာအေနာက္ဘက္ သုံးမိုင္ခန္႔အကြာရွိ ေတာင္ယာတဲ၌ရွိေနစဥ္ စိစစ္ဆဲ အၾကမ္းဖက္အဖြဲ႕ က ပစ္ခတ္လိုက္သည့္ လက္နက္ႀကီးေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု ေဖာ္ထုတ္သိရွိရေၾကာင္း သိရသည္။
လက္နက္ကိုင္အၾကမ္းဖက္သမားမ်ားသည္ အရပ္သားျပည္သူမ်ားေနထိုင္ရာ ၿမိဳ႕၊ ရပ္ကြက္၊ ေက်း႐ြာမ်ားအတြင္း၌ တိုက္ပြဲမ်ားေဖာ္ေဆာင္ျခင္း၊ လက္နက္ႀကီး၊ ေရွာ့တိုက္ဒုံး၊ Drop Bomb မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားလုပ္ေဆာင္လ်က္ရွိၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာ လုံၿခဳံေရးလုပ္ငန္းမ်ားကို ျပည္သူလူထုႏွင့္ပူးေပါင္းကာ တိုးျမႇင့္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။