အချိန်မီမထိန်းသိမ်းနိုင်ပါက ဆယ်စုနှစ်အတွင်း ဧရာဝတီလင်းပိုင် အများအပြား ပျောက်ကွယ်သွားနိုင်

456

သက်ပိုင် (NP News) - သြဂုတ် ၁
အချိန်မီ ထိန်းသိမ်းစောင့်ရှောက်မှုများ မလုပ်ဆောင်နိုင်ပါက လာမည့်ဆယ်စုနှစ်တစ်ခုအတွင်း တွင် ဧရာဝတီမြစ်မှ ဧရာဝတီလင်းပိုင်များ မျိုး တုံးပျောက်ကွယ်သွားနိုင်ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေသူများက NP News သို့ပြောသည်။
ဧရာဝတီမြစ်ဖျားပိုင်းနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုများ၊ လျှပ်စစ်ရှော့ တိုက်ငါးဖမ်းဆီးမှုများနှင့် တရားမဝင်ပိုက်များ အသုံးပြုကာငါးဖမ်းဆီးမှုများကြောင့် ယခုကဲ့သို့ ကြုံတွေ့ လာရခြင်းဖြစ်ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ဆောင်နေသူတစ်ဦးက ဆို သည်။
“ရွှေတူးတဲ့အခါ အဲဒီအထဲမှာပါလာတဲ့ အာဆင်းနစ်နဲ့ဓာတုတွေက လင်းပိုင်တွေရဲ့ ဥ ဥ သား ပေါက်တဲ့နေရာတွေမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါ တယ်။ အကောင်အရေအတွက်တွေ တိုးလာဖို့ အတွက် အရမ်းအနှောင့်အယှက်ဖြစ်တာပေါ့နော်။ နောက်ပြီး ရှော့တိုက်ငါးဖမ်းတာကြောင့် မသေတဲ့ ငါး တွေဟာ မြုံသွားပြီး လင်းပိုင်လေးတွေရဲ့အစာတွေ ရှားပါးကုန်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါတွေ ကြောင့် အချိန်မီသာ ထိန်းသိမ်းတာမလုပ်နိုင်ရင် နောက်ငါးနှစ်၊ ဆယ်နှစ်အတွင်း ဧရာဝတီမြစ်က ဧရာဝတီလင်းပိုင်းတွေ မျိုးတုံး ကုန်မှာပေါ့နော်။ ဆယ်နှစ်တောင် ခံနိုင်ပါမလားမသိ ဘူး”ဟု ၎င်းက ပြောသည်။
ထို့ပြင် လက်ရှိတွင် ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်ရန်အတွက် လုံခြုံရေးအရ မသွားလာနိုင် တော့သည့်အတွက် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အစည်းများ၏ ရွှေတူးဖော်မှုများ၊ ရှော့တိုက်ငါးဖမ်း ခြင်းများကိုလည်း အလျင်အမြန် ရပ်တန့်စေရန် လုပ်ဆောင်သင့်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှပ်ရှားသူတစ်ဦးက ဆိုသည်။
“အရင်တုန်းကတော့ နှစ်တိုင်းသွားကြည့်ပြီးတော့ ထိန်းသိမ်းတာတွေလုပ်နိုင်ခဲ့သေးတယ်။ အခု နောက်ပိုင်းကျတော့ ဘယ်လိုမှမသွားနိုင်တော့ သလို ဘာမှလည်းအဆက်သွယ်မရတော့ သူတို့လေး တွေ သေလား ရှင်လားဆိုတာကိုတောင် မသိရတော့ဘူး။ သေချာတာကတော့ တော်တော်ကို စိုးရိမ်စရာ ကောင်းတဲ့အနေအထားမှာရှိနေပါပြီ”ဟု ၎င်းကပြောသည်။
လက်ရှိတွင် လင်းပိုင်များကို ဖမ်းဆီးကာ အဆီထုတ်ယူရောင်းချမှုများလည်း ရှိနေကြောင်းနှင့် ၎င်းတို့ကိုလည်း ထိရောက်စွာကိုင်တွယ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ထိန်းသိမ်းစောင့်ရှောက်ရေး လုပ် ဆောင်နေသူများကဆိုသည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင်အာရှ၏ ထင်ရှားသော ပြယုဂ်တစ်ခု ဖြစ်ပြီး ဧရာဝတီလင်းပိုင်များကို ဧရာဝတီမြစ်ထဲ စတင်တွေ့ရှိခဲ့၍ တစ်ကမ္ဘာလုံးမှာရှိသော ရေချို လင်း ပိုင် အားလုံးကို စတင်တွေ့ရှိသူက “ဧရာဝတီလင်းပိုင်” ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
