တရုတ်အတွက် သတိပေးချက်တစ်ခုကို ဥရောပကော်မရှင်ဥက္ကဋ္ဌ ထုတ်ပြန်

 73

Pika (NP News) - ဇူလိုင် ၁၃
ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး ရုရှားကို ပြစ်တင်ရှုတ်ချရန် တရုတ်နိုင်ငံက ငြင်းဆိုခဲ့မည်ဆိုပါက ဥရောပသမဂ္ဂ နှင့် တရုတ်နိုင်ငံကြားဆက်ဆံရေးများမှာ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်က သတိပေးပြောခဲ့သည်။
တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏စစ်ပွဲစီးပွားရေးကို ဆက်လက်ရှင်သန်နိုင်အောင် လုပ်ဆောင်ပေးနေကြောင်း ဗွန်ဒါလီယန်က စွပ်စွဲပြောဆိုခဲ့ပြီး ဥရောပသမဂ္ဂက အဆိုပါအချက်ကို လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့ သည်။ ဗွန်ဒါလီယန်က “ရုရှားသမ္မတပူတင်ရဲ့စစ်ပွဲအပေါ် တရုတ်နိုင်ငံရဲ့ဆက်လက်တုံ့ပြန်မှုတွေက ရှေ့ဆက်သွား မယ့် ဥရောပသမဂ္ဂ-တရုတ်ဆက်ဆံရေးကို အဆုံးအဖြတ်ပေးမယ့်အချက်တစ်ခုပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် ယူကရိန်းနိုင်ငံ၏ အချုပ်အခြာ အာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် နိုင်ငံတကာအသိအမှတ်ပြုနယ်နိမိတ် များအပေါ် ရုရှား၏ ပြင်းပြင်းထန်ထန် ချိုးဖောက်မှုများကို ပြတ်ပြတ်သားသားပြစ်တင် ရှုတ်ချရန် တရုတ်နိုင်ငံကို ဗွန်ဒါလီယန်က တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံသည် ၎င်း၏ပြိုင်ဘက်များကို ရှင်းထုတ်နိုင်ရန်ကြိုးပမ်းမှုတွင် ကမ္ဘာ့ဈေးကွက်များတွင် ဈေးပေါသည့်ကုန်ပစ္စည်းများကို ပျံ့နှံ့နေစေခြင်းကဲ့သို့သော တရားမျှတမှုမရှိသည့် ကုန်သွယ်မှု အလေ့အကျင့်များ ကိုလုပ်ဆောင်နေကြောင်း ဗွန်ဒါ လီယန်က စွပ်စွဲပြောဆိုခဲ့သည်။ ထို့ပြင် ယူကရိန်းနှင့် ဖြစ်ပွားနေ‌သောစစ်ပွဲတွင် ရုရှားကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခြင်း သို့မဟုတ် အခြားနည်းများဖြင့် ထောက်ပံ့ပေးမှုများ လုပ်ဆောင်ခြင်းမျိုးမရှိ ကြောင်း တရုတ်အစိုးရဘက်က အကြိမ်ကြိမ်ပြောခဲ့သည်။ တရုတ်အစိုးရက “ယူကရိန်း အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ရပ်တည်ချက်က ညှိနှိုင်းမှု၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ အချက်တွေနဲ့ တစ်သားတည်းပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
