ပုသိမ်ကြီးမြို့နယ်တွင် မေလအတွင်း လေထုအရည်အသွေးသည် ကျန်းမာရေးကိုထိခိုက်စေသော အဆင့်ဖြစ်ခဲ့

178

စော (NP News) - ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် မေလအတွင်း လေထုအရည်အသွေးသည် ကျန်းမာရေးကို ထိခိုက်စေသောအဆင့်ဖြစ်ခဲ့ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့ (ဇွန် ၁၅ ရက်) ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အသိပေးထုတ်ပြန်ထားခြင်း သည်။
အဆိုပါဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Sampling Point နေရာများ တွင် ဝန်းကျင်လေထုအရည်အသွေးကို အဓိက Parameter များဖြင့် ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိ ကြောင်း သိရသည်။
ထို့သို့လေ့လာဆန်စစ်ရာတွင် မေလ ၁၅ ရက်မှ ၃၁ ရက်အထိ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းရှိ ပုသိမ်ကြီး မြို့နယ်တွင် ၂.၅ မိုက်ခရွန်အရွယ်ရှိသော အမှုန်အမွှားများသည် ကျန်းမာရေးကိုထိခိုက်စေသောအဆင့်(အနီရောင်) သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်မြို့ရှိ International Business Center ၊ မန္တလေးတိုင်းရှိ အမရပူရ မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ညောင်ဦးမြို့၊ ကျောက်ဆည်မြို့၊ ပြင်ဦးလွင်မြို့၊ မိတ္ထီလာမြို့၊ စစ်ကိုင်းတိုင်းရှိ မုံရွာမြို့၊ ပဲခူးမြို့၊ ဘားအံမြို့၊ သထုံမြို့၊ ကျိုင်းတုံမြို့ နှင့် တာချီလိတ်မြို့တို့တွင် လက်ခံနိုင်သော လေထု အရည်အသွေးရှိသည့်အဆင့် (အဝါရောင်) အခြေအနေတွင်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ လေထုအရည်အသွေး ညွှန်းကိန်း (AQI) အဆင့်ကို သတ်မှတ်ရာတွင် (ဝ-၅၀) သည် လေထုအရည် အသွေးကောင်းမွန် သောအဆင့်(အစိမ်း ရောင်)၊ (၅၁-၁၀ဝ) သည် လက်ခံနိုင်သော လေထုအရည်အသွေးရှိသည့် အဆင့် (အဝါရောင်)နှင့် (၁၀၁-၁၅၀) သည် ခံနိုင်ရည်နည်းပါးသူများအတွက် ကျန်းမာရေးကိုထိခိုက်စေနိုင်သော အဆင့် (လိမ္မော်ရောင်)တို့ သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် (၁၅၁-၂၀ဝ) သည် ကျန်းမာရေးကို ထိခိုက်စေနိုင်သောအဆင့် (အနီရောင်)၊ (၂၀၁- ၃၀ဝ) ကျန်းမာရေးကို အလွန်ထိခိုက်စေနိုင်သောအဆင့် (ခရမ်းရောင်)နှင့် (၃၁၀-၅၀ဝ) ကျန်းမာရေးအတွက် ဘေးအန္တရာယ်ရှိသော အဆင့် (အနီရင့်ရောင်) ဟူ၍ သတ်မှတ်ထားသည်။
လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအခြအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ် အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေးတိုင်းတာသည့်နေရာအနီးဝန်းကျင် အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှု ရှိနိုင်ပါကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သုံးသပ်ထားသည်။