(၂၀ဝ၂) ခုနှစ်မှစတင်၍ သိပ္ပံပညာရှင်များ သည် ဧရာဝတီလင်းပိုင်များ၏ အခြေအနေကိုလေ့လာ ရန် ဧရာဝတီမြစ်ကို နှစ်စဉ် စစ်တမ်းကောက်ယူကြခဲ့ ကြပြီး (၂၀ဝ၃) ခုနှစ်တွင် (၅၉) ကောင်တွေ့ရှိခဲ့ရာမှ (၂၀၂၀) ပြည့်နှစ်တွင် (၇၉) ကောင်အထိ တိုးပွားလာခဲ့သော်လည်း လက်ရှိတွင် စစ်တမ်းကောက်ယူနိုင် ခြင်း မရှိသေးပေ။
လက်ရှိ ဧရာဝတီလင်းပိုင် အရေအတွက် ကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မှုအပေါ် မျိုး သုဉ်းရန်အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင် ပန်းမန်မျိုးစိတ်များ နိုင်ငံတကာ ကူးသန်း ရောင်းဝယ်ခြင်းဆိုင်ရာ သဘောတူညီချက် (The Convention on International Trade in Endang- ered Species of Wild Fauna and Flora-CITES) အဆင့် -(၁) (Appendix-1) အဖြစ် ကာကွယ်ထား သည့်တိရစ္ဆာန် ဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအဖွဲ့ (Intema- tional Union for the Conser- vation of Nature - IUCN) ၏ အနီရောင် အဆင့်ဝင် စာရင်းစာအုပ် (Red List Book) တွင်း မျိုးသုဉ်းရန် အလွန်နီးစပ်သောအဆင့်(Critically Endan- gered) အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။

Zawgyi Version:
အခ်ိန္မီမထိန္းသိမ္းႏိုင္ပါက ဆယ္စုႏွစ္အတြင္း ဧရာဝတီလင္းပိုင္ အမ်ားအျပား ေပ်ာက္ကြယ္သြားႏိုင္
သက္ပိုင္ (NP News) - ၾသဂုတ္ ၁
အခ်ိန္မီ ထိန္းသိမ္းေစာင့္ေရွာက္မႈမ်ား မလုပ္ေဆာင္ႏိုင္ပါက လာမည့္ဆယ္စုႏွစ္တစ္ခုအတြင္း တြင္ ဧရာဝတီျမစ္မွ ဧရာဝတီလင္းပိုင္မ်ား မ်ိဳး တုံးေပ်ာက္ကြယ္သြားႏိုင္ေၾကာင္း ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေစာင့္ေရွာက္ေရး လုပ္ေဆာင္ေနသူမ်ားက NP News သို႔ေျပာသည္။
ဧရာဝတီျမစ္ဖ်ားပိုင္းႏွင့္ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ ေ႐ႊတူးေဖာ္မႈမ်ား၊ လွ်ပ္စစ္ေရွာ့ တိုက္ငါးဖမ္းဆီးမႈမ်ားႏွင့္ တရားမဝင္ပိုက္မ်ား အသုံးျပဳကာငါးဖမ္းဆီးမႈမ်ားေၾကာင့္ ယခုကဲ့သို႔ ႀကဳံေတြ႕ လာရျခင္းျဖစ္ေၾကာင္း ဧရာဝတီလင္းပိုင္ ထိန္းသိမ္း ေစာင့္ေရွာက္ေရးလုပ္ေဆာင္ေနသူတစ္ဦးက ဆို သည္။
“ေ႐ႊတူးတဲ့အခါ အဲဒီအထဲမွာပါလာတဲ့ အာဆင္းနစ္နဲ႔ဓာတုေတြက လင္းပိုင္ေတြရဲ႕ ဥ ဥ သား ေပါက္တဲ့ေနရာေတြမွာ အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါ တယ္။ အေကာင္အေရအတြက္ေတြ တိုးလာဖို႔ အတြက္ အရမ္းအေႏွာင့္အယွက္ျဖစ္တာေပါ့ေနာ္။ ေနာက္ၿပီး ေရွာ့တိုက္ငါးဖမ္းတာေၾကာင့္ မေသတဲ့ ငါး ေတြဟာ ၿမဳံသြားၿပီး လင္းပိုင္ေလးေတြရဲ႕အစာေတြ ရွားပါးကုန္တာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။ ဒါေတြ ေၾကာင့္ အခ်ိန္မီသာ ထိန္းသိမ္းတာမလုပ္ႏိုင္ရင္ ေနာက္ငါးႏွစ္၊ ဆယ္ႏွစ္အတြင္း ဧရာဝတီျမစ္က ဧရာဝတီလင္းပိုင္းေတြ မ်ိဳးတုံး ကုန္မွာေပါ့ေနာ္။ ဆယ္ႏွစ္ေတာင္ ခံႏိုင္ပါမလားမသိ ဘူး”ဟု ၎က ေျပာသည္။
