မလေးရှားမှာ နွားကန်ခံရလို့ မော်တော်ဆိုင်ကယ် စီးလာတဲ့ လူတစ်ဦးသေဆုံး

455
ရောင်နီ (NP News) - ဇူလိုင် ၉
မလေးရှားနိုင်ငံ ဆီလန်ဂေါမြို့ရှိ လယ်တောတစ်ခုအနီး တံတားပေါ်မှာ ဇူလိုင် ၅ ရက်က ဆိုင်ကယ်စီးလာတဲ့ လူကို နွားတစ်ကောင်က ရုတ်တရက် ကန်လိုက်တာကြောင့်အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး တံတားပေါ် က ပြုတ်ကျကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဆီလန်ဂေါပြည်နယ် အရှေ့မြောက်ဘက် ဟူလုဆီလန်ဂေါရှိ၊ လယ်ကွင်းတစ်ခုအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါ တယ်။ ဒဏ်ရာရသူ အမျိုးသားကို CPR ပြုလုပ်ပေးခဲ့ပြီး ဆေးရုံအမြန်ပို့ဆောင်ခဲ့ပေမယ့် လမ်းမှာတင် ကွယ်လွန်သွားခဲ့ တယ်လို့ ဟူလုဆီလန်ဂေါ ခရိုင်တာဝန်ခံ ရဲအရာရှိ အီဘရာဟင်ဟူဆင်က ဇူလိုင် ၇ ရက် ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ စီစီတီဗွီမှတ်တမ်းအရ နွားတစ်ကောင်ဟာ တံတားပေါ်က မောင်းနှင်နေဆဲ ဆိုင်ကယ်တစ်စီး အနီးသွားရောက်ခဲ့တာ တွေ့ရပါတယ်။
ဒီမတော်တဆမှုကြောင့် သေဆုံးရခြင်းအကြောင်းရင်းကို အမြင့်မှပြုတ်ကျခြင်းကြောင့် ပြင်းထန် ဦးနှောက် ထိခိုက် ဒဏ်ရာရရှိမှုအဖြစ် မှတ်တမ်းတင်ထားပါတယ်။
Zawgyi Version:
မေလးရွားမွာ ႏြားကန္ခံရလို႔ ေမာ္ေတာ္ဆိုင္ကယ္ စီးလာတဲ့ လူတစ္ဦးေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၉
မေလးရွားႏိုင္ငံ ဆီလန္ေဂါၿမိဳ႕ရွိ လယ္ေတာတစ္ခုအနီး တံတားေပၚမွာ ဇူလိုင္ ၅ ရက္က ဆိုင္ကယ္စီးလာတဲ့ လူကို ႏြားတစ္ေကာင္က ႐ုတ္တရက္ ကန္လိုက္တာေၾကာင့္အသက္ ၅၃ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး တံတားေပၚ က ျပဳတ္က်ကာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
ဆီလန္ေဂါျပည္နယ္ အေရွ႕ေျမာက္ဘက္ ဟူလုဆီလန္ေဂါရွိ၊ လယ္ကြင္းတစ္ခုအနီးမွာ ျဖစ္ပြားခဲ့တာျဖစ္ပါ တယ္။ ဒဏ္ရာရသူ အမ်ိဳးသားကို CPR ျပဳလုပ္ေပးခဲ့ၿပီး ေဆး႐ုံအျမန္ပို႔ေဆာင္ခဲ့ေပမယ့္ လမ္းမွာတင္ ကြယ္လြန္သြားခဲ့ တယ္လို႔ ဟူလုဆီလန္ေဂါ ခ႐ိုင္တာဝန္ခံ ရဲအရာရွိ အီဘရာဟင္ဟူဆင္က ဇူလိုင္ ၇ ရက္ ထုတ္ျပန္ခ်က္တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။ စီစီတီဗြီမွတ္တမ္းအရ ႏြားတစ္ေကာင္ဟာ တံတားေပၚက ေမာင္းႏွင္ေနဆဲ ဆိုင္ကယ္တစ္စီး အနီးသြားေရာက္ခဲ့တာ ေတြ႕ရပါတယ္။
ဒီမေတာ္တဆမႈေၾကာင့္ ေသဆုံးရျခင္းအေၾကာင္းရင္းကို အျမင့္မွျပဳတ္က်ျခင္းေၾကာင့္ ျပင္းထန္ ဦးေႏွာက္ ထိခိုက္ ဒဏ္ရာရရွိမႈအျဖစ္ မွတ္တမ္းတင္ထားပါတယ္။