တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးစျေးကွက် သုံးသပ်ချက်

 174

ပြည့်ဖြိုး(NP News)
မြန်မာနိုင်ငံတွင်ရှိသော ဗုဒ္ဓဘာသာဝင်များ၏ ဘာသာရေးအရ ဝါတွင်းကာလသို့ ရောက်ရှိလာပြီ ဖြစ်ရာ ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး ကုန်ဈေးနှုန်းများ အတန်အသင့်မြင့်တက်နေမည် ဖြစ်သည်။ မြန်မာပြည်၏သွင်းကုန်ပို့ကုန်လုပ်ငန်းများသည်လည်း အကန့်အသတ်ဖြင့်ဆောင်ရွကနေရ ခြင်းကြောင့် စီးပွား‌ရေး နှေးကွေးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း နိုင်ငံခြား ငွေလဲနှုန်း နှင့် ကမ္ဘာ့ရွှေဈေးများ တည်ငြိမ်နေမှုကြောင့် ပြည်တွင်း စက်သုံးဆီဈေးများ အတန်အသင့် ပြန် လည် ဈေးကျဆင်းလာကြောင်း သိရသည်။
စက်သုံးဆီဈေး အတန်အသင့် ဆက်လက်ကျဆင်းပါက အထွေထွေကုန်ဈေးနှုန်းများ လိုက်ပါကျ ဆင်း နိုင်ဖွယ်ရှိနေသည်။ လက်ရှိအချိန်တွင် စားအုန်း ဆီဈေးများ ခြောက်လအတွင်း (၁၂၀ဝ)ကျပ်အထိ ကျဆင်းလာသော်လည်း ပြည်တွင်းဈေးကွက်အတွင်း၌ နှစ်ဆခန့် ဈေးများနေဆဲဖြစ်သည်။
စားအုန်းဆီ ပြင်ပဈေးကွက်တွင် တစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင်ခန့် ဈေးများမြင့်တက် နေပြီး အရေးယူဆောင်ရွက်ခြင်းများမရှိကြောင်း သိရ သည်။ စားအုန်းဆီဈေးကွက်သည် နိုင်ငံတော်မှ နိုင်ငံခြားငွေများရောင်းချပေးပြီး ပြည်တွင်းသို့ တင်သွင်းနေခြင်းဖြစ်သော်လည်း ဈေးကွက်လိုအပ်ချက် ပြည့်မီရန် အလှမ်းကွာဝေးနေကြောင်းသိရသည်။
အခြေခံပြည်သူများမှာ ပြင်ပစားအုန်းဆီဈေး တစ်ပိဿာ တစ်သောင်းနှစ်ထောင်ဝန်းကျင်ဖြင့် ဆက်လက်ဝယ်ယူသုံးစွဲနေရဦးမည်ဖြစ်သည်။ ဝါ တွင်းကာလ အိမ်ခြံမြေဈေးကွက်များ အရောင်းအဝယ် အေးနိုင်သော်လည်း ဈေးနှုန်းကျဆင်းနိုင်ခြေမရှိ ကြောင်း အကျိုးဆောင်များထံမှသိရသည်။ ဝါမဝင်ခင် ကာလအတွင်း အိမ်ခြံမြေအရောင်းအဝယ်များ ကောင်းမွန်ခဲ့သည့်အပြင် အိမ်အငှားဈေးကွက်မှာလည်း ယခင်နှစ်ကထက် ပိုမိုကောင်းမွန်ကြောင်း သိရသည်။ ရန်ကုန်အပါအဝင် မြို့ကြီးများသည် လက်နက် ကိုင် ပဋိပက္ခများကို ရှောင်ရှားနိုင်ခြင်းကြောင့် အိမ်ခြံမြေ ငှားရမ်းမှုများ ဆက်လက်မြင့်တက်နေမည် ဖြစ် သည်။
ရွှေဈေး၊ ငွေလဲနှုန်းနှင့်စက်သုံးဆီဈေးများ
ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးသတ် မှတ်ချက်အပေါ်မူတည်ကာ ယခုတစ်ပတ်အတွင်း အတက်အကျ အနည်းငယ်သာဖြစ်ပေါ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဇူလိုင်လ(၁)ရက်တွင် ရွှေတစ်အောင်စလျှင် ဒေါ်လာ (၃၃၃၀)ဝန်းကျင်မှ အမြင့်ဆုံး(၃၃၃၆)ဒေါ်လာအထိ သာ တစ်ပတ်အတွင်းမြင့်တက်ခဲ့သည်။ လတ်တလော တွင်လည်း ကမ္ဘာ့ရွှေဈေးများ အကျဘက်သို့ဦး တည်နေပြီး ဇူလိုင်လ(၈)ရက်ပေါက်ဈေးများအရ ရွှေတစ်အောင်စလျှင် (၃၃၃၂)ဒေါ်လာဝန်းကျင်သာ ပေါက် ဈေးရှိကြောင်းသိရသည်။ ထို့ကြောင့် ပြည်တွင်းရွှေဈေးသည်လည်း အခေါက်ရွှေတစ်ကျပ်သား လျှင် ပြင်ပပေါက်ဈေး သိန်း(၈၀)ကျပ်ကိုမကျော်နိုင် ကြောင်းသိရသည်။ ဇူလိုင်လ (၁)ရက်နှင့် (၂)ရက် တို့တွင် ရန်ကုန်မြို့ရွှေဈေးကွက်အတွင်း ပြင်ပရွှေပေါက်ဈေးမှာ တစ်ကျပ်သားလျှင် (၇၈)သိန်းကိုး သောင်း ကျပ်ခန့်ရှိနေခဲ့သော်လည်း ဇူလိုင်လ (၈) ရက်တွင် (၇၈)သိန်းခြောက်သောင်းခန့်သို့ပြန်လည် ကျဆင်း လာသည်။
