အီတလီနိုင်ငံ လေဆိပ်မှာ လေယာဉ်အင်ဂျင်မှ စုပ်ယူခံရမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

1122

ရောင်နီ (NP News) - ဇူလိုင် ၁ဝ
အီတလီနိုင်ငံမြောက်ပိုင်း ဘာဂါမိုလေဆိပ်မှာ ဇူလိုင် ၈ ရက်က ပျံသန်းဖို့ ပြင်ဆင်နေတဲ့ စပိန်လေကြောင်းလိုင်း Volotea ရဲ့လေယာဉ်တစ်စီးအနီးကို လူတစ်ဦး ရုတ်တရက်ရောက်ရှိလာခဲ့ပြီး လေယာဉ်အင်ဂျင်ထဲ စုပ်ယူခံရကာ သေဆုံးသွားခဲ့တယ်လို့ လေဆိပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။
သေဆုံးသူ အမျိုးသားဟာ ခရီးသည်လည်း မဟုတ်၊ လေဆိပ်ဝန်ထမ်းလည်း မဟုတ်ဘဲ လေဆိပ်လုံခြုံရေးက ဖမ်းဆီးလို့ ထွက်ပြေးရင်း ရောက်ရှိလာတာဖြစ်တယ်လို့ လေဆိပ်စီမံခန့်ခွဲရေးကုမ္ပဏီ SACBO ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။
အီတလီနိုင်ငံထုတ် Corriere della Sera နေ့စဉ်သတင်းဖော်ပြချက်အရ အဆိုပါအမျိုးသားဟာ အသက် ၃၅ နှစ်ရှိ အီတလီလူမျိုးဖြစ်ပြီး ထွက်ခွာဖို့ပြင်ဆင်နေတဲ့လေယာဉ်ပြေးလမ်းပေါ် အရေးပေါ်ထွက်ပေါက်ကနေ ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စပိန်လေကြောင်းလိုင်း Volotea ကတော့ လေယာဉ်ဟာ စပိန်နိုင်ငံ ဘာဂါမိုလေဆိပ်မှ အက်စတာရီအက်ကို ထွက်ခွာခါနီး နံနက် ၁ဝ နာရီ ၃၅ မိနစ် အချိန်မှာ မတော်တဆ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ လေယာဉ်နဲ့ မသက်ဆိုင်တဲ့ လူတစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း၊ ခရီးသည် ၁၅၄ ဦးနဲ့ အမှုထမ်း ခြောက်ဦးစလုံး ဘေးကင်းကြောင်း X မှာ ရေးသားခဲ့ပါတယ်။

Zawgyi Version:
အီတလီႏိုင္ငံ ေလဆိပ္မွာ ေလယာဥ္အင္ဂ်င္မွ စုပ္ယူခံရမႈေၾကာင့္ အမ်ိဳးသားတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၁ဝ
အီတလီႏိုင္ငံေျမာက္ပိုင္း ဘာဂါမိုေလဆိပ္မွာ ဇူလိုင္ ၈ ရက္က ပ်ံသန္းဖို႔ ျပင္ဆင္ေနတဲ့ စပိန္ေလေၾကာင္းလိုင္း Volotea ရဲ႕ေလယာဥ္တစ္စီးအနီးကို လူတစ္ဦး ႐ုတ္တရက္ေရာက္ရွိလာခဲ့ၿပီး ေလယာဥ္အင္ဂ်င္ထဲ စုပ္ယူခံရကာ ေသဆုံးသြားခဲ့တယ္လို႔ ေလဆိပ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေအအက္ဖ္ပီကို ေျပာပါတယ္။
ေသဆုံးသူ အမ်ိဳးသားဟာ ခရီးသည္လည္း မဟုတ္၊ ေလဆိပ္ဝန္ထမ္းလည္း မဟုတ္ဘဲ ေလဆိပ္လုံၿခဳံေရးက ဖမ္းဆီးလို႔ ထြက္ေျပးရင္း ေရာက္ရွိလာတာျဖစ္တယ္လို႔ ေလဆိပ္စီမံခန႔္ခြဲေရးကုမၸဏီ SACBO ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားပါတယ္။
အီတလီႏိုင္ငံထုတ္ Corriere della Sera ေန႔စဥ္သတင္းေဖာ္ျပခ်က္အရ အဆိုပါအမ်ိဳးသားဟာ အသက္ ၃၅ ႏွစ္ရွိ အီတလီလူမ်ိဳးျဖစ္ၿပီး ထြက္ခြာဖို႔ျပင္ဆင္ေနတဲ့ေလယာဥ္ေျပးလမ္းေပၚ အေရးေပၚထြက္ေပါက္ကေန ဝင္ေရာက္လာခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
စပိန္ေလေၾကာင္းလိုင္း Volotea ကေတာ့ ေလယာဥ္ဟာ စပိန္ႏိုင္ငံ ဘာဂါမိုေလဆိပ္မွ အက္စတာရီအက္ကို ထြက္ခြာခါနီး နံနက္ ၁ဝ နာရီ ၃၅ မိနစ္ အခ်ိန္မွာ မေတာ္တဆ ျဖစ္ရပ္တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း၊ ေလယာဥ္နဲ႔ မသက္ဆိုင္တဲ့ လူတစ္ဦး ဒဏ္ရာအျပင္းအထန္ရခဲ့ေၾကာင္း၊ ခရီးသည္ ၁၅၄ ဦးနဲ႔ အမႈထမ္း ေျခာက္ဦးစလုံး ေဘးကင္းေၾကာင္း X မွာ ေရးသားခဲ့ပါတယ္။