တိုင်းနှင့် ပြည်နယ်(၄)ခုတို့မှ (၂)ရက်အတွင်း တရားမဝင်ကုန်ပစ္စည်းများ ကျပ်သိန်း (၃)သောင်းကျော်ဖိုး ဖမ်းဆီးရမိ

 426

ချယ်ရီ (NP News) - ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ပြီးခဲ့သည့် ဇူလိုင်လ (၆၊၇) ရက်အတွင်း ကျပ်သိန်း(၃) သောင်းကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြီးခဲ့သည့် ဇူလိုင်လ (၆) ရက်က တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့တွင် တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ရွှေဟင်္သာရပ်ကွက်၊ ရွာမလမ်းအမှတ် (4A, 45-1) ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ ငွေကျပ် သိန်း (၄၉,၉၈၀,၀၀၀) တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းတစ်မျိုးနှင့် အေးရိပ်ငြိမ်ရပ်ကွက်၊ ရေခဲစက်လမ်းရှိ ကမ်းနားဂိုဒေါင်တစ်လုံးအတွင်းမှ ငွေကျပ် သိန်း(၅၆,၁၀၀,၀၀၀) တန်ဖိုးရှိ လူသုံးကုန်ပစ္စည်း တစ်မျိုးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၇) ရက်က မြိတ်မြို့ရှိ နောက်လယ်ရပ်ကွက်၊ အမှတ်(၁၂၄)ရှိ “တော်ဝင်ဆောင်း” စက်ပစ္စည်းနှင့် ကုန်မာဆိုင်အတွင်းမှ ငွေကျပ် သိန်း (၂၇,၇၅၀,၀၀၀) တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်း နှစ်မျိုးနှင့် ဆိပ်ငယ်ရပ်ကွက်၊ လှိုင်းသစ်သမလမ်းရှိ “ထူး” ကုန်မာဆိုင်မှ ငွေကျပ် သိန်း (၁၉,၇၅၀,၀၀၀) လုပ်ငန်းသုံးပစ္စည်းလေးမျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း(၁၅၃,၅၈၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဇူလိုင်လ (၇) ရက်၌ပင် သာကေတဆိပ်ကမ်းတွင် ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ ငွေကျပ် သိန်း (၆၈,၇၁၃,၇၅၀)တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး၊ လူသုံးကုန်ပစ္စည်း တစ်မျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ငွေကျပ် သိန်း(၂,၅၀၀,၀၀၀,၀၀၀)တန်ဖိုးရှိ MV. Shwe Yoon San ရေယာဉ်တစ်စင်းကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ (ကုန်လှောင်ရုံ)၌ ငွေကျပ် သိန်း (၂,၂၈၆,၉၀၀) တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းတစ်မျိုးကိုလည်းကောင်း တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်ပစ္စည်း စုစုပေါင်းတန်ဖိုး ငွေကျပ် (၂,၅၇၁,၀၀၀,၆၅၀) ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ ရတနာပုံတံတား၊ (မန္တလေး) စစ်ဆေးရေးဂိတ်၌ မိုးကုတ်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ် သိန်း (၁,၅၀၀,၅၀၀) တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်း (၁၆) မျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ငွေကျပ် သိန်း (၁၇,၀၀၀,၀၀၀) Toyota Hilux တစ်စီးကို လည်းကောင်း၊ အမရပူရမြို့နယ်၊ နတ်ရေကန်ရွာ၊ တပ်မတော်လုံခြုံရေးဂိတ်၌ မိတ္ထီလာမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ် သိန်း (၃၄,၉၃၆,၅၀၀) တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်း (၁၀) မျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် ငွေကျပ် သိန်း(၃၅,၀၀၀,၀၀၀) တန်ဖိုးရှိ Hino Profia Truck တစ်စီး စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း (၁၀၁,၉၃၉,၀၀၀) ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၀) မိုင် (၂ )ဖာလုံ၌ မော်တော်ယာဉ်နှစ်စီး ပေါ်မှ ငွေကျပ် သိန်း (၇,၉၂၀,၀၀၀) တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းတစ်မျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ငွေကျပ် သိန်း (၂၄၀,၀၀၀,၀၀၀) တန်ဖိုးရှိ Asia Star Bus တစ်စီး၊ Yutong Bus တစ်စီး၊ စုစုပေါင်းတန်ဖိုး ငွေကျပ် (၂၄၇,၉၂၀,၀၀၀) ကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် ၇ ရက်တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့ ၊ ဆင်ဖြူဂိတ်၌ ငွေကျပ် သိန်း(၈,၅၀၀,၀၀၀) တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းတစ်မျိုးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဇူလိုင်လ (၆၊၇) ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ (၂၁) မှုမှ ငွေကျပ် သိန်း (၃,၀၈၂,၉၃၉,၆၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး ထပ်မံ၍ တရားမဝင်ကုန်သွယ်မှုများကို ယခုထက်ပိုမို တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