ပြင်ပရွှေဈေးများ ဈေးနှုန်းအမြင့်ပိုင်းသို့ရောက်ရှိနေခြင်းကြောင့် ရွှေဝယ်ယူသူများအနေဖြင့် ရောင်းမှားဝယ်မှား မဖြစ်စေရန်သတိထားသင့်ကြောင်း ဝါရင့် ရွှေလုပ်ငန်းရှင်များကပြောကြားသည်။ ပြည်တွင်း ငွေ လဲဈေးကွက်အတွင်း ငွေလဲနှုန်းများ အမြင့်ဈေးဖြင့် တည်ငြိမ်နေသည့်အပြင် အရောင်း အဝယ်နည်းပါးကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။ ယခင်တစ်ပတ်က အမေရိကန် တစ်ဒေါ်လာလျှင် (၄၅၈၀)ကျပ်အထိမြင့်တက်ခဲ့ရာမှ လက်ရှိ သီတင်း ပတ်အတွင်း (၄၄၈၀)ကျပ်သို့ ပြန် လည်ကျဆင်းလာခြင်းဖြစ်သည်။ တစ်ဒေါ်လာလျှင် ငွေတစ်ရာကျပ်ခန့် ကျဆင်းသွားသည့်အပြင် အခြား နိုင်ငံခြားငွေဈေးများလည်း အတန်အသင့်ကျဆင်းခဲ့ကြောင်းသိရသည်။ ယခုဇူလိုင်လ(၈) ရက် ပေါက် ဈေးများအရ အမေရိကန် တစ်ဒေါ်လာလျှင် (၄၄၈၀)ကျပ်၊ တရုတ် တစ်ယွမ်လျှင် (၆၂၅)ကျပ်၊ ထိုင်းတစ် ဘတ်လျှင် (၁၃၇) ကျပ်၊ စင်ကာပူတစ်ဒေါ်လာလျှင် (၃၅၂၀) ကျပ်၊ အန္ဒိယ တစ်ရူပီးလျှင်(၅၂)ကျပ် အသီး သီး ပေါက်ဈေးရှိနေသည်။
မိုးရာသီကာလ သွင်းကုန်ပို့ကုန်လုပ်ငန်းများ နည်းပါးနေခြင်းကြောင့် နိုင်ငံခြားငွေဈေးကွက်သည် လည်း ဆက်လက်တည်ငြိမ်နေနိုင်ကြောင်းသိရသည်။ ထို့ပြင် နိုင်ငံတကာဈေးကွက်နှင့် မြန်မာ့ဈေးကွက် အကြား တိုက်ရိုက်အရောင်းအဝယ်ကျဆင်းလာမှုသည် နိုင်ငံခြားငွေလိုအပ်ချက်နည်းပါးသွားခြင်း ကြောင့်ဖြစ်သည်။ လာမည့်ရက်ပိုင်းအတွင်း နိုင်ငံခြားငွေဈေး တည်ငြိမ်နိုင်သော်လည်း ကမ္ဘာ့ရွှေဈေး အပြောင်းအလဲဖြစ်ပေါ်လာပါက သက်ရောက်မှုများရှိနိုင်သည်။ ပြည်တွင်း စက်သုံးဆီဈေးကွက်အတွင်း နိုင်ငံခြားငွေဈေး ယခင်တစ်ပတ်ကထက် ဈေးနှုန်းကျဆင်းမှုကြောင့် စက်သုံးဆီအမျိုးအစား အကုန်လုံး နီးပါး တစ်လီတာလျှင် (၁၀ဝ)ကျပ်ဝန်းကျင် ဈေးကျလာကြောင်းသိရသည်။ ယခုတစ်ပတ်အတွက် ရည် ညွှန်း စက်သုံးဆီဈေးမှာ ရန်ကုန်မြို့တွင် (၉၂) တစ်လီတာ လျှင် (၃၀၁၅) ကျပ် ၊ (၉၅) တစ်လီတာလျှင် (၃၀၇၅) ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၂၆၃၅) ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် (၃၂၆၅) ကျပ် အသီးသီး ပေါက်ဈေးရှိကြောင်းသိရသည်။ ကမ္ဘာ့ စက်သုံးဆီ ဈေးသည် လတ်တလောအကျဈေးဖြင့် တည်ငြိမ်နေရာ ပြည်တွင်းငွေလဲနှုန်းတည်ငြိမ်နေပါက ပြည်တွင်း စက်သုံးဆီဈေးများ ဆက်လက် ကျဆင်းလာနိုင်သည်။

ပြင်ပပေါက်ဈေး စားအုန်းဆီ တစ်ပိဿာ (၁၂၀ဝဝ) ကျပ် ဝန်းကျင်ရှိနေဆဲ
