အသံရဲ့အမြန်နှုန်းနဲ့ အနီးစပ်ဆုံးပျံနိုင်တဲ့ skydiver အဖြစ်စံချိန်တင်ထားသူ ဖိလစ်ဘာရူမ်ဂတ်နာ လေထီးခုန်ရင်း မတော်တဆဖြစ်ကာ သေဆုံး

78

ရောင်နီ (NP News) - ဇူလိုင် ၂ဝ
သြစတြီးယား အားကစားရှေ့ဆောင် (အသံရဲ့အမြန်နှုန်းနဲ့ အနီးစပ်ဆုံး ပျံနိုင်တဲ့ skydiver အဖြစ် စံချိန်တင်ထားသူ) ဖိလစ်ဘာရူမ်ဂတ်နာ (၅၆ နှစ်) ဟာ ကြာသပတေးနေ့(ဇူလိုင် ၁၇ ရက်) က အီတလီနိုင်ငံ အလယ်ပိုင်း၊ ပါရာဂလစ်မှာ လေထီးခုန်ရင်း မတော်တဆမှုဖြစ်ကာ သေဆုံးသွားခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့ ပါတယ်။
ဘာရူမ်ဂတ်နာဟာ အီတလီနိုင်ငံအလယ်ပိုင်း၊ မာချီဒေသရှိ ပေါ်တိုဆန့်အယ်လ်ပီဒီယိုမှာ ပျံဝဲနေစဉ် မော်တော်ယာဥ်ပျံ ထိန်းချုပ်မှု အဆင်မပြေဖြစ်ခဲ့ပြီး ဟိုတယ်တစ်ခုရဲ့ရေကူးကန်အနီး မြေပြင်ပေါ်ပြုတ်ကျကာ လဲကျသွားခဲ့ပါတယ်။ မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ ပေါ်တိုဆန့်ကယ်ပီဒီယို မြို့တော်ဝန် မက်စီမီလီရာနိုစီရာပဲလာ က
မစ္စတာ ဖိလစ်ဟာ လေထဲမှာ ရုတ်တရက် ဆေးဘက်ဆိုင်ရာပြဿနာတစ်ခုကြုံတွေ့ခဲ့ရပြီး ကွယ်လွန်ခဲ့တယ်လို့ဆို ကာ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်းကို ဖော်ပြခဲ့ပါတယ်။
မစ္စတာ ဖိလစ်ဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလက အထူးပြုလုပ်ထားတဲ့ ဝတ်စုံကို ဝတ်ဆင်ကာ ကမ္ဘာမြေပြင်အထက် ၃၉ ကီလိုမီတာအကွာ၊ မီးပုံးပျံတစ်ခုမှ skydiver လုပ်ခဲ့ပြီး ပုံမှန် တစ်နာရီ ကီလိုမီတာ ၁၂၀၀ နှုန်းထိရှိမယ့် အသံအရှိန်နဲ့ အနီးစပ်ဆုံး ၁,၃၅၇.၆ ကီလိုမီတာထိ ရောက်ရှိပျံသန်းနိုင်ခဲ့တဲ့ ပထမဆုံး skydiver ဖြစ်ပါတယ်။

Zawgyi Version:
အသံရဲ႕အျမန္ႏႈန္းနဲ႔ အနီးစပ္ဆုံးပ်ံႏိုင္တဲ့ skydiver အျဖစ္စံခ်ိန္တင္ထားသူ ဖိလစ္ဘာ႐ူမ္ဂတ္နာ ေလထီးခုန္ရင္း မေတာ္တဆျဖစ္ကာ ေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၂ဝ
ၾသစႀတီးယား အားကစားေရွ႕ေဆာင္ (အသံရဲ႕အျမန္ႏႈန္းနဲ႔ အနီးစပ္ဆုံး ပ်ံႏိုင္တဲ့ skydiver အျဖစ္ စံခ်ိန္တင္ထားသူ) ဖိလစ္ဘာ႐ူမ္ဂတ္နာ (၅၆ ႏွစ္) ဟာ ၾကာသပေတးေန႔(ဇူလိုင္ ၁၇ ရက္) က အီတလီႏိုင္ငံ အလယ္ပိုင္း၊ ပါရာဂလစ္မွာ ေလထီးခုန္ရင္း မေတာ္တဆမႈျဖစ္ကာ ေသဆုံးသြားခဲ့တယ္လို႔ ေဒသဆိုင္ရာ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ ပါတယ္။
ဘာ႐ူမ္ဂတ္နာဟာ အီတလီႏိုင္ငံအလယ္ပိုင္း၊ မာခ်ီေဒသရွိ ေပၚတိုဆန႔္အယ္လ္ပီဒီယိုမွာ ပ်ံဝဲေနစဥ္ ေမာ္ေတာ္ယာဥ္ပ်ံ ထိန္းခ်ဳပ္မႈ အဆင္မေျပျဖစ္ခဲ့ၿပီး ဟိုတယ္တစ္ခုရဲ႕ေရကူးကန္အနီး ေျမျပင္ေပၚျပဳတ္က်ကာ လဲက်သြားခဲ့ပါတယ္။ မေတာ္တဆမႈျဖစ္ရတဲ့ အေၾကာင္းရင္းကို မသိရေသးပါဘူး။ ေပၚတိုဆန႔္ကယ္ပီဒီယို ၿမိဳ႕ေတာ္ဝန္ မက္စီမီလီရာႏိုစီရာပဲလာ က
မစၥတာ ဖိလစ္ဟာ ေလထဲမွာ ႐ုတ္တရက္ ေဆးဘက္ဆိုင္ရာျပႆနာတစ္ခုႀကဳံေတြ႕ခဲ့ရၿပီး ကြယ္လြန္ခဲ့တယ္လို႔ဆို ကာ ေသဆုံးမႈအတြက္ ဝမ္းနည္းေၾကာင္းကို ေဖာ္ျပခဲ့ပါတယ္။
မစၥတာ ဖိလစ္ဟာ ၂၀၁၂ ခုႏွစ္ ေအာက္တိုဘာလက အထူးျပဳလုပ္ထားတဲ့ ဝတ္စုံကို ဝတ္ဆင္ကာ ကမာၻေျမျပင္အထက္ ၃၉ ကီလိုမီတာအကြာ၊ မီးပုံးပ်ံတစ္ခုမွ skydiver လုပ္ခဲ့ၿပီး ပုံမွန္ တစ္နာရီ ကီလိုမီတာ ၁၂၀၀ ႏႈန္းထိရွိမယ့္ အသံအရွိန္နဲ႔ အနီးစပ္ဆုံး ၁,၃၅၇.၆ ကီလိုမီတာထိ ေရာက္ရွိပ်ံသန္းႏိုင္ခဲ့တဲ့ ပထမဆုံး skydiver ျဖစ္ပါတယ္။