ယူကရိန်းကို ပက်ထရီယော့ဒုံးကျည်တွေ ထပ်မံပေးပို့သွားမယ်လို့ ဒေါ်နယ်ထရမ့်အတည်ပြု

121

Pika (NP News) - ဇူလိုင် ၁၅
ယူကရိန်းကို ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ထပ်မံပေးပို့သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အတည်ပြုပြောဆိုခဲ့ပါတယ်။
ယူကရိန်းကို အမေရိကန်ဒေါ်လာသန်း(၃၀၀)တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေပေးပို့သွားမယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုထပ်မံပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က "ယူကရိန်းက အရေးတကြီးလိုအပ်နေတဲ့ ပက်ထရီယော့ဒုံးကျည်တွေကို ကျွန်တော်တို့ပေးပို့သွားမှာပါ။ ဘာလို့လဲဆိုတော့ လူအတော်များများကို အံ့အားသင့်သွားစေခဲ့တဲ့ ရုရှားသမ္မတပူတင်ကြောင့်ပါပဲ။ ပူတင်က ကောင်းကောင်းမွန်မွန်စကားပြောပြီး ညနေပိုင်းရောက်ရင်တော့ ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဆောင်ပါတယ်။ အဲဒါကို ကျွန်တော်မကြိုက်ပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း အရေအတွက်အတိအကျ ဘယ်လောက်ပေးပို့သွားမယ်ဆိုတဲ့ အချက်ကိုတော့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ယူကရိန်းကို ကူညီပံ့ပိုးပေးမှုက စစ်ပွဲကို ပိုမိုရှည်ကြာစေပြီး သွေးထွက်သံယိုဖြစ်ပွားမှုတွေကို ပိုမိုများပြားလာစေနိုင်တယ်လို့ ရုရှားဘက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့ပေမယ့်လည်း အနောက်အုပ်စုက ယူကရိန်းအတွက် ကူညီပံ့ပိုးပေးမှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့လည်းသိရပါတယ်။
zawgyi version
ယူကရိန္းကို ပက္ထရီေယာ့ဒုံးက်ည္ေတြ ထပ္မံေပးပို႔သြားမယ္လို႔ ေဒၚနယ္ထရမ့္အတည္ျပဳ
Pika (NP News) - ဇူလိုင္ ၁၅
ယူကရိန္းကို ပက္ထရီေယာ့ ေလေၾကာင္းရန္ကာကြယ္ေရးဒုံးက်ည္ေတြ ထပ္မံေပးပို႔သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အတည္ျပဳေျပာဆိုခဲ့ပါတယ္။
ယူကရိန္းကို အေမရိကန္ေဒၚလာသန္း(၃၀၀)တန္ဖိုးရွိ စစ္လက္နက္ပစၥည္းေတြေပးပို႔သြားမယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုထပ္မံေျပာဆိုခဲ့တာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က "ယူကရိန္းက အေရးတႀကီးလိုအပ္ေနတဲ့ ပက္ထရီေယာ့ဒုံးက်ည္ေတြကို ကြၽန္ေတာ္တို႔ေပးပို႔သြားမွာပါ။ ဘာလို႔လဲဆိုေတာ့ လူအေတာ္မ်ားမ်ားကို အံ့အားသင့္သြားေစခဲ့တဲ့ ႐ုရွားသမၼတပူတင္ေၾကာင့္ပါပဲ။ ပူတင္က ေကာင္းေကာင္းမြန္မြန္စကားေျပာၿပီး ညေနပိုင္းေရာက္ရင္ေတာ့ ဗုံးႀကဲတိုက္ခိုက္မႈေတြကို လုပ္ေဆာင္ပါတယ္။ အဲဒါကို ကြၽန္ေတာ္မႀကိဳက္ပါဘူး"လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါေပမဲ့လည္း အေရအတြက္အတိအက် ဘယ္ေလာက္ေပးပို႔သြားမယ္ဆိုတဲ့ အခ်က္ကိုေတာ့ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ယူကရိန္းကို ကူညီပံ့ပိုးေပးမႈက စစ္ပြဲကို ပိုမိုရွည္ၾကာေစၿပီး ေသြးထြက္သံယိုျဖစ္ပြားမႈေတြကို ပိုမိုမ်ားျပားလာေစႏိုင္တယ္လို႔ ႐ုရွားဘက္က အႀကိမ္ႀကိမ္သတိေပးေျပာဆိုခဲ့ေပမယ့္လည္း အေနာက္အုပ္စုက ယူကရိန္းအတြက္ ကူညီပံ့ပိုးေပးမႈေတြကို ဆက္လက္လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္းသိရပါတယ္။