နောင်ချိုတွင် TNLA၏ အတင်းအဓမ္မလူသစ်စုဆောင်းခံရသော DPLAအဖွဲ့ဝင် (၁၉)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာ

613

သန့်ဇင်(NP News)-ဇူလိုင် ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုတွင် TNLA၏ အတင်းအဓမ္မလူသစ်စုဆောင်းခံရသော DPLAအဖွဲ့ဝင် (၁၉)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်အနေဖြင့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသား ပြည်သူများက တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင် များအနေဖြင့် လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
ယမန်နေ့(ဇူလိုင်လ ၂၂ရက်)က DPLA အဖွဲ့ဝင် (၁၉) ဦးတို့သည် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး နီးစပ်ရာတပ်မတော်စ ခန်းများမှတစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လခဲ့ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ကနဦးပြောကြားချက်များအရ အများစုသည် ရိုးသားစွာတောင်ယာ လုပ်ငန်းလုပ်ကိုင် နေကြသူများဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ အတင်းအဓမ္မခြိမ်းခြောက်ဖမ်းဆီး၍ လူသစ်စုဆောင်းခံရသူများဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် သီပေါမြို့၏ အနောက်ဘက် (၁၀) မိုင်ခန့်အကွာ မန်လွယ်ကျေးရွာအနီးတွင် သင်တန်းတက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း သည့်အခါ နယ်မြေအလိုက်အခြေပြုလှုပ်ရှားသည့် ကျေးရွာများ၊ တောတွင်းစခန်းများတွင် အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် လူ့အခွင့်အရေး များဆုံးရှုံးကာ နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကိုခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် အဓမ္မစေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကို လက်ခံနိုင်ခြင်း မရှိတော့ သည့်အတွက် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုသဖြင့် အင်ကြင်းကုန်းကျေးရွာမှ တစ်ဆင့် သုံးဆယ်ကျေးရွာ၊ ထိုမှတစ်ဆင့် လွယ်ခွန်ကျေးရွာ၊ ၎င်းမှတစ်ဆင့် ဇီးဖြူပင်ကျေးရွာ လမ်းကြောင်းအတိုင်း ထွက်ခွာလာခဲ့ပြီး နောင်ချိုမြို့နယ်၊ ယင်းငူပင်ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်း ထံသို့ သတင်းပို့ကာ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံအဖွဲ့ဝင်များ ဥပဒေဘောင်အတွင်း ဝင်ရောက်လာမှုအနေဖြင့် ဇူလိုင်လ ၁၇ ရက်မှ ဇူလိုင်လ ၂၂ရက်အထိ TNLA အဖွဲ့ဝင် ၄ ဦး ၊ MDY-PDF အဖွဲ့ဝင် ၁၅ ဦးနှင့် DPLA အဖွဲ့ဝင် ၄၁ ဦးဖြစ်ပြီး လက်နက်မျိုးစုံ ၁၃ လက်နှင့် ကျည် မျိုးစုံ ၁၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေနာင္ခ်ိဳတြင္ TNLA၏ အတင္းအဓမၼလူသစ္စုေဆာင္းခံရေသာ DPLAအဖြဲ႕ဝင္ (၁၉)ဦး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာ
သန႔္ဇင္(NP News)-ဇူလိုင္ ၂၃
