ယခုသီတင်းပတ်အတွင်း ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မျှော်လင့်ထားတယ်လို့ ဒေါ်နယ်ထရမ့်ပြော

100

Pika (NP News) - ဇူလိုင် ၁၅
အစ္စရေးနဲ့ဟားမတ်လက်နက်ကိုင်အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲတွေဟာ ယခုသီတင်းပတ်အတွင်း တည့်တိုးဖြစ်လာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဓားစာခံလွှတ်ပေးရေး၊ ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးတပ်ဖွဲ့တွေ ရုပ်သိမ်းရေးနဲ့ ပဋိပက္ခအဆုံးသတ်ရေး ဆွေးနွေးမှုတွေပါဝင်တဲ့ ရက်ပေါင်း(၆၀)ကြာ အပစ်အခတ်ရပ်စဲရေးကို အမေရိကန်က ထောက်ခံထားတယ်လို့လည်းသိရပါတယ်။ ဒေါ်နယ်ထရမ့်က "အပစ်အခတ်ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲတွေက ယခုသီတင်းပတ်အတွင်း တည့်တိုးဖြစ်လာနိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုတွေအပေါ် မျှော်လင့်ချက်ရှိတယ်လို့လည်း ဒေါ်နယ်ထရမ့်ရဲ့အရှေ့အလယ်ပိုင်းသံတမန် စတိဗ်ဝစ်အော့ဖ်ကပြောကြားခဲ့ပါတယ်။
(၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့မှာ ဟားမတ်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေး-ဟားမတ်စစ်ပွဲပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အစ္စရေးနဲ့ဟားမတ်လက်နက်ကိုင်အဖွဲ့တို့ဟာ စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း (၂၀၂၃)ခုနှစ် နိုဝင်ဘာလနဲ့ (၂၀၂၅)ခုနှစ်ဇန်နဝါရီလတို့မှာ အပစ်အခတ်ရပ်စဲရေးနှစ်ကြိမ် ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi version
ယခုသီတင္းပတ္အတြင္း ဂါဇာအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ေမွ်ာ္လင့္ထားတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇူလိုင္ ၁၅
အစၥေရးနဲ႔ဟားမတ္လက္နက္ကိုင္အဖြဲ႕တို႔ၾကား အပစ္အခတ္ရပ္စဲေရးဆိုင္ရာေဆြးေႏြးပြဲေတြဟာ ယခုသီတင္းပတ္အတြင္း တည့္တိုးျဖစ္လာႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ဓားစာခံလႊတ္ေပးေရး၊ ဂါဇာကမ္းေျမာင္ေဒသကေန အစၥေရးတပ္ဖြဲ႕ေတြ ႐ုပ္သိမ္းေရးနဲ႔ ပဋိပကၡအဆုံးသတ္ေရး ေဆြးေႏြးမႈေတြပါဝင္တဲ့ ရက္ေပါင္း(၆၀)ၾကာ အပစ္အခတ္ရပ္စဲေရးကို အေမရိကန္က ေထာက္ခံထားတယ္လို႔လည္းသိရပါတယ္။ ေဒၚနယ္ထရမ့္က "အပစ္အခတ္ရပ္စဲေရးဆိုင္ရာေဆြးေႏြးပြဲေတြက ယခုသီတင္းပတ္အတြင္း တည့္တိုးျဖစ္လာႏိုင္ဖို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ထားပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးညႇိႏႈိင္းမႈေတြအေပၚ ေမွ်ာ္လင့္ခ်က္ရွိတယ္လို႔လည္း ေဒၚနယ္ထရမ့္ရဲ႕အေရွ႕အလယ္ပိုင္းသံတမန္ စတိဗ္ဝစ္ေအာ့ဖ္ကေျပာၾကားခဲ့ပါတယ္။
(၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔မွာ ဟားမတ္လက္နက္ကိုင္အဖြဲ႕က အစၥေရးကို ဒုံးက်ည္ေတြနဲ႔စတင္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရး-ဟားမတ္စစ္ပြဲေပၚေပါက္လာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အစၥေရးနဲ႔ဟားမတ္လက္နက္ကိုင္အဖြဲ႕တို႔ဟာ စစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း (၂၀၂၃)ခုႏွစ္ ႏိုဝင္ဘာလနဲ႔ (၂၀၂၅)ခုႏွစ္ဇန္နဝါရီလတို႔မွာ အပစ္အခတ္ရပ္စဲေရးႏွစ္ႀကိမ္ ရယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။