မြန်မာပြည်၏အခြေခံစားသောက်ကုန်ဖြစ်သော စားအုန်းဆီသည် ပြည်ပမှ မှာယူတင်သွင်းနေရ ခြင်းကြောင့် ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်နှင့်အပြိုင် ဈေးကောင်းနေဆဲဖြစ်သည်။ စားသုံးဆီ တငသွင်း သိုလှောင်ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီက ခွဲတမ်းမြို့နယ်အလိုက် ရောင်းချ ပေးနေခြင်းဖြစ်သည်။ တရားဝင်ဖြန့်ဖြူးရောင်းချသော စားအုန်းဆီဈေးမှာ လတ်တလောတွင် အထိုက် အလျောက် ကျဆင်းလာသော်လည်း ပြင်ပဈေးမှာ ကျဆင်းခြင်း မရှိကြောင်းသိရသည်။ ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများကို အမေရိကန်ဒေါ်လာ (၁ ဒသမ ၇)သန်းကျော် ဇူလိုင်လ(၄) ရက် တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။
စားသုံးဆီလုပ်ငန်းရှင်များကို ဗဟိုဘဏ်က ထုတ်ရောင်းချပေးနေသည့် ဒေါ်လာပမာဏက နည်း နေပြီး စားအုန်းဆီတင်သွင်းဖို့အတွက် လိုအပ်တဲ့အမေရိကန်ဒေါ်လာလိုအပ်ချက်က မြင့်နေဆဲဖြစ်သော ကြောင့် လိုအပ်သည့်ဒေါ်လာကို ပြင်ပပေါက် ဈေးဖြင့်ဝယ်ယူနေရသည့်အခြေအနေများဖြစ်ပေါ် လာရာ စားအုန်းဆီဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ ရပ်တည်နေကြောင်း ခန့်မှန်းချက်များထွက်ပေါ်လာသည်။ လက်ရှိ ပြည်တွင်းစားသုံးဆီဈေးကွက်မှာ ပြင်ပစားအုန်းဆီ တစ်ပိဿာကို (၁၂၀ဝဝ)ကျပ်အထက်တွင် ရှိနေသည်။ စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ် ထုတ်ပြန်သည့် ယခုတစ်ပတ်အတွက် စားအုန်းဆီရည်ညွှန်းဈေးမှာ တစ်ပိဿာကို (၆၀၆၀)ကျပ်ဖြစ် သောကြောင့် ရည်ညွှန်းဈေးထက် ပြင်ပဈေးမှာ နှစ်ဆဈေးနှုန်းမြင့်တက်နေသည်။
အဆိုပါရည်ညွှန်းဈေးဖြင့် စားသုံးသူထံ တိုက်ရိုက်ရောင်းချပေးမှုသည်လည်း လူတစ်ယောက် လျှင် ဆီ အကန့်အသတ် သတ်မှတ်ချက်ဖြင့် ဝယ်ယူနေရပြီး မြို့နယ်များရှိ ဆီဆိုင်တိုင်းတွင် အလွယ် တကူ ဝယ်ယူ၍မရသောအခြေအနေများကြောင့် စားအုန်းဆီဈေး မကျဆင်းရခြင်းအကြောင်းတစ်ခု ဖြစ်သည်။ ကော်မတီက စားအုန်းဆီလုပ်ငန်းရှင်များအနေဖြင့် ဆီကို ပြန်လည်ရောင်းချရာတွင် အပတ် စဉ်ထုတ်ပြန်နေသည့် စားအုန်းဆီ ရည်ညွှန်ဈေးအပေါ်ကို အသားတင် အမြတ် (၂ %) နှင့်အထွေထွေ ကုန်ကျစရိတ် ပေါင်းပြီးသာရောင်းချရန် သတိပေးညွှန်ကြားထားသည်။
ထို့ပြင် ပြည်တွင်းဈေးကွက်ထဲတွင် စားအုန်းဆီ ကိုဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် မသမာသည့်လုပ် ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဟုသိရသည်။ သို့သော်လည်း စားအုန်းဆီဈေးက ကျဆင်းလာခြင်းမရှိဘဲ လက်ရှိအချိန်ထိ ပြင်ပဈေး တစ် ပိဿာကို (၁၂၀ဝဝ) ကျပ်အထက်တွင် ဝယ်ယူ နေရကြောင်းသိရသည်။ (၂၀၂၀)ပြည့်နှစ်ဝန်းကျင်က စားအုန်းဆီ တစ်ပိဿာလျှင် (၁၈၀ဝ) ကျပ်ဝန်းကျင် ရှိ နေရာမှတဖြည်းဖြည်းမြင့်တက်ခဲ့ရာ လက်ရှိအခြေအ နေသို့ရောက်ရှိလာခြင်းဖြစ်သည်။ သက်ဆိုင်ရာ မှထိရောက်သောပြုပြင်ပြောင်းလဲမှုမပြုလုပ်ပါက စားအုန်းဆီဈေးများ လာမည့်ရက်ပိုင်းအတွင်း ဆက် လက်မြင့်တက်နေမည်ဖြစ်သည်။ ဝါတွင်းကာလ အိမ်ခြံမြေဈေးကွက်လာမည့်ရက်များအတွင်း ဗုဒ္ဓ ဘာ သာများ၏ ဝါတွင်းကာလသို့ရောက်ရှိလာပြီဖြစ်ရာ အိမ်ခြံမြေ ဈေးကွက်အတွင်း အငှားနှင့် အရောင်း အဝယ် နှစ်မျိုးစလုံး အလုပ်နည်းပါးသွားမည်ဖြစ်သည်။ ဝါဆိုလပြည့် မတိုင်မီကတည်းက အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဈေး ကွက်တစ်ခုလုံးနီးပါး လုပ်ငန်းများအလုပ်ဖြစ်ပေါ်ခဲ့ပြီး အငှားဈေးကွက်က ဦး ဆောင်ခဲ့ကြောင်းသိရသည်။ ဈေးကွက်အတွင်း အငှားအများဆုံးဖြစ်သည့် တိုက်ခန်းနှင့်ကွန်ဒိုများဖြစ်ပြီး လုံးချင်းအိမ်ခြံမြေအများစုမှာ အရောင်းအဝယ်ဈေးကွက် ဖြစ်ထွန်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရ သည်။
ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် သိန်းထောင်ချီသော အရောင်းအဝယ်များ ဝါမဝင်ခင်ကာလများအ တွင်း အရောင်းအဝယ်ဖြစ်ခဲ့ရာ လုံးချင်းအိမ်ခြံမြေ များ အများစုပါဝင်သည်။ ငလျင်ဒဏ်ကြောင့် မန္တလေး အိမ်ခြံမြေဈေးကွက်အတွင်း လူနေတိုက်ခန်း ဝယ်ယူ မှု အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားခဲ့ရသော် လည်း ဝါမဝင်ခင်ကာလအတွင်း လူနေတိုက်ခန်းနှင့် အိမ်ရာ ငှားရမ်းမှုများရှိခဲ့ကြောင်းသိရသည်။ အိမ်ငှား ဈေးကွက်အတွင်း တစ်လလျှင်တစ်သိန်းခွဲမှစတင်ကာ ငါးသိန်းကျပ်အထိ တိုက်ခန်းနှင့်အိမ်ခြံမြေများ အငှား သွက်ခဲ့ကြောင်းသိရသည်။ သက်ဆိုင်ရာမှလည်း အငှားအိမ်ရာများ ထပ်မံတိုးချဲ့ငှားရမ်းပေးနေ သည့်အပြင် တန်ဖိုးနည်းတိုက်ခန်းများလည်းရောင်းချပေးနေရာ ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ ဆက် လက်ဖွံ့ ဖြိုးနေဆဲဖြစ်သည်။
ရန်ကုန်မြို့အတွင်း ရောင်းအားအကောင်းဆုံးမြို့ နယ်များဖြစ်သည့် ဒဂုံမြို့သစ်လေးမြို့နယ်တွင် ဝါမဝင်ခင် ရက်ပိုင်းအထိ အ‌ရောင်းအဝယ်လုပ်ငန်းများ ရှိနေကြောင်းသိရသည်။ မိုးတွင်းကာလ အိမ်ခြံ မြေများအတွင်းသို့ ရေဝင်ရောက်မှုကြောင့် မြစ်ကူးချောင်းခြား ရပ်ကွက်များတွင် ဈေးနှုန်းအတန်အသင့် လျော့ကျခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒဂုံမြို့သစ်လေးမြို့နယ်အတွင်း မိုးများပါက ရေလျှံသည့်ပြဿနာကြောင့် ဝယ်လိုအား အတန်အသင့်ကျဆင်းလေ့ရှိပြီး ပွင့်လင်းရာသီများ၌ ဦးစားပေးအရောင်းအဝယ်ပြုလုပ်ကြကြောင်း အိမ်ခြံ မြေအကျိုးဆောင်များထံမှသိရသည်။ လတ်တလော အရောင်းအဝယ်အများဆုံး တန်ဖိုးရှိအိမ်ခြံမြေများ မှာ သိန်းတစ်ထောင်ကျပ်မှ သိန်းငါးထောင်ကျပ်အတွင်း ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ ရန်ကုန်နှင့်မန္တလေးမြို့ကြီးတို့တွင် ငလျင် ကြောင့် ကန်ထရိုက်တိုက်ခန်းများ အရောင်းအဝယ် အနည်းငယ်အေးနေသော်လည်း ရေရှည်အနေဖြင့် အရောင်းအဝယ်များဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းဝယ်ယူမှုများလည်း ဆက်လက်ရှိနေဆဲဖြစ်ရာ ဝါတွင်း သုံးလကျော် လွန်ချိန်တွင် တိုက်ခန်းများ အသင့်နေထိုင်သည့်အနေအထားဖြင့် ပြန်လည်ရောင်းချရန်စီစဉ်နေကြခြင်း ဖြစ်သည်။ ယခု (၂၀၂၅) ခုနှစ်သည် အိမ်ခြံမြေဈေး တည်တည်ငြိမ်ငြိမ်ဖြင့် ပုံမှန် ဈေးမြင့်တက်ခဲ့ခြင်းဖြစ် ပြီး ငလျင်ကြောင့်သာ အ‌ရောင်းအဝယ်အနည်းငယ် တုံ့ဆိုင်းခဲ့ကြောင်း ဝါရင့် အိမ်ခြံမြေအကျိုးဆောင် များထံမှသိရသည်။ လာမည့်ရက်လများသည် မိုး တွင်းကာလနှင့် ဝါတွင်းကာလအတွင်းသို့ ရောက်ရှိနေ ခြင်းကြောင့် အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား လုပ်ငန်းများ အနည်းငယ်အေးနေမည်ဖြစ်သော်လည်း ဈေး နှုန်းများမှာ ငွေကြေးဖောင်းပွမှုအရ ဆက်လက်မြင့် တက်နေမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေစ်းကြက္ သုံးသပ္ခ်က္
