AA ကြောင့် ရခိုင်ပြည်နယ်မှ ယမကာ သောက်သုံးသူများအကြား အန္တရာယ်ရှိအရက်များ တွင်ကျယ်နေ

140

သက်ပိုင် (NP News) - ဇူလိုင် ၁၉
AA က ၎င်းတို့ထိန်းချုပ်ရာဒေသများတွင် ထိန်းချုပ်ရာဒေသပြင်ပမှ အရက်များကို တင်သွင်းခွင့်ပိတ်ပင်ခဲ့သည့် အတွက် Methanol ၁၂ ရာခိုင်နှုန်းပါဝင်သော အရက်များကိုသာ ရခိုင်ပြည်နယ်မှ ဒေသခံများ သောက်သုံးနေကြရ ကြောင်း သိရသည်။
AA အဖွဲ့မှ အရက်တင်သွင်းခွင့်ပိတ်ပင်လိုက်ပြီးနောက် ၎င်းတို့ထိန်းချုပ်ရာဒေသများရှိ ယမကာ အရောင်းဆိုင်များမှ ပြည်မထုတ်အရက်များအားလုံးကို ဖျက်ဆီးခြင်း၊ ရောင်းချနေသူများကို အရေယူခြင်းတို့ကို ပြုလုပ်ခဲ့သည့်အတွက် ပြည်သူများမှာ မိမိတို့ကိုယ်တိုင် ကျန်းမာရေး အာမခံချက်မရှိသော ချက်အရက်များကိုသာ သောက်သုံးခဲ့ကြ ရသည်။
ထိုသို့ချက်အရက်များကို သောက်သုံးသူများလာသည်နှင့်အမျှ အချို့အရက်ချက်သူများမှာ အရက်ပြန်နှင့်ပင်ရောစပ် ကာ ရောင်းချမှုများရှိလာသည့်အတွက် AA အဖွဲ့မှ အရက်ပြန်သည် သောက်စရာမဟုတ်ကြောင်း နှင့် လက်ရှိ သောက်သုံးနေသော ချက်အရက်များတွင် methanol ၁၂ ရာခိုင်နှုန်း ပါဝင်နေကြောင်း ဇူလိုင်လ (၁၆) ရက်က ထုတ်ပြန်ခဲ့သည်။
“ချက်အရက်က တစ်လီတာကို တစ်သောင်းလောက် ပေးရတယ်။ ဒါတောင် သူရောင်းတဲ့အတိုင်းပဲရတာ။ ကောင်းတာမကောင်းတာမသိဘူး။ ဘယ်လိုထုတ်ထားတယ်ဆိုတာကိုလည်း မသိရဘူး။ သောက်ချင်ရင် သောက် မသောက်ချင်နေဘဲ။ အချို့ကျတော့လည်း ဘိန်းစာရွက်တွေကို ပြုတ်ပြီး သောက်ကြတာတွေ ရှိသေးတယ်။ ဒါပေမယ့် အရက်တွေမှာ မက်သနောတွေ အများကြီးပါနေတာကို စာထုတ်တာတော့ ဒီလထဲမှာမှထုတ်တာ” ဟု ပေါက်တောမြို့ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ methanol ၁၂ ရာခိုင်နှုန်းပါဝင်သော အရက်များကို သောက်သုံးမှုများလာပါက ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်စေပြီး မျက်စိကွယ်ခြင်း၊ စိတ်ကစဉ်ကလျားဖြစ်ခြင်းနှင့် အသက် ဆုံးရှုံးသည်အထိပါ ဖြစ်လာနိုင်ကြောင်းနှင့် ယခုကိစ္စမှာ AA အဖွဲ့၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရခိုင့်အရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။
“ရခိုင်မှာက လူ တစ်ရာမှာ ကိုးဆယ်လောက်က အရက်သောက်တက်ကြတယ်။ ဒါကို ဒီကိစ္စကို ထည့်မတွက်ပဲ AA ကလုပ်ချင်တာတွေလုပ်တော့ အခုလိုတွေဖြစ်ကုန်တာ။ ဒီကြားထဲမှာ ဒါတွေကိုသောက်ရင်းကနေ လူဘယ်လောက် ထိ သေသွားပြီလဲဆိုတာ မသိနိုင်လို့” ဟု ၎င်းက မှတ်ချက်ပြုသည်။
ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ရခိုင်ပြည်နယ်တွင် ပြည်နယ်ပြင်ပထုတ် အရက်များကို တင်သွင်း၊ရောင်းချ ခွင့်မပြုတော့ကြောင်း AA အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Zawgyi Version:
AA ေၾကာင့္ ရခိုင္ျပည္နယ္မွ ယမကာ ေသာက္သုံးသူမ်ားအၾကား အႏၲရာယ္ရွိအရက္မ်ား တြင္က်ယ္ေန
သက္ပိုင္ (NP News) - ဇူလိုင္ ၁၉
AA က ၎တို႔ထိန္းခ်ဳပ္ရာေဒသမ်ားတြင္ ထိန္းခ်ဳပ္ရာေဒသျပင္ပမွ အရက္မ်ားကို တင္သြင္းခြင့္ပိတ္ပင္ခဲ့သည့္ အတြက္ Methanol ၁၂ ရာခိုင္ႏႈန္းပါဝင္ေသာ အရက္မ်ားကိုသာ ရခိုင္ျပည္နယ္မွ ေဒသခံမ်ား ေသာက္သုံးေနၾကရ ေၾကာင္း သိရသည္။
AA အဖြဲ႕မွ အရက္တင္သြင္းခြင့္ပိတ္ပင္လိုက္ၿပီးေနာက္ ၎တို႔ထိန္းခ်ဳပ္ရာေဒသမ်ားရွိ ယမကာ အေရာင္းဆိုင္မ်ားမွ ျပည္မထုတ္အရက္မ်ားအားလုံးကို ဖ်က္ဆီးျခင္း၊ ေရာင္းခ်ေနသူမ်ားကို အေရယူျခင္းတို႔ကို ျပဳလုပ္ခဲ့သည့္အတြက္ ျပည္သူမ်ားမွာ မိမိတို႔ကိုယ္တိုင္ က်န္းမာေရး အာမခံခ်က္မရွိေသာ ခ်က္အရက္မ်ားကိုသာ ေသာက္သုံးခဲ့ၾက ရသည္။
ထိုသို႔ခ်က္အရက္မ်ားကို ေသာက္သုံးသူမ်ားလာသည္ႏွင့္အမွ် အခ်ိဳ႕အရက္ခ်က္သူမ်ားမွာ အရက္ျပန္ႏွင့္ပင္ေရာစပ္ ကာ ေရာင္းခ်မႈမ်ားရွိလာသည့္အတြက္ AA အဖြဲ႕မွ အရက္ျပန္သည္ ေသာက္စရာမဟုတ္ေၾကာင္း ႏွင့္ လက္ရွိ ေသာက္သုံးေနေသာ ခ်က္အရက္မ်ားတြင္ methanol ၁၂ ရာခိုင္ႏႈန္း ပါဝင္ေနေၾကာင္း ဇူလိုင္လ (၁၆) ရက္က ထုတ္ျပန္ခဲ့သည္။
“ခ်က္အရက္က တစ္လီတာကို တစ္ေသာင္းေလာက္ ေပးရတယ္။ ဒါေတာင္ သူေရာင္းတဲ့အတိုင္းပဲရတာ။ ေကာင္းတာမေကာင္းတာမသိဘူး။ ဘယ္လိုထုတ္ထားတယ္ဆိုတာကိုလည္း မသိရဘူး။ ေသာက္ခ်င္ရင္ ေသာက္ မေသာက္ခ်င္ေနဘဲ။ အခ်ိဳ႕က်ေတာ့လည္း ဘိန္းစာ႐ြက္ေတြကို ျပဳတ္ၿပီး ေသာက္ၾကတာေတြ ရွိေသးတယ္။ ဒါေပမယ့္ အရက္ေတြမွာ မက္သေနာေတြ အမ်ားႀကီးပါေနတာကို စာထုတ္တာေတာ့ ဒီလထဲမွာမွထုတ္တာ” ဟု ေပါက္ေတာၿမိဳ႕ေဒသခံတစ္ဦးက ေျပာသည္။
ထိုသို႔ methanol ၁၂ ရာခိုင္ႏႈန္းပါဝင္ေသာ အရက္မ်ားကို ေသာက္သုံးမႈမ်ားလာပါက ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာကို ထိခိုက္ေစၿပီး မ်က္စိကြယ္ျခင္း၊ စိတ္ကစဥ္ကလ်ားျဖစ္ျခင္းႏွင့္ အသက္ ဆုံးရႈံးသည္အထိပါ ျဖစ္လာႏိုင္ေၾကာင္းႏွင့္ ယခုကိစၥမွာ AA အဖြဲ႕၏ လုပ္ေဆာင္မႈေၾကာင့္ ျဖစ္ပြားရျခင္းျဖစ္ေၾကာင္း ရခိုင့္အေရးေလ့လာသုံးသပ္သူတစ္ဦးက ဆိုသည္။
“ရခိုင္မွာက လူ တစ္ရာမွာ ကိုးဆယ္ေလာက္က အရက္ေသာက္တက္ၾကတယ္။ ဒါကို ဒီကိစၥကို ထည့္မတြက္ပဲ AA ကလုပ္ခ်င္တာေတြလုပ္ေတာ့ အခုလိုေတြျဖစ္ကုန္တာ။ ဒီၾကားထဲမွာ ဒါေတြကိုေသာက္ရင္းကေန လူဘယ္ေလာက္ ထိ ေသသြားၿပီလဲဆိုတာ မသိႏိုင္လို႔” ဟု ၎က မွတ္ခ်က္ျပဳသည္။
ၿပီးခဲ့ေသာ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလမွစ၍ ရခိုင္ျပည္နယ္တြင္ ျပည္နယ္ျပင္ပထုတ္ အရက္မ်ားကို တင္သြင္း၊ေရာင္းခ် ခြင့္မျပဳေတာ့ေၾကာင္း AA အဖြဲ႕က ထုတ္ျပန္ခဲ့သည္။