ထို႔ျပင္ လက္ရွိတြင္ ထိန္းသိမ္းေစာင့္ေရွာက္မႈမ်ားျပဳလုပ္ရန္အတြက္ လုံၿခဳံေရးအရ မသြားလာႏိုင္ ေတာ့သည့္အတြက္ အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕ အစည္းမ်ား၏ ေ႐ႊတူးေဖာ္မႈမ်ား၊ ေရွာ့တိုက္ငါးဖမ္း ျခင္းမ်ားကိုလည္း အလ်င္အျမန္ ရပ္တန႔္ေစရန္ လုပ္ေဆာင္သင့္ေၾကာင္း သဘာဝပတ္ဝန္းက်င္အေရး တက္ႂကြလွပ္ရွားသူတစ္ဦးက ဆိုသည္။
“အရင္တုန္းကေတာ့ ႏွစ္တိုင္းသြားၾကည့္ၿပီးေတာ့ ထိန္းသိမ္းတာေတြလုပ္ႏိုင္ခဲ့ေသးတယ္။ အခု ေနာက္ပိုင္းက်ေတာ့ ဘယ္လိုမွမသြားႏိုင္ေတာ့ သလို ဘာမွလည္းအဆက္သြယ္မရေတာ့ သူတို႔ေလး ေတြ ေသလား ရွင္လားဆိုတာကိုေတာင္ မသိရေတာ့ဘူး။ ေသခ်ာတာကေတာ့ ေတာ္ေတာ္ကို စိုးရိမ္စရာ ေကာင္းတဲ့အေနအထားမွာရွိေနပါၿပီ”ဟု ၎ကေျပာသည္။
လက္ရွိတြင္ လင္းပိုင္မ်ားကို ဖမ္းဆီးကာ အဆီထုတ္ယူေရာင္းခ်မႈမ်ားလည္း ရွိေနေၾကာင္းႏွင့္ ၎တို႔ကိုလည္း ထိေရာက္စြာကိုင္တြယ္ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ထိန္းသိမ္းေစာင့္ေရွာက္ေရး လုပ္ ေဆာင္ေနသူမ်ားကဆိုသည္။ ဧရာဝတီ လင္းပိုင္သည္ အေရွ႕ေတာင္အာရွ၏ ထင္ရွားေသာ ျပယုဂ္တစ္ခု ျဖစ္ၿပီး ဧရာဝတီလင္းပိုင္မ်ားကို ဧရာဝတီျမစ္ထဲ စတင္ေတြ႕ရွိခဲ့၍ တစ္ကမာၻလုံးမွာရွိေသာ ေရခ်ိဳ လင္း ပိုင္ အားလုံးကို စတင္ေတြ႕ရွိသူက “ဧရာဝတီလင္းပိုင္” ဟု ေခၚဆိုခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။
(၂၀ဝ၂) ခုႏွစ္မွစတင္၍ သိပၸံပညာရွင္မ်ား သည္ ဧရာဝတီလင္းပိုင္မ်ား၏ အေျခအေနကိုေလ့လာ ရန္ ဧရာဝတီျမစ္ကို ႏွစ္စဥ္ စစ္တမ္းေကာက္ယူၾကခဲ့ ၾကၿပီး (၂၀ဝ၃) ခုႏွစ္တြင္ (၅၉) ေကာင္ေတြ႕ရွိခဲ့ရာမွ (၂၀၂၀) ျပည့္ႏွစ္တြင္ (၇၉) ေကာင္အထိ တိုးပြားလာခဲ့ေသာ္လည္း လက္ရွိတြင္ စစ္တမ္းေကာက္ယူႏိုင္ ျခင္း မရွိေသးေပ။
လက္ရွိ ဧရာဝတီလင္းပိုင္ အေရအတြက္ ကို ထိန္းသိမ္းေစာင့္ေရွာက္ရန္ လိုအပ္မႈအေပၚ မ်ိဳး သုဥ္းရန္အႏၲရာယ္ရွိေသာ ေတာ႐ိုင္းတိရစာၦန္ႏွင့္ သစ္ပင္ ပန္းမန္မ်ိဳးစိတ္မ်ား ႏိုင္ငံတကာ ကူးသန္း ေရာင္းဝယ္ျခင္းဆိုင္ရာ သေဘာတူညီခ်က္ (The Convention on International Trade in Endang- ered Species of Wild Fauna and Flora-CITES) အဆင့္ -(၁) (Appendix-1) အျဖစ္ ကာကြယ္ထား သည့္တိရစာၦန္ ျဖစ္သည့္အျပင္ အျပည္ျပည္ဆိုင္ရာ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ထိန္းသိမ္းေရးအဖြဲ႕ (Intema- tional Union for the Conser- vation of Nature - IUCN) ၏ အနီေရာင္ အဆင့္ဝင္ စာရင္းစာအုပ္ (Red List Book) တြင္း မ်ိဳးသုဥ္းရန္ အလြန္နီးစပ္ေသာအဆင့္(Critically Endan- gered) အျဖစ္ သတ္မွတ္ထားေၾကာင္းသိရသည္။