ဖားကန့်တွင် မိုးများပြီး မြေပြိုကျမှုသောကြောင့် သေဆုံးသူ ၁၀ ဦးကျော်နိုင်ကြောင်း ကနဦးသိရ

 198

သက်ပိုင် (NP News) - ဇူလိုင် ၂၁
ဖားကန့်တွင် မိုးများပြီး မြေပြိုကျရာ ယနေ့ (ဇူလိုင်လ ၂၁ ရက်) နေ့လည် (၁၂) နာရီဝန်းကျင်ခန့်အထိ သေဆုံးသူ ၁၀ ဦးကျော်အထိ အထိရှိနိုင်ကြောင်း ဒေသခံ အချို့ထံ မေးမြန်းထားချက်အရ သိရသည်။
မှော်စီစာကျေးရွာ၊ တောင်ယာကုန်းရှိ စိန်စိန် နှင့် ဂျိတ်ပါဝါ ကုမ္ပဏီတို့၏ လုပ်ကွက်ဟောင်းမှ ခေါင်းပေါင်းမြေစာပြိုကျမှုကြောင့် အလုပ်သမားများနားနေရန် တည်ဆောက်ထားသော တဲအိမ်ငယ်တစ်လုံးနှင့် ဆိုင်ကယ်သုံးစီးခန့် မြေပုံအောက်သို့ ရောက်ရှိသွားကြောင်း သိရသည်။
“မိုးတွေရွာတော့ ခေါင်းပေါင်းမြေစာ ပြိုကျတာ။ ကျောက်ရှာနေတဲ့သူတွေနဲ့ တဲတစ်လုံးတော့ မြေစာပုံအောက် ရောက်သွားတယ်။ ဖြစ်ခါစက အလောင်းတစ်လောင်းပဲ ဖော်လို့ရသေးတယ်။ ဘယ်သူဘယ်ဝါမှန်းတော့ မသိရသေးဘူး” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
NP News က ကနဦး စုံစမ်း၊ မေးမြန်းကာ သိရှိရသော အချက်အလက်များအရ သေဆုံးသူ ၁၀ ဦးကျော်အထိ ရှိနေပြီဖြစ်ကာ ၁၇ ဦးခန့် အထိသေဆုံးနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အဆိုပါအချက်ကို သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးပါ။
လက်ရှိတွင် လုံခင်းဒေသ၌ ကုမ္ပဏီများမှ ကျောက်တူးဖော်မှုများ ရပ်နားထားသော်လည်း စားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် ရေမဆေးကျောက် ရှာဖွေသူများမှာ ကျောက်ရှာနေကြပြီး ယခုကဲ့သို့ မြေပြိုမှုများနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

Zawgyi Version:
ဖားကန႔္တြင္ မိုးမ်ားၿပီး ေျမၿပိဳက်မႈေသာေၾကာင့္ ေသဆုံးသူ ၁၀ ဦးေက်ာ္ႏိုင္ေၾကာင္း ကနဦးသိရ
သက္ပိုင္ (NP News) - ဇူလိုင္ ၂၁
ဖားကန႔္တြင္ မိုးမ်ားၿပီး ေျမၿပိဳက်ရာ ယေန႔ (ဇူလိုင္လ ၂၁ ရက္) ေန႔လည္ (၁၂) နာရီဝန္းက်င္ခန႔္အထိ ေသဆုံးသူ ၁၀ ဦးေက်ာ္အထိ အထိရွိႏိုင္ေၾကာင္း ေဒသခံ အခ်ိဳ႕ထံ ေမးျမန္းထားခ်က္အရ သိရသည္။
ေမွာ္စီစာေက်း႐ြာ၊ ေတာင္ယာကုန္းရွိ စိန္စိန္ ႏွင့္ ဂ်ိတ္ပါဝါ ကုမၸဏီတို႔၏ လုပ္ကြက္ေဟာင္းမွ ေခါင္းေပါင္းေျမစာၿပိဳက်မႈေၾကာင့္ အလုပ္သမားမ်ားနားေနရန္ တည္ေဆာက္ထားေသာ တဲအိမ္ငယ္တစ္လုံးႏွင့္ ဆိုင္ကယ္သုံးစီးခန႔္ ေျမပုံေအာက္သို႔ ေရာက္ရွိသြားေၾကာင္း သိရသည္။
“မိုးေတြ႐ြာေတာ့ ေခါင္းေပါင္းေျမစာ ၿပိဳက်တာ။ ေက်ာက္ရွာေနတဲ့သူေတြနဲ႔ တဲတစ္လုံးေတာ့ ေျမစာပုံေအာက္ ေရာက္သြားတယ္။ ျဖစ္ခါစက အေလာင္းတစ္ေလာင္းပဲ ေဖာ္လို႔ရေသးတယ္။ ဘယ္သူဘယ္ဝါမွန္းေတာ့ မသိရေသးဘူး” ဟု ေဒသခံ တစ္ဦးက ဆိုသည္။
NP News က ကနဦး စုံစမ္း၊ ေမးျမန္းကာ သိရွိရေသာ အခ်က္အလက္မ်ားအရ ေသဆုံးသူ ၁၀ ဦးေက်ာ္အထိ ရွိေနၿပီျဖစ္ကာ ၁၇ ဦးခန႔္ အထိေသဆုံးႏိုင္ေၾကာင္း သတင္းမ်ား ထြက္ေပၚေနေသာ္လည္း အဆိုပါအခ်က္ကို သီးသန႔္အတည္ျပဳႏိုင္ျခင္း မရွိေသးပါ။
လက္ရွိတြင္ လုံခင္းေဒသ၌ ကုမၸဏီမ်ားမွ ေက်ာက္တူးေဖာ္မႈမ်ား ရပ္နားထားေသာ္လည္း စားဝတ္ေနေရးအတြက္ တစ္ပိုင္တစ္ႏိုင္ ေရမေဆးေက်ာက္ ရွာေဖြသူမ်ားမွာ ေက်ာက္ရွာေနၾကၿပီး ယခုကဲ့သို႔ ေျမၿပိဳမႈမ်ားႏွင့္ ႀကဳံေတြ႕ရျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားကဆိုသည္။

Related news

© 2021. All rights reserved.