ျပည့္ၿဖိဳး(NP News)
ျမန္မာႏိုင္ငံတြင္ရွိေသာ ဗုဒၶဘာသာဝင္မ်ား၏ ဘာသာေရးအရ ဝါတြင္းကာလသို႔ ေရာက္ရွိလာၿပီ ျဖစ္ရာ ေဈးကြက္အတြင္း အေရာင္းအဝယ္ေအးေနၿပီး ကုန္ေဈးႏႈန္းမ်ား အတန္အသင့္ျမင့္တက္ေနမည္ ျဖစ္သည္။ ျမန္မာျပည္၏သြင္းကုန္ပို႔ကုန္လုပ္ငန္းမ်ားသည္လည္း အကန႔္အသတ္ျဖင့္ေဆာင္႐ြကေနရ ျခင္းေၾကာင့္ စီးပြား‌ေရး ေႏွးေကြးမႈမ်ားျဖစ္ေပၚေနေၾကာင္း သိရသည္။ ယခုတစ္ပတ္အတြင္း ႏိုင္ငံျခား ေငြလဲႏႈန္း ႏွင့္ ကမာၻ႔ေ႐ႊေဈးမ်ား တည္ၿငိမ္ေနမႈေၾကာင့္ ျပည္တြင္း စက္သုံးဆီေဈးမ်ား အတန္အသင့္ ျပန္ လည္ ေဈးက်ဆင္းလာေၾကာင္း သိရသည္။
စက္သုံးဆီေဈး အတန္အသင့္ ဆက္လက္က်ဆင္းပါက အေထြေထြကုန္ေဈးႏႈန္းမ်ား လိုက္ပါက် ဆင္း ႏိုင္ဖြယ္ရွိေနသည္။ လက္ရွိအခ်ိန္တြင္ စားအုန္း ဆီေဈးမ်ား ေျခာက္လအတြင္း (၁၂၀ဝ)က်ပ္အထိ က်ဆင္းလာေသာ္လည္း ျပည္တြင္းေဈးကြက္အတြင္း၌ ႏွစ္ဆခန႔္ ေဈးမ်ားေနဆဲျဖစ္သည္။
စားအုန္းဆီ ျပင္ပေဈးကြက္တြင္ တစ္ပိႆာလွ်င္ တစ္ေသာင္းႏွစ္ေထာင္ခန႔္ ေဈးမ်ားျမင့္တက္ ေနၿပီး အေရးယူေဆာင္႐ြက္ျခင္းမ်ားမရွိေၾကာင္း သိရ သည္။ စားအုန္းဆီေဈးကြက္သည္ ႏိုင္ငံေတာ္မွ ႏိုင္ငံျခားေငြမ်ားေရာင္းခ်ေပးၿပီး ျပည္တြင္းသို႔ တင္သြင္းေနျခင္းျဖစ္ေသာ္လည္း ေဈးကြက္လိုအပ္ခ်က္ ျပည့္မီရန္ အလွမ္းကြာေဝးေနေၾကာင္းသိရသည္။
အေျခခံျပည္သူမ်ားမွာ ျပင္ပစားအုန္းဆီေဈး တစ္ပိႆာ တစ္ေသာင္းႏွစ္ေထာင္ဝန္းက်င္ျဖင့္ ဆက္လက္ဝယ္ယူသုံးစြဲေနရဦးမည္ျဖစ္သည္။ ဝါ တြင္းကာလ အိမ္ၿခံေျမေဈးကြက္မ်ား အေရာင္းအဝယ္ ေအးႏိုင္ေသာ္လည္း ေဈးႏႈန္းက်ဆင္းႏိုင္ေျခမရွိ ေၾကာင္း အက်ိဳးေဆာင္မ်ားထံမွသိရသည္။ ဝါမဝင္ခင္ ကာလအတြင္း အိမ္ၿခံေျမအေရာင္းအဝယ္မ်ား ေကာင္းမြန္ခဲ့သည့္အျပင္ အိမ္အငွားေဈးကြက္မွာလည္း ယခင္ႏွစ္ကထက္ ပိုမိုေကာင္းမြန္ေၾကာင္း သိရသည္။ ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီးမ်ားသည္ လက္နက္ ကိုင္ ပဋိပကၡမ်ားကို ေရွာင္ရွားႏိုင္ျခင္းေၾကာင့္ အိမ္ၿခံေျမ ငွားရမ္းမႈမ်ား ဆက္လက္ျမင့္တက္ေနမည္ ျဖစ္ သည္။
ေ႐ႊေဈး၊ ေငြလဲႏႈန္းႏွင့္စက္သုံးဆီေဈးမ်ား
ျပည္တြင္းေ႐ႊေဈးသည္ ကမာၻ႔ေ႐ႊေဈးသတ္ မွတ္ခ်က္အေပၚမူတည္ကာ ယခုတစ္ပတ္အတြင္း အတက္အက် အနည္းငယ္သာျဖစ္ေပၚခဲ့ေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ကမာၻ႔ေ႐ႊေဈးသည္ ဇူလိုင္လ(၁)ရက္တြင္ ေ႐ႊတစ္ေအာင္စလွ်င္ ေဒၚလာ (၃၃၃၀)ဝန္းက်င္မွ အျမင့္ဆုံး(၃၃၃၆)ေဒၚလာအထိ သာ တစ္ပတ္အတြင္းျမင့္တက္ခဲ့သည္။ လတ္တေလာ တြင္လည္း ကမာၻ႔ေ႐ႊေဈးမ်ား အက်ဘက္သို႔ဦး တည္ေနၿပီး ဇူလိုင္လ(၈)ရက္ေပါက္ေဈးမ်ားအရ ေ႐ႊတစ္ေအာင္စလွ်င္ (၃၃၃၂)ေဒၚလာဝန္းက်င္သာ ေပါက္ ေဈးရွိေၾကာင္းသိရသည္။ ထို႔ေၾကာင့္ ျပည္တြင္းေ႐ႊေဈးသည္လည္း အေခါက္ေ႐ႊတစ္က်ပ္သား လွ်င္ ျပင္ပေပါက္ေဈး သိန္း(၈၀)က်ပ္ကိုမေက်ာ္ႏိုင္ ေၾကာင္းသိရသည္။ ဇူလိုင္လ (၁)ရက္ႏွင့္ (၂)ရက္ တို႔တြင္ ရန္ကုန္ၿမိဳ႕ေ႐ႊေဈးကြက္အတြင္း ျပင္ပေ႐ႊေပါက္ေဈးမွာ တစ္က်ပ္သားလွ်င္ (၇၈)သိန္းကိုး ေသာင္း က်ပ္ခန႔္ရွိေနခဲ့ေသာ္လည္း ဇူလိုင္လ (၈) ရက္တြင္ (၇၈)သိန္းေျခာက္ေသာင္းခန႔္သို႔ျပန္လည္ က်ဆင္း လာသည္။
