ဆမီးတွင်ကလေးမိခင် ချင်းအမျိုးသမီးတစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရ

609

သက်ပိုင်(NP News)-ဇွန် ၁၄
AAအဖွဲ့ထိန်းချုပ်ရာ ဒေသတစ်ခုဖြစ်သော ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ကလေးမိခင် ချင်းအမျိုးသမီးတစ်ဦး အဓမ္မကျင့် သတ်ဖြတ်ခံခဲ့ရသည့်ပြင် ထိုသို့ဖြစ်ပွားမှုကို AA က သတင်းအမှောင်ချရန် ဖိအားပေးခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ ရေးသား ဖော်ပြချက်များအရ သိရသည်။
ဆမီးမြို့၊ အမှတ် (၃) ရပ်ကွက်မှ ကလေးနှစ်ဦး မိခင်ဖြစ်သူ အသက် (၂၇) နှစ်အရွယ် ဒေါ်---- သည် မေလ ၂၃ ရက်တွင် အဒေါ်ဖြစ်သူ အိမ်မှ နေအိမ်သို့ ပြန်ရာ လမ်းတွင် ပျောက်သွားသောကြောင့် ရပ်ကွက်သူ ရပ်ကွက်သားများက လိုက်လံရှာဖွေခဲ့ကြရာ မေလ (၂၆) ရက်နေ့တွင် အမှတ် (၃) ရပ်ကွက်နှင့် ကျီးဝကျေးရွာအကြား ၌ ခြေလက်များကိုကြိုးတုတ်ကာ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ထားသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
"အလောင်းကို တွေ့တဲ့အချိန်မှာ မုဒိမ်းကျင့်ခံရတာတွေ့ရတယ်။ အလောင်းကိုလည်း ခြေ၊ လက် ကြိုးတုတ်ထားတယ်။ ရိုက်နှက်နှိက်စပ်ခံထားရတဲ့ဒဏ်ရာလည်း တွေ့တယ်။" ဟု ဖြစ်စဉ်ကိုသိရှိသူ အမျိုးသမီးက ဒေသတွင်းမီဒီယာသို့ ဖြေကြားထားကြောင်း တွေ့မြင်ရသည်။
ထို့နောက် ဒေါ်-------၏ အလောင်းကို ဆမီးမြို့မှ AA တာဝန်ရှိသူဆိုသူများက စစ်ဆေးပြီး ချက်ချင်း ချက်ချင်းမြေမြှုပ် သဂြိုလ်ခိုင်းခဲ့ကာ ဓာတ်ပုံရိုက်ခွင့်မပေးခဲ့သည့်အပြင် ယခုအကြောင်းအရာနှင့် ပတ်သက်၍ အပြင်သို့ သတင်းမပေါက်ကြားစေရန် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ချင်းမီဒီယာ တစ်ခု ဖြစ်သည့် Zalen သတင်းဌာနတွင် ဖော်ပြထားသည်။
ဒေါ်-----နေထိုင်ရာ ဆမီးမြို့ အမှတ် (၃) ရက်ကွက်တွင် AAအဖွဲ့မှ အင်အား အများအပြားဖြင့် စခန်းချ နေထိုင်လျှက်ရှိနေပြီး အမှတ် (၃) ရပ်ကွက်နှင့် ကျီးဝရွာကို ဒေသခံများအပြင် AA အဖွဲ့ဝင်များလည်း သွားလာမှုများရှိနေကြောင်း ရေးသားထားချက်များအရ သိရသည်။
ယခုအခင်းဖြစ်ပွားရာနေရာတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ၊နိုဝင်ဘာလ ၂၄ ရက်ကလည်း ကလေးမိခင်ချင်းအမျိုးသမီးတစ်ဦးအား ရခိုင်စကားပြောဆိုသော လူတစ်စုက အုပ်စုဖွဲ့မုဒိန်းကျင့်ကာ သေလုမြောပါးရိုက်နှက်ပြီး ချောင်းစပ်တွင် စွန့်ပစ်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
ဆမီးမြို့တွင် ယခင်က ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း AAအဖွဲ့ ထိန်းချုပ်ပြီးနောက်တွင် ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားလာနေခြင်းဖြစ်ကြောင်း အဆိုပါသတင်းမီဒီယာ၏ ဖော်ပြချက်များအရ သိရသည်။

