ချက်သမ္မတနိုင်ငံ၊ ဗရာနိုဗ်ရေလှောင်ကန်မှာ အရှည် ၂.၆၈ မီတာရှိ ငါးခူကြီး ဖမ်းမိ

 1749

ရောင်နီ (NP News) - သြဂုတ် ၁၅
ချက်သမ္မတနိုင်ငံ၊ ဗရာနိုဗ်ရေလှောင်ကန်မှာ အမျိုးသားတစ်ဦးဟာ ၂.၆၈ မီတာ အရှည်ရှိ ငါးခူကြီး တစ်ကောင် ဖမ်းမိခဲ့ပါတယ်။
National Geographic Channel၊ Fish Warrior ရဲ့ ဦးစီးအရာရှိ၊ အသက် ၄၃ နှစ်အရွယ် မစ္စတာ ဂျာကတ်ဗာနာဟာ ချက်နိုင်ငံမြို့တော် ပရာဂူးရဲ့ တောင်ဘက် ကီလိုမီတာ ၂၀၀ အကွာရှိ ဗရာနိုဗ်ရေလှောင်ကန်မှာ လှေနဲ့လှည့်လည်နေစဉ် သြဂုတ်လ ၂ ရက်က ဧရာမငါးခူကြီးတစ်ကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
မစ္စတာ ဂျာကတ်ဗာနာက ငါးဖမ်း လှံတံနဲ့ ပစ် ဖမ်းဖို့လုပ်ခဲ့ပေမယ့် ငါးကအလွန်ကြီးတာကြောင့် မိနစ် ၅ဝ လောက် ရုန်ရန်းဆန်ခတ်ဖြစ်ကာ နောက်ဆုံးမှာတော့ ငါးကြီးဟာ လှေနံဘေးမှာ ငြိမ်သက်သွားခဲ့ပါတယ်။ အဲဒီနောက် ဂျာကတ်ဗာနာက သူငယ်ချင်းတစ်ယောက်ရဲ့အကူအညီနဲ့ ဧရာမငါးကြီးကို ဓာတ်ပုံအနည်းငယ်ရိုက်ကာ ရေထဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ "ဒီထက်မက ကြီးထွားဖို့ အလားအလာရှိတဲ့ လှပပြီး အပြစ်ကင်းစင်တဲ့ ငါးတစ်ကောင်ပါ” လို့ သူ့ရဲ့ Instagram အကောင့်မှာ ရေးသားခဲ့ပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလကလည်း မစ္စတာဗာနာဟာ အဲဒီရေလှောင်ကန်မှာပဲ အရှည် ၂.၆၄ မီတာရှိ ငါးခူငါးကြီး တစ်ကောင်ကို ဖမ်းမိခဲ့ပါသေးတယ်။

Zawgyi Version:
ခ်က္သမၼတႏိုင္ငံ၊ ဗရာႏိုဗ္ေရေလွာင္ကန္မွာ အရွည္ ၂.၆၈ မီတာရွိ ငါးခူႀကီး ဖမ္းမိ
ေရာင္နီ (NP News) - ၾသဂုတ္ ၁၅
ခ်က္သမၼတႏိုင္ငံ၊ ဗရာႏိုဗ္ေရေလွာင္ကန္မွာ အမ်ိဳးသားတစ္ဦးဟာ ၂.၆၈ မီတာ အရွည္ရွိ ငါးခူႀကီး တစ္ေကာင္ ဖမ္းမိခဲ့ပါတယ္။
National Geographic Channel၊ Fish Warrior ရဲ႕ ဦးစီးအရာရွိ၊ အသက္ ၄၃ ႏွစ္အ႐ြယ္ မစၥတာ ဂ်ာကတ္ဗာနာဟာ ခ်က္ႏိုင္ငံၿမိဳ႕ေတာ္ ပရာဂူးရဲ႕ ေတာင္ဘက္ ကီလိုမီတာ ၂၀၀ အကြာရွိ ဗရာႏိုဗ္ေရေလွာင္ကန္မွာ ေလွနဲ႔လွည့္လည္ေနစဥ္ ၾသဂုတ္လ ၂ ရက္က ဧရာမငါးခူႀကီးတစ္ေကာင္နဲ႔ ထိပ္တိုက္ေတြ႕ခဲ့ပါတယ္။
မစၥတာ ဂ်ာကတ္ဗာနာက ငါးဖမ္း လွံတံနဲ႔ ပစ္ ဖမ္းဖို႔လုပ္ခဲ့ေပမယ့္ ငါးကအလြန္ႀကီးတာေၾကာင့္ မိနစ္ ၅ဝ ေလာက္ ႐ုန္ရန္းဆန္ခတ္ျဖစ္ကာ ေနာက္ဆုံးမွာေတာ့ ငါးႀကီးဟာ ေလွနံေဘးမွာ ၿငိမ္သက္သြားခဲ့ပါတယ္။ အဲဒီေနာက္ ဂ်ာကတ္ဗာနာက သူငယ္ခ်င္းတစ္ေယာက္ရဲ႕အကူအညီနဲ႔ ဧရာမငါးႀကီးကို ဓာတ္ပုံအနည္းငယ္႐ိုက္ကာ ေရထဲ ျပန္လႊတ္ေပးခဲ့တယ္လို႔ ဆိုပါတယ္။ "ဒီထက္မက ႀကီးထြားဖို႔ အလားအလာရွိတဲ့ လွပၿပီး အျပစ္ကင္းစင္တဲ့ ငါးတစ္ေကာင္ပါ” လို႔ သူ႔ရဲ႕ Instagram အေကာင့္မွာ ေရးသားခဲ့ပါတယ္။
၂၀၂၄ ခုႏွစ္ ေအာက္တိုဘာလကလည္း မစၥတာဗာနာဟာ အဲဒီေရေလွာင္ကန္မွာပဲ အရွည္ ၂.၆၄ မီတာရွိ ငါးခူငါးႀကီး တစ္ေကာင္ကို ဖမ္းမိခဲ့ပါေသးတယ္။

Related news

© 2021. All rights reserved.