သံဃာတော် (၂၀ဝ) နီးပါးက ထိုင်း - မြန်မာနယ်စပ်၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲ ကျင်းပမည်

 280

သုတကျော်(NP News)-ဇူလိုင် ၅
ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် သံဃာတော်အပါးရာနှင့်ချီ ပါဝင်ကြွရောက်မည့် ငြိမ်းချမ်း ရေးဆုတောင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း အခမ်းအနားနှင့်ပတ်သက်၍သိရှိသူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါ အခမ်းအနား ကို ဇူလိုင်လ (၆) ရက်၊ နံနက် (၉)နာရီအချိန်တွင် ဓမ္မဟေဝန် ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ လှိုင်းဘွဲ့မြို့နယ်မှ မဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရ၊ ကြာအင်း ဆရာတော် ဘဒ္ဒန္တ သူရိယ၊ ပိုင်ကျုံကျောင်းကြီး ဆရာတော် ဒေါက်တာပညာဒီပ၊ ဘားအံမြို့နယ်မှ ဗုဒ္ဓဂယာ/ကြားတောရ ဆရာတော် ဘဒ္ဒန္တ စန္ဒာဝရ၊ ချမ်းသာအေးဆရာတော် ဘဒ္ဒန္တ စန္ဒာဝရ၊ ကော့ကရိတ်မြို့နယ်မှ ဝဲကင်းအံ ဆရာတော် ဘဒ္ဒန္တ သုန္ဒရ၊ ခနိမ့်ဖော် ကျောင်း ကြီးဆရာတော် ဘဒ္ဒန္တ ပညာဇောတ၊ နဘူးအောင်သိဒ္ဓိဆရာတော် ဘဒ္ဒန္တ ဝိလာသ၊ မြဝတီမြို့နယ်မှ တောင်ကလေး အေးရိပ်သာ ဆရာတော် ဘဒ္ဒန္တ အဂ္ဂဝံသ၊ မိုးကုတ်စက်ဝိုင်းကျောင်းဆရာတော် ဘဒ္ဒန္တသူရိယတို့အပြင် အခြား ဆရာတော် များစွာ လည်း ပါဝင်တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။
‘ကရင်ပြည်နယ်က ဆရာတော် (၁၃) ပါး ကြွမယ်။ နာမည်ကြီးဆရာတော်တွေ အကုန်လုံး နီးပါးကြွမယ်။ ထိုင်းဘက်ကတော့ ထိုင်းနယ်စပ်က ဘုန်းကြီးတွေပဲ။ အနည်းဆုံး အပါး (၂၀)လောက် ရှိမယ် ဘုရားသုံးဆူ ဒီဘက်ထိုင်း ဘက်ခြမ်းက ဘုန်းကြီးတွေ။ ဘုရားသုံးဆူဘက်မှာရှိတဲ့ မွန်နဲ့ကရင် ဘုန်းကြီးတွေကတော့ အပါး (၁၀ဝ)ကျော် ရှိတယ်။ အပါး (၁၀ဝ)ကျော် (၂၀ဝ)နီးပါးလောက်ပါမယ်။ ကရင်လက်နက်ကိုင် အဖွဲ့တွေရဲ့ နာယကဆရာ တော် သုံးပါးပါမယ်’ ဟု ၎င်းကဆိုသည်။ ရည်ရွယ်ချက်မှာ ထိုင်း - မြန်မာ နယ်စပ်နှင့် ကရင် ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆုတောင်းကြမည်ဖြစ်ကြောင်းလည်း သိရသည်။
လက်နက်ကိုင်အဖွဲ့များက စစ်ဆေးမှုများ ရှိနေသည့်အတွက် ဆရာတော်များ ခရီးသွားလာ ရာတွင် အခက်အခဲ အချို့ ကြုံတွေ့ခဲ့ရသော်လည်း အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
