ဆီးရီးယားကို အစ္စရေးက တိုက်ခိုက်မှုများအပေါ်ထောက်ခံမည်မဟုတ်ဟု အမေရိကန်အစိုးရပြော

 119

ဂျန်ဇက် (NP News) - ဇူလိုင် ၂ဝ
ဆီးရီးယားနိုင်ငံအပေါ် အစ္စရေးစစ်တပ်၏ တိုက်ခိုက်ခြင်းများကို အမေရိကန်နိုင်ငံအနေဖြင့် ထောက်ခံမည်မဟုတ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
ဆီးရီးယား ယာယီသမ္မတ အာမက် အယ်ရှာရာက အစ္စရေးသည် ဆီးရီးယားနိုင်ငံကို ဖျက်ဆီးရန်ကြိုးပမ်းနေ ကြောင်း၊ ဆီးရီးယားနိုင်ငံအတွင်းရှိ လူနည်းစု ဒရူဇီလူမျိုးစုကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ကတိပြုပြောဆိုလိုက် သည်။ ဆီးရီးယားနိုင်ငံတွင် ဇူလိုင်လ(၁၃)ရက်က ဒရူဇီလူမျိုးစုနှင့် ဆွန်နီ ဒီဘိုအင် လူမျိုးစုများကြား အငြင်းပွားမှု များကြောင့် အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ဆီးရီးယားအစိုးရ၏ လုံခြုံရေးအဖွဲ့များက ဒရူဇီလူမျိုးစုများ ကို ပစ်မှတ်ထားဖြိုခွင်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ဒရူဇီလူမျိုးစုများသည် အစ္စရေးနိုင်ငံကို အကူညီပေးရန် တောင်းဆိုခဲ့ပြီးနောက် အစ္စရေးနိုင်ငံကဆီးရီးယား အစိုးရ ရုံးစိုက်ရာမြို့များကို ဇူလိုင် (၁၅)ရက်တွင် စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တန်မီဘရုစ်က ‘ဆီးရီးယားနိုင်ငံအပေါ်ပြုလုပ်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ကူညီထောက်ခံပေးတာမရှိဘူး၊ အမေရိကန်အစိုးရဟာ အစ္စရေးနဲ့ ဆီးရီးယားနိုင်ငံကြား လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်အောင် နှစ်နိုင်ငံစလုံးကအဆင့်မြင့်အရာရှိကြီးတွေ ပါဝင်တဲ့သူတွေနဲ့ သံတမန်ရေး လမ်း ကြောင်းက စေ့စပ်ဆွေးနွေးပေးနေတယ်။ အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ နှစ်နိုင်ငံ စလုံးဟာ သဘောတူညီမှုတွေရ မှာပါ’ ဟုပြောသည်။
ဆီးရီးယားနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့်အကြမ်းဖက်တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချကြောင်း၊ တင်းမာမှုများ လျှော့ချနိုင်ရန် ပါဝင်နေသည့်အဖွဲ့အစည်းအားလုံး စေ့စပ်ဆွေးနွေးရမည်ဖြစ်ကြောင်း၊ အမေရိကန် အစိုးရက ပြောသည်။
အမေရိကန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူကာရိုလိုင်း လီဗစ်က ‘ဆီးရီးယားအစိုးရဟာ လက်ရှိပြဿနာတွေ ဖြစ်ပွားနေတဲ့နေရာတွေကနေ လုံခြုံရေးတပ်ဖွဲ့တွေ ပြန်လည်ရုပ်သိမ်းဖို့ သဘောတူညီခဲ့တယ်။ ကျွန်မတို့ဟာ အခြေအနေတွေကို စောင့်ကြည့်နေပါတယ်’ ဟုပြောသည်။ ဆီးရီးယားနိုင်ငံတွင် ဇူလိုင်လ (၁၃)ရက်က ဒရူဇီ လူမျိုးကုန်သည်တစ်ဦးပြန်ပေးဆွဲခံရပြီးနောက် လူနည်းစု ဒရူဇီလူမျိုးများနှင့် လူများစုဆွန်နီလူမျိုးများကြား အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အစ္စရေးနိုင်ငံက ဇူလိုင်လ(၁၅)ရက်တွင် ဒရူဇီလူမျိုးများကို ကာကွယ်ပေးရန် နှင့် ဒရူဇီလူမျိုးများကို တိုက်ခိုက်သည့် ဆီးရီးယားအစိုးရလိုလား သူအဖွဲ့များကို ဖယ်ရှားရန် စစ်ရေးကျူးကျော်မှု များ စတင်ခဲ့ကြောင်း သိရသည်။
အစ္စရေးအစိုးရသည် အမေရိကန်အစိုးရက တားမြစ်နေသည့်ကြားမှ ဆီးရီးယားနိုင်ငံရှိ အစိုးရရုံးစိုက်ရာမြို့များကို ပစ်မှတ်ထားပြီးလေကြောင်း တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
