မလှိုင်မြို့နယ်တွင် ရာအိမ်မှူးအမျိုးသမီးတစ်ဦးကို အကြမ်းဖက်အဖွဲ့က ပစ်ခတ်သတ်ဖြတ်

695
Pearl (NP News) - ဇူလိုင် ၆
မလှိုင်မြို့နယ်တွင် ရာအိမ်မှူးအမျိုးသမီးတစ်ဦးကို အကြမ်းဖက်အဖွဲ့က ပစ်ခတ်သတ်ဖြတ် ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၄ ရက် ညနေ ၄ နာရီခန့်တွင် မန္တလေးတိုင်း ဒေသကြီး၊ မလှိုင်မြို့နယ်၊ ပြူကန်ကျေးရွာအနီး၌ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မလှိုင်မြို့နယ်၊ မကျည်းပင်ပု ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဒေါ်ဌေးဌေး(၆၀)နှစ်သည် မန္တလေးသို့သွားရောက် ဆေးခန်းပြရန်အတွက် ကားတားစီးရန် ၎င်း၏နေအိမ်မှ ကားလမ်းမသို့ တစ်ဦးတည်းထွက်ခွာခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာလာစဉ် ပြူကန်ကျေးရွာအနီး ကားလမ်းမဘေးအရောက် PDF အဖွဲ့ အင်အား (စိစစ်ဆဲ) က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွား ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိုသို့ လုပ်ကြံသတ်ဖြတ်မှုများကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Zawgyi Version:
မလႈိင္ၿမိဳ႕နယ္တြင္ ရာအိမ္မႉးအမ်ိဳးသမီးတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ပစ္ခတ္သတ္ျဖတ္
Pearl (NP News) - ဇူလိုင္ ၆
မလႈိင္ၿမိဳ႕နယ္တြင္ ရာအိမ္မႉးအမ်ိဳးသမီးတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ပစ္ခတ္သတ္ျဖတ္ ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇူလိုင္ ၄ ရက္ ညေန ၄ နာရီခန္႔တြင္ မႏၲေလးတိုင္း ေဒသႀကီး၊ မလႈိင္ၿမိဳ႕နယ္၊ ျပဴကန္ေက်း႐ြာအနီး၌ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
မလႈိင္ၿမိဳ႕နယ္၊ မက်ည္းပင္ပု ေက်း႐ြာေန ရာအိမ္မႉးျဖစ္သူ ေဒၚေဌးေဌး(၆၀)ႏွစ္သည္ မႏၲေလးသို႔သြားေရာက္ ေဆးခန္းျပရန္အတြက္ ကားတားဆီးရန္ ၎၏ေနအိမ္မွ ကားလမ္းမသို႔ တစ္ဦးတည္းထြက္ခြာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ထြက္ခြာလာစဥ္ ျပဴကန္ေက်း႐ြာအနီး ကားလမ္းမေဘးအေရာက္ PDF အဖြဲ႕ အင္အား (စိစစ္ဆဲ) က ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ ၎တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြား ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ထိုသို႔ လုပ္ႀကံသတ္ျဖတ္မႈမ်ားက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။