တ႐ုတ္အတြက္ သတိေပးခ်က္တစ္ခုကို ဥေရာပေကာ္မရွင္ဥကၠ႒ ထုတ္ျပန္
Pika (NP News) - ဇူလိုင္ ၁၃
ယူကရိန္းပဋိပကၡႏွင့္ပတ္သက္ၿပီး ႐ုရွားကို ျပစ္တင္ရႈတ္ခ်ရန္ တ႐ုတ္ႏိုင္ငံက ျငင္းဆိုခဲ့မည္ဆိုပါက ဥေရာပသမဂၢ ႏွင့္ တ႐ုတ္ႏိုင္ငံၾကားဆက္ဆံေရးမ်ားမွာ ပိုမိုဆိုး႐ြားလာႏိုင္ေၾကာင္း ဥေရာပေကာ္မရွင္ဥကၠ႒ ဗြန္ဒါလီယန္က သတိေပးေျပာခဲ့သည္။
တ႐ုတ္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံ၏စစ္ပြဲစီးပြားေရးကို ဆက္လက္ရွင္သန္ႏိုင္ေအာင္ လုပ္ေဆာင္ေပးေနေၾကာင္း ဗြန္ဒါလီယန္က စြပ္စြဲေျပာဆိုခဲ့ၿပီး ဥေရာပသမဂၢက အဆိုပါအခ်က္ကို လက္ခံမည္မဟုတ္ေၾကာင္း ေျပာၾကားခဲ့ သည္။ ဗြန္ဒါလီယန္က “႐ုရွားသမၼတပူတင္ရဲ႕စစ္ပြဲအေပၚ တ႐ုတ္ႏိုင္ငံရဲ႕ဆက္လက္တုံ႔ျပန္မႈေတြက ေရွ႕ဆက္သြား မယ့္ ဥေရာပသမဂၢ-တ႐ုတ္ဆက္ဆံေရးကို အဆုံးအျဖတ္ေပးမယ့္အခ်က္တစ္ခုပဲျဖစ္ပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ယူကရိန္းႏိုင္ငံ၏ အခ်ဳပ္အျခာ အာဏာ၊ နယ္ေျမပိုင္ဆိုင္မႈႏွင့္ ႏိုင္ငံတကာအသိအမွတ္ျပဳနယ္နိမိတ္ မ်ားအေပၚ ႐ုရွား၏ ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္မႈမ်ားကို ျပတ္ျပတ္သားသားျပစ္တင္ ရႈတ္ခ်ရန္ တ႐ုတ္ႏိုင္ငံကို ဗြန္ဒါလီယန္က ေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။
တ႐ုတ္ႏိုင္ငံသည္ ၎၏ၿပိဳင္ဘက္မ်ားကို ရွင္းထုတ္ႏိုင္ရန္ႀကိဳးပမ္းမႈတြင္ ကမာၻ႔ေဈးကြက္မ်ားတြင္ ေဈးေပါသည့္ကုန္ပစၥည္းမ်ားကို ပ်ံ႕ႏွံ႔ေနေစျခင္းကဲ့သို႔ေသာ တရားမွ်တမႈမရွိသည့္ ကုန္သြယ္မႈ အေလ့အက်င့္မ်ား ကိုလုပ္ေဆာင္ေနေၾကာင္း ဗြန္ဒါ လီယန္က စြပ္စြဲေျပာဆိုခဲ့သည္။ ထို႔ျပင္ ယူကရိန္းႏွင့္ ျဖစ္ပြားေန‌ေသာစစ္ပြဲတြင္ ႐ုရွားကို စစ္လက္နက္ပစၥည္းမ်ား ေထာက္ပံ့ေပးျခင္း သို႔မဟုတ္ အျခားနည္းမ်ားျဖင့္ ေထာက္ပံ့ေပးမႈမ်ား လုပ္ေဆာင္ျခင္းမ်ိဳးမရွိ ေၾကာင္း တ႐ုတ္အစိုးရဘက္က အႀကိမ္ႀကိမ္ေျပာခဲ့သည္။ တ႐ုတ္အစိုးရက “ယူကရိန္း အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ရပ္တည္ခ်က္က ညႇိႏႈိင္းမႈ၊ အပစ္အခတ္ရပ္စဲေရး၊ ၿငိမ္းခ်မ္းေရးဆိုတဲ့ အခ်က္ေတြနဲ႔ တစ္သားတည္းပဲျဖစ္ပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.