ယူကရိန်းစစ်ပွဲ၊ အမေရိကန်နဲ့ဆက်ဆံရေးတို့ကို ရုရှားနဲ့တရုတ်တို့ဆွေးနွေး

183

Pika (NP News) - ဇူလိုင် ၁၅
ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အမေရိကန်နိုင်ငံနဲ့၎င်းတို့ရဲ့ဆက်ဆံရေးတွေ၊ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး အလားအလာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီတို့ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါ့ပြင် ဆာဂေးလာရော့ဗ်ဟာ တရုတ်နိုင်ငံမှာကျင်းပမယ့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)ရဲ့နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာဖြစ်တယ်လို့လည်းသိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက"ဆာဂေးလာရော့ဗ်နဲ့ဝမ်ယီတို့ဟာ အမေရိကန်နိုင်ငံနဲ့ဆက်ဆံရေး၊ယူကရိန်းပဋိပက္ခဖြေရှင်းရေး အလားအလာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ပြီးတော့ ကုလသမဂ္ဂ၊ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့အပါအဝင် နိုင်ငံတကာနယ်ပယ်မှာ ရုရှားနဲ့တရုတ်နိုင်ငံတို့ကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းစေဖို့ကလည်း အရေးကြီးပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက ရုရှားနဲ့တရုတ်နိုင်ငံတို့ဟာ နှစ်နိုင်ငံကြားဆက်ဆံရေးနဲ့ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။
zawgyi version
ယူကရိန္းစစ္ပြဲ၊ အေမရိကန္နဲ႔ဆက္ဆံေရးတို႔ကို ႐ုရွားနဲ႔တ႐ုတ္တို႔ေဆြးေႏြး
Pika (NP News) - ဇူလိုင္ ၁၅
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးတို႔ဟာ အေမရိကန္ႏိုင္ငံနဲ႔၎တို႔ရဲ႕ဆက္ဆံေရးေတြ၊ ယူကရိန္းစစ္ပြဲအဆုံးသတ္ေရး အလားအလာေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္နဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယီတို႔ဟာ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕မွာ ေတြ႕ဆုံခဲ့ၾကတာျဖစ္တယ္လို႔လည္းသိရပါတယ္။ ဒါ့ျပင္ ဆာေဂးလာေရာ့ဗ္ဟာ တ႐ုတ္ႏိုင္ငံမွာက်င္းပမယ့္ ရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO)ရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို တက္ေရာက္မွာျဖစ္တယ္လို႔လည္းသိရပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက"ဆာေဂးလာေရာ့ဗ္နဲ႔ဝမ္ယီတို႔ဟာ အေမရိကန္ႏိုင္ငံနဲ႔ဆက္ဆံေရး၊ယူကရိန္းပဋိပကၡေျဖရွင္းေရး အလားအလာေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ ၿပီးေတာ့ ကုလသမဂၢ၊ကုလသမဂၢလုံၿခဳံေရးေကာင္စီတို႔အပါအဝင္ ႏိုင္ငံတကာနယ္ပယ္မွာ ႐ုရွားနဲ႔တ႐ုတ္ႏိုင္ငံတို႔ၾကား အနီးကပ္ပူးေပါင္းေဆာင္႐ြက္မႈေတြ အားေကာင္းေစဖို႔ကလည္း အေရးႀကီးပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက ႐ုရွားနဲ႔တ႐ုတ္ႏိုင္ငံတို႔ဟာ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးနဲ႔ကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ျမႇင့္တင္ခဲ့ၾကတယ္လို႔လည္းသိရပါတယ္။