ျပင္ပေ႐ႊေဈးမ်ား ေဈးႏႈန္းအျမင့္ပိုင္းသို႔ေရာက္ရွိေနျခင္းေၾကာင့္ ေ႐ႊဝယ္ယူသူမ်ားအေနျဖင့္ ေရာင္းမွားဝယ္မွား မျဖစ္ေစရန္သတိထားသင့္ေၾကာင္း ဝါရင့္ ေ႐ႊလုပ္ငန္းရွင္မ်ားကေျပာၾကားသည္။ ျပည္တြင္း ေငြ လဲေဈးကြက္အတြင္း ေငြလဲႏႈန္းမ်ား အျမင့္ေဈးျဖင့္ တည္ၿငိမ္ေနသည့္အျပင္ အေရာင္း အဝယ္နည္းပါးေၾကာင္း ေငြလဲလုပ္ငန္းလုပ္ကိုင္သူမ်ားထံမွသိရသည္။ ယခင္တစ္ပတ္က အေမရိကန္ တစ္ေဒၚလာလွ်င္ (၄၅၈၀)က်ပ္အထိျမင့္တက္ခဲ့ရာမွ လက္ရွိ သီတင္း ပတ္အတြင္း (၄၄၈၀)က်ပ္သို႔ ျပန္ လည္က်ဆင္းလာျခင္းျဖစ္သည္။ တစ္ေဒၚလာလွ်င္ ေငြတစ္ရာက်ပ္ခန႔္ က်ဆင္းသြားသည့္အျပင္ အျခား ႏိုင္ငံျခားေငြေဈးမ်ားလည္း အတန္အသင့္က်ဆင္းခဲ့ေၾကာင္းသိရသည္။ ယခုဇူလိုင္လ(၈) ရက္ ေပါက္ ေဈးမ်ားအရ အေမရိကန္ တစ္ေဒၚလာလွ်င္ (၄၄၈၀)က်ပ္၊ တ႐ုတ္ တစ္ယြမ္လွ်င္ (၆၂၅)က်ပ္၊ ထိုင္းတစ္ ဘတ္လွ်င္ (၁၃၇) က်ပ္၊ စင္ကာပူတစ္ေဒၚလာလွ်င္ (၃၅၂၀) က်ပ္၊ အႏၵိယ တစ္႐ူပီးလွ်င္(၅၂)က်ပ္ အသီး သီး ေပါက္ေဈးရွိေနသည္။
မိုးရာသီကာလ သြင္းကုန္ပို႔ကုန္လုပ္ငန္းမ်ား နည္းပါးေနျခင္းေၾကာင့္ ႏိုင္ငံျခားေငြေဈးကြက္သည္ လည္း ဆက္လက္တည္ၿငိမ္ေနႏိုင္ေၾကာင္းသိရသည္။ ထို႔ျပင္ ႏိုင္ငံတကာေဈးကြက္ႏွင့္ ျမန္မာ့ေဈးကြက္ အၾကား တိုက္႐ိုက္အေရာင္းအဝယ္က်ဆင္းလာမႈသည္ ႏိုင္ငံျခားေငြလိုအပ္ခ်က္နည္းပါးသြားျခင္း ေၾကာင့္ျဖစ္သည္။ လာမည့္ရက္ပိုင္းအတြင္း ႏိုင္ငံျခားေငြေဈး တည္ၿငိမ္ႏိုင္ေသာ္လည္း ကမာၻ႔ေ႐ႊေဈး အေျပာင္းအလဲျဖစ္ေပၚလာပါက သက္ေရာက္မႈမ်ားရွိႏိုင္သည္။ ျပည္တြင္း စက္သုံးဆီေဈးကြက္အတြင္း ႏိုင္ငံျခားေငြေဈး ယခင္တစ္ပတ္ကထက္ ေဈးႏႈန္းက်ဆင္းမႈေၾကာင့္ စက္သုံးဆီအမ်ိဳးအစား အကုန္လုံး နီးပါး တစ္လီတာလွ်င္ (၁၀ဝ)က်ပ္ဝန္းက်င္ ေဈးက်လာေၾကာင္းသိရသည္။ ယခုတစ္ပတ္အတြက္ ရည္ ၫႊန္း စက္သုံးဆီေဈးမွာ ရန္ကုန္ၿမိဳ႕တြင္ (၉၂) တစ္လီတာ လွ်င္ (၃၀၁၅) က်ပ္ ၊ (၉၅) တစ္လီတာလွ်င္ (၃၀၇၅) က်ပ္၊ ဒီဇယ္တစ္လီတာလွ်င္ (၂၆၃၅) က်ပ္၊ ပရီမီယံ ဒီဇယ္ တစ္လီတာလွ်င္ (၃၂၆၅) က်ပ္ အသီးသီး ေပါက္ေဈးရွိေၾကာင္းသိရသည္။ ကမာၻ႔ စက္သုံးဆီ ေဈးသည္ လတ္တေလာအက်ေဈးျဖင့္ တည္ၿငိမ္ေနရာ ျပည္တြင္းေငြလဲႏႈန္းတည္ၿငိမ္ေနပါက ျပည္တြင္း စက္သုံးဆီေဈးမ်ား ဆက္လက္ က်ဆင္းလာႏိုင္သည္။

ျပင္ပေပါက္ေဈး စားအုန္းဆီ တစ္ပိႆာ (၁၂၀ဝဝ) က်ပ္ ဝန္းက်င္ရွိေနဆဲ
ျမန္မာျပည္၏အေျခခံစားေသာက္ကုန္ျဖစ္ေသာ စားအုန္းဆီသည္ ျပည္ပမွ မွာယူတင္သြင္းေနရ ျခင္းေၾကာင့္ ေဈးကြက္အတြင္း ေဒၚလာလိုအပ္ခ်က္ႏွင့္အၿပိဳင္ ေဈးေကာင္းေနဆဲျဖစ္သည္။ စားသုံးဆီ တငသြင္း သိုေလွာင္ျဖန႔္ျဖဴးေရာင္းခ်မႈႀကီးၾကပ္ေရးေကာ္မတီက ခြဲတမ္းၿမိဳ႕နယ္အလိုက္ ေရာင္းခ် ေပးေနျခင္းျဖစ္သည္။ တရားဝင္ျဖန႔္ျဖဴးေရာင္းခ်ေသာ စားအုန္းဆီေဈးမွာ လတ္တေလာတြင္ အထိုက္ အေလ်ာက္ က်ဆင္းလာေသာ္လည္း ျပင္ပေဈးမွာ က်ဆင္းျခင္း မရွိေၾကာင္းသိရသည္။ ဗဟိုဘဏ္က စားသုံးဆီတင္သြင္းသည့္ကုမၸဏီမ်ားကို အေမရိကန္ေဒၚလာ (၁ ဒသမ ၇)သန္းေက်ာ္ ဇူလိုင္လ(၄) ရက္ တြင္ ေရာင္းခ်ေပးခဲ့ေၾကာင္းသိရသည္။
