လူ(၃၀၀)နီးပါးသေဆုံးခဲ့တဲ့ အိန္ဒိယလေယာဉ်ပျက်ကျရာနေရာကနေ ဘလက်ဘောက်စ်တစ်ခုကို ပြန်လည်ရယူနိုင်ခဲ့

 905

Pika (NP News) - ဇွန် ၁၅

စုံစမ်းစစ်ဆေးသူတွေဟာ အိန္ဒိယနိုင်ငံက လူနေရပ်ကွက်တစ်ခုအတွင်းကိုပျက်ကျခဲ့တဲ့ Air India လေကြောင်းလိုင်း ရဲ့ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျရာနေရာကနေ ဘလက်ဘောက်စ်တစ်ခုကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ(၁၂)ရက်က လန်ဒန်မြို့ကို ပျံသန်းမယ့် ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပျံတက်ပြီးနာက် မိနစ်ပိုင်း အကြာမှာ လူနေရပ်ကွက်တစ်ခုအတွင်းကို ပျက်ကျခဲ့ပြီး အနည်းဆုံးလူ(၂၉၀)ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ လူပေါင်း(၂၄၂)ဦး လိုက်ပါသွားခဲ့တာဖြစ်ပြီး လူတစ်ဦးသာ အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့လည်း သိရပါတယ်။
အသက်ရှင်လွတ်မြောက်ခဲ့တဲ့အမျိုးသားဟာ လေယာဉ်နဲ့အဆောက်အဦးမတိုက်မိခင်မှာ လေယာဉ်ပေါ်ကနေ ခုန်ချခဲ့တာဖြစ်တယ်လို့ သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ အသက်ရှင်လွတ်မြောက်ခဲ့သူ Vishwash Kumar Ramesh က “အစပိုင်းမှာတော့ ကျွန်တော်သေတော့မယ်လို့ ထင်ခဲ့ပေမယ့် မျက်လုံးဖွင့်ကြည့် လိုက်တဲ့အချိန်မှာတော့ ကျွန်တော်အသက်ရှင်နေဆဲဆိုတာကို နားလည်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
Air India လေကြောင်းလိုင်းရဲ့ခရီးသည်တင်လေယာဉ်ဟာ ဂျာရတ်ပြည်နယ် Sardar Vallabhbhai Patel လေဆိပ် ကနေ ပျံတက်ခဲ့ပြီးနောက် မိနစ်ပိုင်းအကြာမှာ ဆေးဘက်ဆိုင်ရာကောလိပ်တစ်ခုရဲ့ကန်တင်းအဆောက်အဦးပေါ် ကို ပျက်ကျခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
လူ(၃၀၀)နီးပါးေသဆုံးခဲ့တဲ့ အိႏၵိယေလယာဥ္ပ်က္က်ရာေနရာကေန ဘလက္ေဘာက္စ္တစ္ခုကို ျပန္လည္ရယူႏိုင္ ခဲ့
Pika (NP News) - ဇြန္ ၁၅

စုံစမ္းစစ္ေဆးသူေတြဟာ အိႏၵိယႏိုင္ငံက လူေနရပ္ကြက္တစ္ခုအတြင္းကိုပ်က္က်ခဲ့တဲ့ Air India ေလေၾကာင္းလိုင္း ရဲ႕ခရီးသည္တင္ေလယာဥ္တစ္စင္းပ်က္က်ရာေနရာကေန ဘလက္ေဘာက္စ္တစ္ခုကို ျပန္လည္ရယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
ဇြန္လ(၁၂)ရက္က လန္ဒန္ၿမိဳ႕ကို ပ်ံသန္းမယ့္ ခရီးသည္တင္ေလယာဥ္တစ္စင္းဟာ ပ်ံတက္ၿပီးနာက္ မိနစ္ပိုင္း အၾကာမွာ လူေနရပ္ကြက္တစ္ခုအတြင္းကို ပ်က္က်ခဲ့ၿပီး အနည္းဆုံးလူ(၂၉၀)ဦးေသဆုံးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီေလယာဥ္ေပၚမွာ လူေပါင္း(၂၄၂)ဦး လိုက္ပါသြားခဲ့တာျဖစ္ၿပီး လူတစ္ဦးသာ အသက္ရွင္ လြတ္ေျမာက္ခဲ့တယ္လို႔လည္း သိရပါတယ္။
အသက္ရွင္လြတ္ေျမာက္ခဲ့တဲ့အမ်ိဳးသားဟာ ေလယာဥ္နဲ႔အေဆာက္အဦးမတိုက္မိခင္မွာ ေလယာဥ္ေပၚကေန ခုန္ခ်ခဲ့တာျဖစ္တယ္လို႔ သတင္းမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ အသက္ရွင္လြတ္ေျမာက္ခဲ့သူ Vishwash Kumar Ramesh က “အစပိုင္းမွာေတာ့ ကြၽန္ေတာ္ေသေတာ့မယ္လို႔ ထင္ခဲ့ေပမယ့္ မ်က္လုံးဖြင့္ၾကည့္ လိုက္တဲ့အခ်ိန္မွာေတာ့ ကြၽန္ေတာ္အသက္ရွင္ေနဆဲဆိုတာကို နားလည္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
Air India ေလေၾကာင္းလိုင္းရဲ႕ခရီးသည္တင္ေလယာဥ္ဟာ ဂ်ာရတ္ျပည္နယ္ Sardar Vallabhbhai Patel ေလဆိပ္ ကေန ပ်ံတက္ခဲ့ၿပီးေနာက္ မိနစ္ပိုင္းအၾကာမွာ ေဆးဘက္ဆိုင္ရာေကာလိပ္တစ္ခုရဲ႕ကန္တင္းအေဆာက္အဦးေပၚ ကို ပ်က္က်ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.