ပြည်ပနိုင်ငံသားများကို ပင်လယ်ကမ်းရိုးတန်းအပန်းဖြေစခန်းအသစ်နေရာများသို့သွားရောက်ခွင့်ပိတ်ပင်ဟု မြောက်ကိုရီးယားနိုင်ငံပြော

 186

Pika (NP News) - ဇူလိုင် ၂ဝ
မြောက်ကိုရီးယားနိုင်ငံသည် ပြည်ပနိုင်ငံသားများကို ပင်လယ်ကမ်းရိုးတန်းအပန်းဖြေစခန်းအသစ်နေရာများသို့ သွားရောက်လည်ပတ်ခြင်းကို တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရသည်။ ရုရှားနိုင်ငံ၏ ထိပ်တန်းသံတမန်တစ်ဦး သည် အသစ်ဖွင့်လှစ်သည့် ကမ်းရိုးတန်းအပန်းဖြေစခန်းနေရာအသစ်ကို သွားရောက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ တွင် မြောက်ကိုရီးယားခရီးသွားလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းတွင် အပန်းဖြေစခန်းများရှိနေပြီး Wonsan-Kalma ကမ်းရိုတန်း ခရီးသွားဇုန်အဖြစ်သတ်မှတ်ထား ကြောင်း သိရသည်။
အဆိုပါ ခရီးသွားဇုန်အတွင်း ဈေးနှုန်းမြင့်မားသည့် ဟိုတယ်များ၊ ရေပန်းခြံများရှိနေပြီး လူပေါင်း နှစ်သောင်းခန့် စုရုံး နေထိုင်နိုင်ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာများက ရုရှားခရီးသွားအုပ်စုများသည် လာမည့် လများအတွင်း အဆိုပါ Wonsan-Kalma ကမ်းရိုတန်း ခရီးသွားဇုန်သို့လာရောက်လည်ပတ်ဖွယ်ရှိနေသည်ဟု မျှော်လင့်ကြောင်း ပြောသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်သည် ပြီးခဲ့သည့်ရက်ပိုင်းတွင် အဆိုပါ အပန်းဖြေစခန်းအသစ်ကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားခရီးသွားလုပ်ငန်း တာဝန်ရှိသူများ က နိုင်ငံခြားသားခရီးသွားများကို Wonsan-Kalma ကမ်းရိုတန်းခရီးသွားဇုန်သို့ ထပ်မံသွားရောက်ခွင့်ပေးမည် မဟုတ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်သည် နိုင်ငံခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရန် လိုလားနေ ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့်နှစ်တွင် ရုရှားခရီးသွားများကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနောက်ပိုင်း နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်ခွင့်ပြုခဲ့သလို ယခုနှစ်တွင် အနောက်အုပ်စုနိုင်ငံ၏ ခရီးသွားလုပ်ငန်းများကိုလည်း ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့သည်။

Zawgyi Version:
ျပည္ပႏိုင္ငံသားမ်ားကို ပင္လယ္ကမ္း႐ိုးတန္းအပန္းေျဖစခန္းအသစ္ေနရာမ်ားသို႔သြားေရာက္ခြင့္ပိတ္ပင္ဟု ေျမာက္ကိုရီးယားႏိုင္ငံေျပာ
Pika (NP News) - ဇူလိုင္ ၂ဝ
ေျမာက္ကိုရီးယားႏိုင္ငံသည္ ျပည္ပႏိုင္ငံသားမ်ားကို ပင္လယ္ကမ္း႐ိုးတန္းအပန္းေျဖစခန္းအသစ္ေနရာမ်ားသို႔ သြားေရာက္လည္ပတ္ျခင္းကို တားျမစ္ပိတ္ပင္လိုက္ေၾကာင္း သိရသည္။ ႐ုရွားႏိုင္ငံ၏ ထိပ္တန္းသံတမန္တစ္ဦး သည္ အသစ္ဖြင့္လွစ္သည့္ ကမ္း႐ိုးတန္းအပန္းေျဖစခန္းေနရာအသစ္ကို သြားေရာက္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာ တြင္ ေျမာက္ကိုရီးယားခရီးသြားလုပ္ငန္းတာဝန္ရွိသူတစ္ဦးက ေျပာသည္။ ေျမာက္ကိုရီးယားႏိုင္ငံ အေရွ႕ဘက္ ကမ္း႐ိုးတန္းတြင္ အပန္းေျဖစခန္းမ်ားရွိေနၿပီး Wonsan-Kalma ကမ္း႐ိုတန္း ခရီးသြားဇုန္အျဖစ္သတ္မွတ္ထား ေၾကာင္း သိရသည္။
အဆိုပါ ခရီးသြားဇုန္အတြင္း ေဈးႏႈန္းျမင့္မားသည့္ ဟိုတယ္မ်ား၊ ေရပန္းၿခံမ်ားရွိေနၿပီး လူေပါင္း ႏွစ္ေသာင္းခန႔္ စု႐ုံး ေနထိုင္ႏိုင္ေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားႏိုင္ငံပိုင္မီဒီယာမ်ားက ႐ုရွားခရီးသြားအုပ္စုမ်ားသည္ လာမည့္ လမ်ားအတြင္း အဆိုပါ Wonsan-Kalma ကမ္း႐ိုတန္း ခရီးသြားဇုန္သို႔လာေရာက္လည္ပတ္ဖြယ္ရွိေနသည္ဟု ေမွ်ာ္လင့္ေၾကာင္း ေျပာသည္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာဗ့္သည္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အဆိုပါ အပန္းေျဖစခန္းအသစ္ကို သြားေရာက္လည္ပတ္ခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယားခရီးသြားလုပ္ငန္း တာဝန္ရွိသူမ်ား က ႏိုင္ငံျခားသားခရီးသြားမ်ားကို Wonsan-Kalma ကမ္း႐ိုတန္းခရီးသြားဇုန္သို႔ ထပ္မံသြားေရာက္ခြင့္ေပးမည္ မဟုတ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။
ေျမာက္ကိုရီးယား ႏိုင္ငံေခါင္းေဆာင္ ကင္ဂ်ဳံအမ္သည္ ႏိုင္ငံခရီးသြားလုပ္ငန္းပိုမိုဖြံ႕ၿဖိဳးတိုးတက္ရန္ လိုလားေန ေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားႏိုင္ငံသည္ ၿပီးခဲ့သည့္ႏွစ္တြင္ ႐ုရွားခရီးသြားမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေနာက္ပိုင္း ႏိုင္ငံအတြင္းသို႔ လာေရာက္လည္ပတ္ခြင့္ျပဳခဲ့သလို ယခုႏွစ္တြင္ အေနာက္အုပ္စုႏိုင္ငံ၏ ခရီးသြားလုပ္ငန္းမ်ားကိုလည္း ျပန္လည္ဝင္ေရာက္ခြင့္ျပဳခဲ့သည္။

Related news

© 2021. All rights reserved.