စားသုံးဆီလုပ္ငန္းရွင္မ်ားကို ဗဟိုဘဏ္က ထုတ္ေရာင္းခ်ေပးေနသည့္ ေဒၚလာပမာဏက နည္း ေနၿပီး စားအုန္းဆီတင္သြင္းဖို႔အတြက္ လိုအပ္တဲ့အေမရိကန္ေဒၚလာလိုအပ္ခ်က္က ျမင့္ေနဆဲျဖစ္ေသာ ေၾကာင့္ လိုအပ္သည့္ေဒၚလာကို ျပင္ပေပါက္ ေဈးျဖင့္ဝယ္ယူေနရသည့္အေျခအေနမ်ားျဖစ္ေပၚ လာရာ စားအုန္းဆီေဈးႏႈန္းမွာ က်ဆင္းျခင္းမရွိဘဲ ရပ္တည္ေနေၾကာင္း ခန႔္မွန္းခ်က္မ်ားထြက္ေပၚလာသည္။ လက္ရွိ ျပည္တြင္းစားသုံးဆီေဈးကြက္မွာ ျပင္ပစားအုန္းဆီ တစ္ပိႆာကို (၁၂၀ဝဝ)က်ပ္အထက္တြင္ ရွိေနသည္။ စားသုံးဆီတင္သြင္း သိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီက သတ္မွတ္ ထုတ္ျပန္သည့္ ယခုတစ္ပတ္အတြက္ စားအုန္းဆီရည္ၫႊန္းေဈးမွာ တစ္ပိႆာကို (၆၀၆၀)က်ပ္ျဖစ္ ေသာေၾကာင့္ ရည္ၫႊန္းေဈးထက္ ျပင္ပေဈးမွာ ႏွစ္ဆေဈးႏႈန္းျမင့္တက္ေနသည္။
အဆိုပါရည္ၫႊန္းေဈးျဖင့္ စားသုံးသူထံ တိုက္႐ိုက္ေရာင္းခ်ေပးမႈသည္လည္း လူတစ္ေယာက္ လွ်င္ ဆီ အကန႔္အသတ္ သတ္မွတ္ခ်က္ျဖင့္ ဝယ္ယူေနရၿပီး ၿမိဳ႕နယ္မ်ားရွိ ဆီဆိုင္တိုင္းတြင္ အလြယ္ တကူ ဝယ္ယူ၍မရေသာအေျခအေနမ်ားေၾကာင့္ စားအုန္းဆီေဈး မက်ဆင္းရျခင္းအေၾကာင္းတစ္ခု ျဖစ္သည္။ ေကာ္မတီက စားအုန္းဆီလုပ္ငန္းရွင္မ်ားအေနျဖင့္ ဆီကို ျပန္လည္ေရာင္းခ်ရာတြင္ အပတ္ စဥ္ထုတ္ျပန္ေနသည့္ စားအုန္းဆီ ရည္ၫႊန္ေဈးအေပၚကို အသားတင္ အျမတ္ (၂ %) ႏွင့္အေထြေထြ ကုန္က်စရိတ္ ေပါင္းၿပီးသာေရာင္းခ်ရန္ သတိေပးၫႊန္ၾကားထားသည္။
ထို႔ျပင္ ျပည္တြင္းေဈးကြက္ထဲတြင္ စားအုန္းဆီ ကိုေဈးကစားရန္ရည္႐ြယ္ခ်က္ျဖင့္ သိုေလွာင္ ျခင္း၊ ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္းႏွင့္ မသမာသည့္လုပ္ ေဆာင္မႈမ်ားျပဳလုပ္ပါက အေရးႀကီး ကုန္စည္ ႏွင့္ ဝန္ေဆာင္မႈဥပေဒအရ အေရးယူေဆာင္႐ြက္မည္ဟုသိရသည္။ သို႔ေသာ္လည္း စားအုန္းဆီေဈးက က်ဆင္းလာျခင္းမရွိဘဲ လက္ရွိအခ်ိန္ထိ ျပင္ပေဈး တစ္ ပိႆာကို (၁၂၀ဝဝ) က်ပ္အထက္တြင္ ဝယ္ယူ ေနရေၾကာင္းသိရသည္။ (၂၀၂၀)ျပည့္ႏွစ္ဝန္းက်င္က စားအုန္းဆီ တစ္ပိႆာလွ်င္ (၁၈၀ဝ) က်ပ္ဝန္းက်င္ ရွိ ေနရာမွတျဖည္းျဖည္းျမင့္တက္ခဲ့ရာ လက္ရွိအေျခအ ေနသို႔ေရာက္ရွိလာျခင္းျဖစ္သည္။ သက္ဆိုင္ရာ မွထိေရာက္ေသာျပဳျပင္ေျပာင္းလဲမႈမျပဳလုပ္ပါက စားအုန္းဆီေဈးမ်ား လာမည့္ရက္ပိုင္းအတြင္း ဆက္ လက္ျမင့္တက္ေနမည္ျဖစ္သည္။ ဝါတြင္းကာလ အိမ္ၿခံေျမေဈးကြက္လာမည့္ရက္မ်ားအတြင္း ဗုဒၶ ဘာ သာမ်ား၏ ဝါတြင္းကာလသို႔ေရာက္ရွိလာၿပီျဖစ္ရာ အိမ္ၿခံေျမ ေဈးကြက္အတြင္း အငွားႏွင့္ အေရာင္း အဝယ္ ႏွစ္မ်ိဳးစလုံး အလုပ္နည္းပါးသြားမည္ျဖစ္သည္။ ဝါဆိုလျပည့္ မတိုင္မီကတည္းက အိမ္ၿခံေျမ ေရာင္း၊ ဝယ္၊ ငွား ေဈး ကြက္တစ္ခုလုံးနီးပါး လုပ္ငန္းမ်ားအလုပ္ျဖစ္ေပၚခဲ့ၿပီး အငွားေဈးကြက္က ဦး ေဆာင္ခဲ့ေၾကာင္းသိရသည္။ ေဈးကြက္အတြင္း အငွားအမ်ားဆုံးျဖစ္သည့္ တိုက္ခန္းႏွင့္ကြန္ဒိုမ်ားျဖစ္ၿပီး လုံးခ်င္းအိမ္ၿခံေျမအမ်ားစုမွာ အေရာင္းအဝယ္ေဈးကြက္ ျဖစ္ထြန္းခဲ့ေၾကာင္း ေဈးကြက္အတြင္းမွ သိရ သည္။