Zawgyi Version:
ဆမီးတြင္ကေလးမိခင္ ခ်င္းအမ်ိဳးသမီးတစ္ဦး အဓမၼက်င့္သတ္ျဖတ္ခံရ
သက္ပိုင္(NP News)-ဇြန္ ၁၄
AAအဖြဲ႕ထိန္းခ်ဳပ္ရာ ေဒသတစ္ခုျဖစ္ေသာ ခ်င္းျပည္နယ္၊ပလက္ဝၿမိဳ႕နယ္၊ ဆမီးၿမိဳ႕တြင္ ကေလးမိခင္ ခ်င္းအမ်ိဳးသမီးတစ္ဦး အဓမၼက်င့္ သတ္ျဖတ္ခံခဲ့ရသည့္ျပင္ ထိုသို႔ျဖစ္ပြားမႈကို AA က သတင္းအေမွာင္ခ်ရန္ ဖိအားေပးခဲ့ေၾကာင္း ေဒသတြင္းသတင္းမီဒီယာမ်ား၏ ေရးသား ေဖာ္ျပခ်က္မ်ားအရ သိရသည္။
ဆမီးၿမိဳ႕၊ အမွတ္ (၃) ရပ္ကြက္မွ ကေလးႏွစ္ဦး မိခင္ျဖစ္သူ အသက္ (၂၇) ႏွစ္အ႐ြယ္ ေဒၚ---- သည္ ေမလ ၂၃ ရက္တြင္ အေဒၚျဖစ္သူ အိမ္မွ ေနအိမ္သို႔ ျပန္ရာ လမ္းတြင္ ေပ်ာက္သြားေသာေၾကာင့္ ရပ္ကြက္သူ ရပ္ကြက္သားမ်ားက လိုက္လံရွာေဖြခဲ့ၾကရာ ေမလ (၂၆) ရက္ေန႔တြင္ အမွတ္ (၃) ရပ္ကြက္ႏွင့္ က်ီးဝေက်း႐ြာအၾကား ၌ ေျခလက္မ်ားကိုႀကိဳးတုတ္ကာ အဓမၼျပဳက်င့္ၿပီး သတ္ျဖတ္ထားသည္ကို ေတြ႕ရျခင္း ျဖစ္ေၾကာင္း သိရသည္။
"အေလာင္းကို ေတြ႕တဲ့အခ်ိန္မွာ မုဒိမ္းက်င့္ခံရတာေတြ႕ရတယ္။ အေလာင္းကိုလည္း ေျခ၊ လက္ ႀကိဳးတုတ္ထားတယ္။ ႐ိုက္ႏွက္ႏွိက္စပ္ခံထားရတဲ့ဒဏ္ရာလည္း ေတြ႕တယ္။" ဟု ျဖစ္စဥ္ကိုသိရွိသူ အမ်ိဳးသမီးက ေဒသတြင္းမီဒီယာသို႔ ေျဖၾကားထားေၾကာင္း ေတြ႕ျမင္ရသည္။
ထို႔ေနာက္ ေဒၚ-------၏ အေလာင္းကို ဆမီးၿမိဳ႕မွ AA တာဝန္ရွိသူဆိုသူမ်ားက စစ္ေဆးၿပီး ခ်က္ခ်င္း ခ်က္ခ်င္းေျမျမႇဳပ္ သၿဂိဳလ္ခိုင္းခဲ့ကာ ဓာတ္ပုံ႐ိုက္ခြင့္မေပးခဲ့သည့္အျပင္ ယခုအေၾကာင္းအရာႏွင့္ ပတ္သက္၍ အျပင္သို႔ သတင္းမေပါက္ၾကားေစရန္ ၿခိမ္းေျခာက္ ေျပာဆိုခဲ့ေၾကာင္း ခ်င္းမီဒီယာ တစ္ခု ျဖစ္သည့္ Zalen သတင္းဌာနတြင္ ေဖာ္ျပထားသည္။
ေဒၚ-----ေနထိုင္ရာ ဆမီးၿမိဳ႕ အမွတ္ (၃) ရက္ကြက္တြင္ AAအဖြဲ႕မွ အင္အား အမ်ားအျပားျဖင့္ စခန္းခ် ေနထိုင္လွ်က္ရွိေနၿပီး အမွတ္ (၃) ရပ္ကြက္ႏွင့္ က်ီးဝ႐ြာကို ေဒသခံမ်ားအျပင္ AA အဖြဲ႕ဝင္မ်ားလည္း သြားလာမႈမ်ားရွိေနေၾကာင္း ေရးသားထားခ်က္မ်ားအရ သိရသည္။
ယခုအခင္းျဖစ္ပြားရာေနရာတြင္ ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္ ၊ႏိုဝင္ဘာလ ၂၄ ရက္ကလည္း ကေလးမိခင္ခ်င္းအမ်ိဳးသမီးတစ္ဦးအား ရခိုင္စကားေျပာဆိုေသာ လူတစ္စုက အုပ္စုဖြဲ႕မုဒိန္းက်င့္ကာ ေသလုေျမာပါး႐ိုက္ႏွက္ၿပီး ေခ်ာင္းစပ္တြင္ စြန႔္ပစ္မႈ ျဖစ္ပြားခဲ့ေသးေၾကာင္း သိရသည္။
ဆမီးၿမိဳ႕တြင္ ယခင္က ယခုကဲ့သို႔ ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့ျခင္းမရွိေသာ္လည္း AAအဖြဲ႕ ထိန္းခ်ဳပ္ၿပီးေနာက္တြင္ ယခုကဲ့သို႔ ျဖစ္စဥ္မ်ား ျဖစ္ပြားလာေနျခင္းျဖစ္ေၾကာင္း အဆိုပါသတင္းမီဒီယာ၏ ေဖာ္ျပခ်က္မ်ားအရ သိရသည္။