ရန်ကုန်ဘူတာကြီးရှေ့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၄)သိန်း ဖမ်းဆီးရမိ

537

သက်ပိုင်(NP News) - ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်ဘူတာကြီးအရှေ့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၄) သိန်း ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် (၁၀)ရက် မွန်းလွဲ (၂) နာရီခွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးရှေ့တွင် သတင်းအရ မောင်အောင်သန်း (ခ) ကျော်သန်း၊ မောင်ကျော်နိုင်နှင့် သန်းလွင်တို့ သုံးဦးသယ်ဆောင်လာသည့် စက္ကူဂျပ်ဖာပုံးအား စစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား (၄) သိန်း ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ရွှေပြည်သာမြို့နယ် (၂၀) ရပ်ကွက် မြောင်းမြ (၆)လမ်းရှိ ကျော်နိုင်၏နေအိမ်ကို ဇွန်လ ၁၀ ရက် ညနေ ၄ နာရီခွဲတွင် ဆက်လက်ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၂ ဒသမ ၅) သိန်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ဇွန်လ (၁၀)ရက်တွင် ရန်ကုန်မြို့မှ စိတ်ကြွရူးသွပ်ဆေးပြား (၆ ဒသမ ၅) သိန်း (ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆၅၀၀)ကို ဖမ်းဆီးရမိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ချက်အရ သိရသည်။ ဖမ်းဆီးရမိထားသူ သုံးဦးကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။
zawgyi version
ရန္ကုန္ဘူတာႀကီးေရွ႕တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄)သိန္း ဖမ္းဆီးရမိ
သက္ပိုင္(NP News) - ဇြန္ ၁၇
ရန္ကုန္တိုင္းေဒသႀကီး ၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ရွိ ရန္ကုန္ဘူတာႀကီးအေရွ႕တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄) သိန္း ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဇြန္ (၁၀)ရက္ မြန္းလြဲ (၂) နာရီခြဲတြင္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ရန္ကုန္ဘူတာႀကီးေရွ႕တြင္ သတင္းအရ ေမာင္ေအာင္သန္း (ခ) ေက်ာ္သန္း၊ ေမာင္ေက်ာ္ႏိုင္ႏွင့္ သန္းလြင္တို႔ သုံးဦးသယ္ေဆာင္လာသည့္ စကၠဴဂ်ပ္ဖာပုံးအား စစ္ေဆးခဲ့ရာ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄) သိန္း ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေနာက္ ကြင္းဆက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ ေ႐ႊျပည္သာၿမိဳ႕နယ္ (၂၀) ရပ္ကြက္ ေျမာင္းျမ (၆)လမ္းရွိ ေက်ာ္ႏိုင္၏ေနအိမ္ကို ဇြန္လ ၁၀ ရက္ ညေန ၄ နာရီခြဲတြင္ ဆက္လက္ဝင္ေရာက္ရွာေဖြခဲ့ရာ အဆိုပါေနအိမ္မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂ ဒသမ ၅) သိန္း ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ ဇြန္လ (၁၀)ရက္တြင္ ရန္ကုန္ၿမိဳ႕မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၆ ဒသမ ၅) သိန္း (ေဒသကာလတန္ဖိုး ေငြက်ပ္သိန္း ၆၅၀၀)ကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစကသတင္းထုတ္ျပန္ခ်က္အရ သိရသည္။ ဖမ္းဆီးရမိထားသူ သုံးဦးကို ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈ က်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း နစကမွသတင္းထုတ္ျပန္ထားသည္။