Zawgyi Version:
ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ေမလအတြင္း ေလထုအရည္အေသြးသည္ က်န္းမာေရးကိုထိခိုက္ေစေသာ အဆင့္ျဖစ္ခဲ့
ေစာ (NP News) - ဇြန္ ၁၅
မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ေမလအတြင္း ေလထုအရည္အေသြးသည္ က်န္းမာေရးကို ထိခိုက္ေစေသာအဆင့္ျဖစ္ခဲ့ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဦးစီးဌာနက ယေန႔ (ဇြန္ ၁၅ ရက္) ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အသိေပးထုတ္ျပန္ထားျခင္း သည္။
အဆိုပါဦးစီးဌာနအေနျဖင့္ ျပည္ေထာင္စုနယ္ေျမ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ Sampling Point ေနရာမ်ား တြင္ ဝန္းက်င္ေလထုအရည္အေသြးကို အဓိက Parameter မ်ားျဖင့္ ပုံမွန္တိုင္းတာၿပီး ေလ့လာဆန္းစစ္လ်က္ရွိ ေၾကာင္း သိရသည္။
ထို႔သို႔ေလ့လာဆန္စစ္ရာတြင္ ေမလ ၁၅ ရက္မွ ၃၁ ရက္အထိ ထုတ္ျပန္ခ်က္အရ မႏၲေလးတိုင္းရွိ ပုသိမ္ႀကီး ၿမိဳ႕နယ္တြင္ ၂.၅ မိုက္ခ႐ြန္အ႐ြယ္ရွိေသာ အမႈန္အမႊားမ်ားသည္ က်န္းမာေရးကိုထိခိုက္ေစေသာအဆင့္(အနီေရာင္) သတ္မွတ္ထားေၾကာင္း သိရသည္။
ထို႔ျပင္ ေနျပည္ေတာ္ရွိ ပုဗၺသီရိၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ရွိ International Business Center ၊ မႏၲေလးတိုင္းရွိ အမရပူရ ၿမိဳ႕နယ္၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေညာင္ဦးၿမိဳ႕၊ ေက်ာက္ဆည္ၿမိဳ႕၊ ျပင္ဦးလြင္ၿမိဳ႕၊ မိတၳီလာၿမိဳ႕၊ စစ္ကိုင္းတိုင္းရွိ မုံ႐ြာၿမိဳ႕၊ ပဲခူးၿမိဳ႕၊ ဘားအံၿမိဳ႕၊ သထုံၿမိဳ႕၊ က်ိဳင္းတုံၿမိဳ႕ ႏွင့္ တာခ်ီလိတ္ၿမိဳ႕တို႔တြင္ လက္ခံႏိုင္ေသာ ေလထု အရည္အေသြးရွိသည့္အဆင့္ (အဝါေရာင္) အေျခအေနတြင္ရွိေၾကာင္း ထုတ္ျပန္ထားသည္။
ထိုသို႔ ေလထုအရည္အေသြး ၫႊန္းကိန္း (AQI) အဆင့္ကို သတ္မွတ္ရာတြင္ (ဝ-၅၀) သည္ ေလထုအရည္ အေသြးေကာင္းမြန္ ေသာအဆင့္(အစိမ္း ေရာင္)၊ (၅၁-၁၀ဝ) သည္ လက္ခံႏိုင္ေသာ ေလထုအရည္အေသြးရွိသည့္ အဆင့္ (အဝါေရာင္)ႏွင့္ (၁၀၁-၁၅၀) သည္ ခံႏိုင္ရည္နည္းပါးသူမ်ားအတြက္ က်န္းမာေရးကိုထိခိုက္ေစႏိုင္ေသာ အဆင့္ (လိေမၼာ္ေရာင္)တို႔ သတ္မွတ္ထားေၾကာင္း သိရသည္။
ထို႔ျပင္ (၁၅၁-၂၀ဝ) သည္ က်န္းမာေရးကို ထိခိုက္ေစႏိုင္ေသာအဆင့္ (အနီေရာင္)၊ (၂၀၁- ၃၀ဝ) က်န္းမာေရးကို အလြန္ထိခိုက္ေစႏိုင္ေသာအဆင့္ (ခရမ္းေရာင္)ႏွင့္ (၃၁၀-၅၀ဝ) က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ရွိေသာ အဆင့္ (အနီရင့္ေရာင္) ဟူ၍ သတ္မွတ္ထားသည္။
ေလထုအပူခ်ိန္၊ ေလတိုက္ႏႈန္း၊ ေလတိုက္ခတ္ရာလမ္းေၾကာင္း၊ စိုထိုင္းမႈ၊ မိုး႐ြာသြန္းမႈအေျခအျခအေန၊ ေမာ္ေတာ္ယာဥ္အသုံးျပဳမႈအေျခအေန၊ ပူျပင္းေျခာက္ေသြ႕မႈေၾကာင့္ ဖုန္မႈန႔္ပ်ံ႕လြင့္မႈ၊ စက္႐ုံမ်ားမွ ထုတ္လႊတ္ အခိုးအေငြ႕မ်ား ထုတ္လႊတ္မႈအေျခအေနႏွင့္ ဝန္းက်င္ေလထုအရည္အေသြးတိုင္းတာသည့္ေနရာအနီးဝန္းက်င္ အေျခအေနတို႔အေပၚမူတည္၍ တိုင္းတာရရွိသည့္ ဝန္းက်င္ေလထုအရည္အေသြးရလဒ္မ်ားသည္ ေျပာင္းလဲမႈ ရွိႏိုင္ပါေၾကာင္း ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနက သုံးသပ္ထားသည္။