ဆီးရီးယားကို အစၥေရးက တိုက္ခိုက္မႈမ်ားအေပၚေထာက္ခံမည္မဟုတ္ဟု အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂ဝ
ဆီးရီးယားႏိုင္ငံအေပၚ အစၥေရးစစ္တပ္၏ တိုက္ခိုက္ျခင္းမ်ားကို အေမရိကန္ႏိုင္ငံအေနျဖင့္ ေထာက္ခံမည္မဟုတ္ ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္သည္။
ဆီးရီးယား ယာယီသမၼတ အာမက္ အယ္ရွာရာက အစၥေရးသည္ ဆီးရီးယားႏိုင္ငံကို ဖ်က္ဆီးရန္ႀကိဳးပမ္းေန ေၾကာင္း၊ ဆီးရီးယားႏိုင္ငံအတြင္းရွိ လူနည္းစု ဒ႐ူဇီလူမ်ိဳးစုကို ကာကြယ္ေပးမည္ျဖစ္ေၾကာင္း ကတိျပဳေျပာဆိုလိုက္ သည္။ ဆီးရီးယားႏိုင္ငံတြင္ ဇူလိုင္လ(၁၃)ရက္က ဒ႐ူဇီလူမ်ိဳးစုႏွင့္ ဆြန္နီ ဒီဘိုအင္ လူမ်ိဳးစုမ်ားၾကား အျငင္းပြားမႈ မ်ားေၾကာင့္ အျပန္အလွန္တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ရာ ဆီးရီးယားအစိုးရ၏ လုံၿခဳံေရးအဖြဲ႕မ်ားက ဒ႐ူဇီလူမ်ိဳးစုမ်ား ကို ပစ္မွတ္ထားၿဖိဳခြင္းခဲ့ေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့သည္။
ဒ႐ူဇီလူမ်ိဳးစုမ်ားသည္ အစၥေရးႏိုင္ငံကို အကူညီေပးရန္ ေတာင္းဆိုခဲ့ၿပီးေနာက္ အစၥေရးႏိုင္ငံကဆီးရီးယား အစိုးရ ႐ုံးစိုက္ရာၿမိဳ႕မ်ားကို ဇူလိုင္ (၁၅)ရက္တြင္ စတင္ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ တန္မီဘ႐ုစ္က ‘ဆီးရီးယားႏိုင္ငံအေပၚျပဳလုပ္ေနတဲ့ အစၥေရးရဲ႕တိုက္ခိုက္မႈေတြကို ကူညီေထာက္ခံေပးတာမရွိဘူး၊ အေမရိကန္အစိုးရဟာ အစၥေရးနဲ႔ ဆီးရီးယားႏိုင္ငံၾကား လက္ရွိျဖစ္ပြားေနတဲ့ ျပႆနာေတြကိုေျဖရွင္းႏိုင္ေအာင္ ႏွစ္ႏိုင္ငံစလုံးကအဆင့္ျမင့္အရာရွိႀကီးေတြ ပါဝင္တဲ့သူေတြနဲ႔ သံတမန္ေရး လမ္း ေၾကာင္းက ေစ့စပ္ေဆြးေႏြးေပးေနတယ္။ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္တဲ့ ႏွစ္ႏိုင္ငံ စလုံးဟာ သေဘာတူညီမႈေတြရ မွာပါ’ ဟုေျပာသည္။
ဆီးရီးယားႏိုင္ငံအတြင္း လက္ရွိျဖစ္ပြားေနသည့္အၾကမ္းဖက္တိုက္ခိုက္မႈမ်ားကို ျပစ္တင္ရႈတ္ခ်ေၾကာင္း၊ တင္းမာမႈမ်ား ေလွ်ာ့ခ်ႏိုင္ရန္ ပါဝင္ေနသည့္အဖြဲ႕အစည္းအားလုံး ေစ့စပ္ေဆြးေႏြးရမည္ျဖစ္ေၾကာင္း၊ အေမရိကန္ အစိုးရက ေျပာသည္။
အေမရိကန္အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူကာ႐ိုလိုင္း လီဗစ္က ‘ဆီးရီးယားအစိုးရဟာ လက္ရွိျပႆနာေတြ ျဖစ္ပြားေနတဲ့ေနရာေတြကေန လုံၿခဳံေရးတပ္ဖြဲ႕ေတြ ျပန္လည္႐ုပ္သိမ္းဖို႔ သေဘာတူညီခဲ့တယ္။ ကြၽန္မတို႔ဟာ အေျခအေနေတြကို ေစာင့္ၾကည့္ေနပါတယ္’ ဟုေျပာသည္။ ဆီးရီးယားႏိုင္ငံတြင္ ဇူလိုင္လ (၁၃)ရက္က ဒ႐ူဇီ လူမ်ိဳးကုန္သည္တစ္ဦးျပန္ေပးဆြဲခံရၿပီးေနာက္ လူနည္းစု ဒ႐ူဇီလူမ်ိဳးမ်ားႏွင့္ လူမ်ားစုဆြန္နီလူမ်ိဳးမ်ားၾကား အၾကမ္းဖက္ တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီး အစၥေရးႏိုင္ငံက ဇူလိုင္လ(၁၅)ရက္တြင္ ဒ႐ူဇီလူမ်ိဳးမ်ားကို ကာကြယ္ေပးရန္ ႏွင့္ ဒ႐ူဇီလူမ်ိဳးမ်ားကို တိုက္ခိုက္သည့္ ဆီးရီးယားအစိုးရလိုလား သူအဖြဲ႕မ်ားကို ဖယ္ရွားရန္ စစ္ေရးက်ဴးေက်ာ္မႈ မ်ား စတင္ခဲ့ေၾကာင္း သိရသည္။
အစၥေရးအစိုးရသည္ အေမရိကန္အစိုးရက တားျမစ္ေနသည့္ၾကားမွ ဆီးရီးယားႏိုင္ငံရွိ အစိုးရ႐ုံးစိုက္ရာၿမိဳ႕မ်ားကို ပစ္မွတ္ထားၿပီးေလေၾကာင္း တိုက္ခိုက္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.