ရန္ကုန္ႏွင့္မႏၲေလးၿမိဳ႕တို႔တြင္ သိန္းေထာင္ခ်ီေသာ အေရာင္းအဝယ္မ်ား ဝါမဝင္ခင္ကာလမ်ားအ တြင္း အေရာင္းအဝယ္ျဖစ္ခဲ့ရာ လုံးခ်င္းအိမ္ၿခံေျမ မ်ား အမ်ားစုပါဝင္သည္။ ငလ်င္ဒဏ္ေၾကာင့္ မႏၲေလး အိမ္ၿခံေျမေဈးကြက္အတြင္း လူေနတိုက္ခန္း ဝယ္ယူ မႈ အတိုင္းအတာတစ္ခုအထိ က်ဆင္းသြားခဲ့ရေသာ္ လည္း ဝါမဝင္ခင္ကာလအတြင္း လူေနတိုက္ခန္းႏွင့္ အိမ္ရာ ငွားရမ္းမႈမ်ားရွိခဲ့ေၾကာင္းသိရသည္။ အိမ္ငွား ေဈးကြက္အတြင္း တစ္လလွ်င္တစ္သိန္းခြဲမွစတင္ကာ ငါးသိန္းက်ပ္အထိ တိုက္ခန္းႏွင့္အိမ္ၿခံေျမမ်ား အငွား သြက္ခဲ့ေၾကာင္းသိရသည္။ သက္ဆိုင္ရာမွလည္း အငွားအိမ္ရာမ်ား ထပ္မံတိုးခ်ဲ႕ငွားရမ္းေပးေန သည့္အျပင္ တန္ဖိုးနည္းတိုက္ခန္းမ်ားလည္းေရာင္းခ်ေပးေနရာ ရန္ကုန္အိမ္ၿခံေျမေဈးကြက္မွာ ဆက္ လက္ဖြံ႕ ၿဖိဳးေနဆဲျဖစ္သည္။
ရန္ကုန္ၿမိဳ႕အတြင္း ေရာင္းအားအေကာင္းဆုံးၿမိဳ႕ နယ္မ်ားျဖစ္သည့္ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္တြင္ ဝါမဝင္ခင္ ရက္ပိုင္းအထိ အ‌ေရာင္းအဝယ္လုပ္ငန္းမ်ား ရွိေနေၾကာင္းသိရသည္။ မိုးတြင္းကာလ အိမ္ၿခံ ေျမမ်ားအတြင္းသို႔ ေရဝင္ေရာက္မႈေၾကာင့္ ျမစ္ကူးေခ်ာင္းျခား ရပ္ကြက္မ်ားတြင္ ေဈးႏႈန္းအတန္အသင့္ ေလ်ာ့က်ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္အတြင္း မိုးမ်ားပါက ေရလွ်ံသည့္ျပႆနာေၾကာင့္ ဝယ္လိုအား အတန္အသင့္က်ဆင္းေလ့ရွိၿပီး ပြင့္လင္းရာသီမ်ား၌ ဦးစားေပးအေရာင္းအဝယ္ျပဳလုပ္ၾကေၾကာင္း အိမ္ၿခံ ေျမအက်ိဳးေဆာင္မ်ားထံမွသိရသည္။ လတ္တေလာ အေရာင္းအဝယ္အမ်ားဆုံး တန္ဖိုးရွိအိမ္ၿခံေျမမ်ား မွာ သိန္းတစ္ေထာင္က်ပ္မွ သိန္းငါးေထာင္က်ပ္အတြင္း ျဖစ္ေၾကာင္း အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားထံမွ သိရသည္။ ရန္ကုန္ႏွင့္မႏၲေလးၿမိဳ႕ႀကီးတို႔တြင္ ငလ်င္ ေၾကာင့္ ကန္ထ႐ိုက္တိုက္ခန္းမ်ား အေရာင္းအဝယ္ အနည္းငယ္ေအးေနေသာ္လည္း ေရရွည္အေနျဖင့္ အေရာင္းအဝယ္မ်ားဆက္လက္ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။
ႀကိဳပြိဳင့္စနစ္ျဖင့္ တိုက္ခန္းဝယ္ယူမႈမ်ားလည္း ဆက္လက္ရွိေနဆဲျဖစ္ရာ ဝါတြင္း သုံးလေက်ာ္ လြန္ခ်ိန္တြင္ တိုက္ခန္းမ်ား အသင့္ေနထိုင္သည့္အေနအထားျဖင့္ ျပန္လည္ေရာင္းခ်ရန္စီစဥ္ေနၾကျခင္း ျဖစ္သည္။ ယခု (၂၀၂၅) ခုႏွစ္သည္ အိမ္ၿခံေျမေဈး တည္တည္ၿငိမ္ၿငိမ္ျဖင့္ ပုံမွန္ ေဈးျမင့္တက္ခဲ့ျခင္းျဖစ္ ၿပီး ငလ်င္ေၾကာင့္သာ အ‌ေရာင္းအဝယ္အနည္းငယ္ တုံ႔ဆိုင္းခဲ့ေၾကာင္း ဝါရင့္ အိမ္ၿခံေျမအက်ိဳးေဆာင္ မ်ားထံမွသိရသည္။ လာမည့္ရက္လမ်ားသည္ မိုး တြင္းကာလႏွင့္ ဝါတြင္းကာလအတြင္းသို႔ ေရာက္ရွိေန ျခင္းေၾကာင့္ အိမ္ၿခံေျမ ေရာင္း၊ ဝယ္၊ ငွား လုပ္ငန္းမ်ား အနည္းငယ္ေအးေနမည္ျဖစ္ေသာ္လည္း ေဈး ႏႈန္းမ်ားမွာ ေငြေၾကးေဖာင္းပြမႈအရ ဆက္လက္ျမင့္ တက္ေနမည္ျဖစ္သည္။

Related news

© 2021. All rights reserved.