သံဃာေတာ္ (၂၀ဝ) နီးပါးက ထိုင္း - ျမန္မာနယ္စပ္၌ ၿငိမ္းခ်မ္းေရး ဆုေတာင္းပြဲ က်င္းပမည္
သုတေက်ာ္(NP News)-ဇူလိုင္ ၅
ထိုင္း-ျမန္မာနယ္စပ္ရွိ ဘုရားသုံးဆူၿမိဳ႕တြင္ သံဃာေတာ္အပါးရာႏွင့္ခ်ီ ပါဝင္ႂကြေရာက္မည့္ ၿငိမ္းခ်မ္း ေရးဆုေတာင္းပြဲ ျပဳလုပ္မည္ျဖစ္ေၾကာင္း အခမ္းအနားႏွင့္ပတ္သက္၍သိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါ အခမ္းအနား ကို ဇူလိုင္လ (၆) ရက္၊ နံနက္ (၉)နာရီအခ်ိန္တြင္ ဓမၼေဟဝန္ ဘုန္းေတာ္ႀကီးေက်ာင္း၌ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါအခမ္းအနားသို႔ လႈိင္းဘြဲ႕ၿမိဳ႕နယ္မွ မဲဆမိတ္ဆရာေတာ္ ဘဒၵႏၲစႏၵရ၊ ၾကာအင္း ဆရာေတာ္ ဘဒၵႏၲ သူရိယ၊ ပိုင္က်ဳံေက်ာင္းႀကီး ဆရာေတာ္ ေဒါက္တာပညာဒီပ၊ ဘားအံၿမိဳ႕နယ္မွ ဗုဒၶဂယာ/ၾကားေတာရ ဆရာေတာ္ ဘဒၵႏၲ စႏၵာဝရ၊ ခ်မ္းသာေအးဆရာေတာ္ ဘဒၵႏၲ စႏၵာဝရ၊ ေကာ့ကရိတ္ၿမိဳ႕နယ္မွ ဝဲကင္းအံ ဆရာေတာ္ ဘဒၵႏၲ သုႏၵရ၊ ခနိမ့္ေဖာ္ ေက်ာင္း ႀကီးဆရာေတာ္ ဘဒၵႏၲ ပညာေဇာတ၊ နဘူးေအာင္သိဒၶိဆရာေတာ္ ဘဒၵႏၲ ဝိလာသ၊ ျမဝတီၿမိဳ႕နယ္မွ ေတာင္ကေလး ေအးရိပ္သာ ဆရာေတာ္ ဘဒၵႏၲ အဂၢဝံသ၊ မိုးကုတ္စက္ဝိုင္းေက်ာင္းဆရာေတာ္ ဘဒၵႏၲသူရိယတို႔အျပင္ အျခား ဆရာေတာ္ မ်ားစြာ လည္း ပါဝင္တက္ေရာက္ၾကမည္ ျဖစ္ေၾကာင္း သိရသည္။
‘ကရင္ျပည္နယ္က ဆရာေတာ္ (၁၃) ပါး ႂကြမယ္။ နာမည္ႀကီးဆရာေတာ္ေတြ အကုန္လုံး နီးပါးႂကြမယ္။ ထိုင္းဘက္ကေတာ့ ထိုင္းနယ္စပ္က ဘုန္းႀကီးေတြပဲ။ အနည္းဆုံး အပါး (၂၀)ေလာက္ ရွိမယ္ ဘုရားသုံးဆူ ဒီဘက္ထိုင္း ဘက္ျခမ္းက ဘုန္းႀကီးေတြ။ ဘုရားသုံးဆူဘက္မွာရွိတဲ့ မြန္နဲ႔ကရင္ ဘုန္းႀကီးေတြကေတာ့ အပါး (၁၀ဝ)ေက်ာ္ ရွိတယ္။ အပါး (၁၀ဝ)ေက်ာ္ (၂၀ဝ)နီးပါးေလာက္ပါမယ္။ ကရင္လက္နက္ကိုင္ အဖြဲ႕ေတြရဲ႕ နာယကဆရာ ေတာ္ သုံးပါးပါမယ္’ ဟု ၎ကဆိုသည္။ ရည္႐ြယ္ခ်က္မွာ ထိုင္း - ျမန္မာ နယ္စပ္ႏွင့္ ကရင္ ျပည္နယ္အတြင္း တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ၿငိမ္းခ်မ္းေရး ဆုေတာင္းၾကမည္ျဖစ္ေၾကာင္းလည္း သိရသည္။
လက္နက္ကိုင္အဖြဲ႕မ်ားက စစ္ေဆးမႈမ်ား ရွိေနသည့္အတြက္ ဆရာေတာ္မ်ား ခရီးသြားလာ ရာတြင္ အခက္အခဲ အခ်ိဳ႕ ႀကဳံေတြ႕ခဲ့ရေသာ္လည္း ေအာင္ျမင္စြာ ျဖတ္ေက်ာ္ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.