Zawgyi Version:
တိုင္းႏွင့္ ျပည္နယ္(၄)ခုတို႔မွ (၂)ရက္အတြင္း တရားမဝင္ကုန္ပစၥည္းမ်ား က်ပ္သိန္း (၃)ေသာင္းေက်ာ္ဖိုး ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News) - ဇူလိုင္ ၉
ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္တို႔မွ ၿပီးခဲ့သည့္ ဇူလိုင္လ (၆၊၇) ရက္အတြင္း က်ပ္သိန္း(၃) ေသာင္းေက်ာ္တန္ဖိုးရွိ တရားမဝင္ကုန္ပစၥည္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီ၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ ၿပီးခဲ့သည့္ ဇူလိုင္လ (၆) ရက္က တနသၤာရီတိုင္းေဒသႀကီး ၊ ေကာ့ေသာင္းၿမိဳ႕တြင္ တရားဝင္စာ႐ြက္စာတမ္းအေထာက္အထား တင္ျပႏိုင္ျခင္းမရွိသည့္ ေ႐ႊဟသၤာရပ္ကြက္၊ ႐ြာမလမ္းအမွတ္ (4A, 45-1) ရွိ ဂိုေဒါင္တစ္လုံးအတြင္းမွ ေငြက်ပ္ သိန္း (၄၉,၉၈၀,၀၀၀) တန္ဖိုးရွိ လုပ္ငန္းသုံးပစၥည္းတစ္မ်ိဳးႏွင့္ ေအးရိပ္ၿငိမ္ရပ္ကြက္၊ ေရခဲစက္လမ္းရွိ ကမ္းနားဂိုေဒါင္တစ္လုံးအတြင္းမွ ေငြက်ပ္ သိန္း(၅၆,၁၀၀,၀၀၀) တန္ဖိုးရွိ လူသုံးကုန္ပစၥည္း တစ္မ်ိဳးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ (၇) ရက္က ၿမိတ္ၿမိဳ႕ရွိ ေနာက္လယ္ရပ္ကြက္၊ အမွတ္(၁၂၄)ရွိ “ေတာ္ဝင္ေဆာင္း” စက္ပစၥည္းႏွင့္ ကုန္မာဆိုင္အတြင္းမွ ေငြက်ပ္ သိန္း (၂၇,၇၅၀,၀၀၀) တန္ဖိုးရွိ လုပ္ငန္းသုံးပစၥည္း ႏွစ္မ်ိဳးႏွင့္ ဆိပ္ငယ္ရပ္ကြက္၊ လႈိင္းသစ္သမလမ္းရွိ “ထူး” ကုန္မာဆိုင္မွ ေငြက်ပ္ သိန္း (၁၉,၇၅၀,၀၀၀) လုပ္ငန္းသုံးပစၥည္းေလးမ်ိဳး၊ လူသုံးကုန္ပစၥည္းႏွစ္မ်ိဳး စုစုေပါင္းတန္ဖိုး ေငြက်ပ္ သိန္း(၁၅၃,၅၈၀,၀၀၀) ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဇူလိုင္လ (၇) ရက္၌ပင္ သာေကတဆိပ္ကမ္းတြင္ ေကာ့ေသာင္းၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ဆိုက္ကပ္လာသည့္ ေရယာဥ္တစ္စင္းေပၚမွ ေငြက်ပ္ သိန္း (၆၈,၇၁၃,၇၅၀)တန္ဖိုးရွိ လုပ္ငန္းသုံးပစၥည္းႏွစ္မ်ိဳး၊ လူသုံးကုန္ပစၥည္း တစ္မ်ိဳးႏွင့္ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာသည့္ ေငြက်ပ္ သိန္း(၂,၅၀၀,၀၀၀,၀၀၀)တန္ဖိုးရွိ MV. Shwe Yoon San ေရယာဥ္တစ္စင္းကိုလည္းေကာင္း၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ရွိ (ကုန္ေလွာင္႐ုံ)၌ ေငြက်ပ္ သိန္း (၂,၂၈၆,၉၀၀) တန္ဖိုးရွိ လုပ္ငန္းသုံးပစၥည္းတစ္မ်ိဳးကိုလည္းေကာင္း