အမေရိကန်မှာ အင်ဂျင်မီးလောင်သွားခဲ့တဲ့ ဘိုးရင်းလေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်မှုတွေလုပ်ဆောင်ခဲ့ရ

211

Pika (NP News) - ဇူလိုင် ၂၂
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ကိုပျံသန်းမယ့် Delta လေကြောင်းလိုင်းရဲ့ ဘိုးရင်းလေယာဉ်တစ်င်းဟာ မြေပြင်ကနေပျံတက်ပြီးနောက်မကြာခင်မှာပဲ အင်ဂျင်တစ်လုံးမီးလောင်ကျွမ်းသွားခဲ့ပြီးနောက် လော့စ်အိန်ဂျလိစ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
မြေပြင်ကနေရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ဘိုးရင်း 767-400 လေယာဉ်ဟာ လော့စ်အိန်ဂျလိစ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အရေးပေါ်ဆင်းသက်လာမှုနဲ့အတူ ၎င်းရဲ့ဘယ်ဖက်အင်ဂျင်ကနေ မီးတောက်တွေ ထွက်ပေါ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ပျံသန်းမှုခြေရာခံဝက်ဘ်ဆိုက် Flightradar24 ရဲ့ အဆိုအရ ဘိုးရင်း767-400 လေယာဉ်ဟာ ဘယ်ဖက်အင်ဂျင်မီးလောင်သွားတာကို သိပြီးပြီးချင်းမှာပဲ အရေးပေါ်ဆင်းသက်မှုတွေ လုပ်ဆောင်ဖို့ ပြန်လှည့်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့လည်း အဲဒီဖြစ်ရပ်အတွင်း ခရီးသည်နဲ့အမှုထမ်းတွေ ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိခဲ့ကြောင်းနဲ့ အရေးပေါ်ဆင်းသက်မှုတွေ လုပ်ဆောင်ပြီးနောက် မကြာခင်မှာပဲ အောင်မြင်စွာမီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် မီးလောင်ကျွမ်းရတဲ့အကြောင်းအရင်းတွေကို ဆုံးဖြတ်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ Federal Aviation Administration ကပြောကြားခဲ့ပါတယ်။ Delta လေကြောင်းလိုင်းရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "လေယာဉ်ရဲ့ ဘယ်ဖက်အင်ဂျင်မှာ ပြဿနာတွေရှိတာကို အချက်ပြမှုတွေ ရပြီးပြီးချင်းမှာပဲ ဘိုးရင်း767-400လေယာဉ်ဟာ လော့စ်အိန်ဂျလိစ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ချက်ချင်းပြန်လှည့်ခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။
zawgyi version
အေမရိကန္မွာ အင္ဂ်င္မီးေလာင္သြားခဲ့တဲ့ ဘိုးရင္းေလယာဥ္တစ္စင္း အေရးေပၚဆင္းသက္မႈေတြလုပ္ေဆာင္ခဲ့ရ
Pika (NP News) - ဇူလိုင္ ၂၂
အေမရိကန္ႏိုင္ငံ ေဂ်ာ္ဂ်ီယာျပည္နယ္ အတၱလန္တာၿမိဳ႕ကိုပ်ံသန္းမယ့္ Delta ေလေၾကာင္းလိုင္းရဲ႕ ဘိုးရင္းေလယာဥ္တစ္င္းဟာ ေျမျပင္ကေနပ်ံတက္ၿပီးေနာက္မၾကာခင္မွာပဲ အင္ဂ်င္တစ္လုံးမီးေလာင္ကြၽမ္းသြားခဲ့ၿပီးေနာက္ ေလာ့စ္အိန္ဂ်လိစ္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို အေရးေပၚဆင္းသက္ခဲ့ရတယ္လို႔ သိရပါတယ္။
ေျမျပင္ကေန႐ိုက္ကူးထားခဲ့တဲ့ ဗီဒီယိုဖိုင္တစ္ခုမွာ ဘိုးရင္း 767-400 ေလယာဥ္ဟာ ေလာ့စ္အိန္ဂ်လိစ္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို အေရးေပၚဆင္းသက္လာမႈနဲ႔အတူ ၎ရဲ႕ဘယ္ဖက္အင္ဂ်င္ကေန မီးေတာက္ေတြ ထြက္ေပၚေနတာကို ေတြ႕ျမင္ခဲ့ရပါတယ္။ ပ်ံသန္းမႈေျခရာခံဝက္ဘ္ဆိုက္ Flightradar24 ရဲ႕ အဆိုအရ ဘိုးရင္း767-400 ေလယာဥ္ဟာ ဘယ္ဖက္အင္ဂ်င္မီးေလာင္သြားတာကို သိၿပီးၿပီးခ်င္းမွာပဲ အေရးေပၚဆင္းသက္မႈေတြ လုပ္ေဆာင္ဖို႔ ျပန္လွည့္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါေပမဲ့လည္း အဲဒီျဖစ္ရပ္အတြင္း ခရီးသည္နဲ႔အမႈထမ္းေတြ ထိခိုက္ဒဏ္ရာရရွိတာမ်ိဳး မရွိခဲ့ေၾကာင္းနဲ႔ အေရးေပၚဆင္းသက္မႈေတြ လုပ္ေဆာင္ၿပီးေနာက္ မၾကာခင္မွာပဲ ေအာင္ျမင္စြာမီးၿငိမ္းသတ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ မီးေလာင္ကြၽမ္းရတဲ့အေၾကာင္းအရင္းေတြကို ဆုံးျဖတ္ဖို႔အတြက္ စုံစမ္းစစ္ေဆးမႈတစ္ခုကို လုပ္ေဆာင္ခဲ့တယ္လို႔ Federal Aviation Administration ကေျပာၾကားခဲ့ပါတယ္။ Delta ေလေၾကာင္းလိုင္းရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "ေလယာဥ္ရဲ႕ ဘယ္ဖက္အင္ဂ်င္မွာ ျပႆနာေတြရွိတာကို အခ်က္ျပမႈေတြ ရၿပီးၿပီးခ်င္းမွာပဲ ဘိုးရင္း767-400ေလယာဥ္ဟာ ေလာ့စ္အိန္ဂ်လိစ္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ခ်က္ခ်င္းျပန္လွည့္ခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။