တရားဝင္စာ႐ြက္စာတမ္း အေထာက္အထား တင္ျပႏိုင္ျခင္းမရွိသည့္ပစၥည္း စုစုေပါင္းတန္ဖိုး ေငြက်ပ္ (၂,၅၇၁,၀၀၀,၆၅၀) ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔အတူ မႏၲေလးတိုင္းေဒသႀကီး၊ ရတနာပုံတံတား၊ (မႏၲေလး) စစ္ေဆးေရးဂိတ္၌ မိုးကုတ္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးေပၚမွ ေငြက်ပ္ သိန္း (၁,၅၀၀,၅၀၀) တန္ဖိုးရွိ လုပ္ငန္းသုံးပစၥည္း (၁၆) မ်ိဳးႏွင့္ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာသည့္ ေငြက်ပ္ သိန္း (၁၇,၀၀၀,၀၀၀) Toyota Hilux တစ္စီးကို လည္းေကာင္း၊ အမရပူရၿမိဳ႕နယ္၊ နတ္ေရကန္႐ြာ၊ တပ္မေတာ္လုံၿခဳံေရးဂိတ္၌ မိတၳီလာၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးေပၚမွ ေငြက်ပ္ သိန္း (၃၄,၉၃၆,၅၀၀) တန္ဖိုးရွိ လုပ္ငန္းသုံးပစၥည္း (၁၀) မ်ိဳးႏွင့္ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာ သည့္ ေငြက်ပ္ သိန္း(၃၅,၀၀၀,၀၀၀) တန္ဖိုးရွိ Hino Profia Truck တစ္စီး စုစုေပါင္းတန္ဖိုး ေငြက်ပ္ သိန္း (၁၀၁,၉၃၉,၀၀၀) ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အလားတူ ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ (၀) မိုင္ (၂ )ဖာလုံ၌ ေမာ္ေတာ္ယာဥ္ႏွစ္စီး ေပၚမွ ေငြက်ပ္ သိန္း (၇,၉၂၀,၀၀၀) တန္ဖိုးရွိ စားေသာက္ကုန္ပစၥည္းတစ္မ်ိဳးႏွင့္ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာသည့္ ေငြက်ပ္ သိန္း (၂၄၀,၀၀၀,၀၀၀) တန္ဖိုးရွိ Asia Star Bus တစ္စီး၊ Yutong Bus တစ္စီး၊ စုစုေပါင္းတန္ဖိုး ေငြက်ပ္ (၂၄၇,၉၂၀,၀၀၀) ကို ထပ္မံ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဇူလိုင္ ၇ ရက္တြင္ ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕ ၊ ဆင္ျဖဴဂိတ္၌ ေငြက်ပ္ သိန္း(၈,၅၀၀,၀၀၀) တန္ဖိုးရွိ လူသုံးကုန္ပစၥည္းတစ္မ်ိဳးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဇူလိုင္လ (၆၊၇) ရက္တို႔တြင္ ဖမ္းဆီးရမိမႈ စုစုေပါင္းအမႈတြဲ (၂၁) မႈမွ ေငြက်ပ္ သိန္း (၃,၀၈၂,၉၃၉,၆၅၀)ကို ဖမ္းဆီးရမိခဲ့ၿပီး ထပ္မံ၍ တရားမဝင္ကုန္သြယ္မႈမ်ားကို ယခုထက္ပိုမို တားဆီးစစ္ေဆးၾကပ္မတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီမွ သိရသည္။

Related news

© 2021. All rights reserved.