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳတြင္ TNLA၏ အတင္းအဓမၼလူသစ္စုေဆာင္းခံရေသာ DPLAအဖြဲ႕ဝင္ (၁၉)ဦး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
တပ္မေတာ္အေနျဖင့္ ေတာင္ခမ္းေဒသတစ္ဝိုက္ႏွင့္ ေနာင္ခ်ိဳၿမိဳ႕တို႔ကို အၿပီးတိုင္ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့မႈအေပၚ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားက တပ္မေတာ္ႏွင့္အတူ ပူးေပါင္းပါဝင္ေဆာင္႐ြက္လာခဲ့ျခင္းမ်ားေၾကာင့္ လက္နက္ကိုင္အၾကမ္းဖက္အဖြဲ႕ဝင္ မ်ားအေနျဖင့္ လည္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအေပၚ နားလည္သေဘာေပါက္လာၾကကာ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လ်က္ ရွိေၾကာင္း သိရသည္။
ယမန္ေန႔(ဇူလိုင္လ ၂၂ရက္)က DPLA အဖြဲ႕ဝင္ (၁၉) ဦးတို႔သည္ ဥပေဒေဘာင္အတြင္း ၿငိမ္းခ်မ္းစြာေနထိုင္လိုျခင္း၊ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားအား ယုံၾကည္လက္ခံျခင္းတို႔ေၾကာင့္ လက္နက္ကိုင္လမ္းစဥ္အား စြန႔္လႊတ္ၿပီး နီးစပ္ရာတပ္မေတာ္စ ခန္းမ်ားမွတစ္ဆင့္ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လခဲ့ေၾကာင္း သိရသည္။
ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသူမ်ား၏ ကနဦးေျပာၾကားခ်က္မ်ားအရ အမ်ားစုသည္ ႐ိုးသားစြာေတာင္ယာ လုပ္ငန္းလုပ္ကိုင္ ေနၾကသူမ်ားျဖစ္ၿပီး အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ အတင္းအဓမၼၿခိမ္းေျခာက္ဖမ္းဆီး၍ လူသစ္စုေဆာင္းခံရသူမ်ားျဖစ္ေၾကာင္း သိရသည္။
၎တို႔သည္ သီေပါၿမိဳ႕၏ အေနာက္ဘက္ (၁၀) မိုင္ခန႔္အကြာ မန္လြယ္ေက်း႐ြာအနီးတြင္ သင္တန္းတက္ေရာက္ခဲ့ၾကၿပီး သင္တန္းဆင္း သည့္အခါ နယ္ေျမအလိုက္အေျချပဳလႈပ္ရွားသည့္ ေက်း႐ြာမ်ား၊ ေတာတြင္းစခန္းမ်ားတြင္ အေနဆင္းရဲ၊ အစားဆင္းရဲျဖင့္ လူ႔အခြင့္အေရး မ်ားဆုံးရႈံးကာ နည္းမ်ိဳးစုံျဖင့္ ညႇဥ္းပန္းႏွိပ္စက္မႈဒဏ္ကိုခံခဲ့ရေၾကာင္း သိရသည္။
ထို႔ျပင္ အဓမၼေစခိုင္းခ်က္အရ အၾကမ္းဖက္လုပ္ငန္းမ်ားကို လုပ္ေဆာင္ခဲ့ရေၾကာင္း၊ အၾကမ္းဖက္လုပ္ရပ္မ်ားကို လက္ခံႏိုင္ျခင္း မရွိေတာ့ သည့္အတြက္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ယုံၾကည္လက္ခံၿပီး ဥပေဒေဘာင္အတြင္း ၿငိမ္းခ်မ္းစြာ ေနထိုင္လိုသျဖင့္ အင္ၾကင္းကုန္းေက်း႐ြာမွ တစ္ဆင့္ သုံးဆယ္ေက်း႐ြာ၊ ထိုမွတစ္ဆင့္ လြယ္ခြန္ေက်း႐ြာ၊ ၎မွတစ္ဆင့္ ဇီးျဖဴပင္ေက်း႐ြာ လမ္းေၾကာင္းအတိုင္း ထြက္ခြာလာခဲ့ၿပီး ေနာင္ခ်ိဳၿမိဳ႕နယ္၊ ယင္းငူပင္ေက်း႐ြာအနီး နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္မေတာ္ စစ္ေၾကာင္း ထံသို႔ သတင္းပို႔ကာ ျပန္လည္ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ PDF အမည္ခံအဖြဲ႕ဝင္မ်ား ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာမႈအေနျဖင့္ ဇူလိုင္လ ၁၇ ရက္မွ ဇူလိုင္လ ၂၂ရက္အထိ TNLA အဖြဲ႕ဝင္ ၄ ဦး ၊ MDY-PDF အဖြဲ႕ဝင္ ၁၅ ဦးႏွင့္ DPLA အဖြဲ႕ဝင္ ၄၁ ဦးျဖစ္ၿပီး လက္နက္မ်ိဳးစုံ ၁၃ လက္ႏွင့္ က်ည္ မ်ိဳးစုံ ၁၅၁၅ ေတာင့္၊ က်ည္အိမ္ ၁၂ ခုႏွင့္အတူ ျပန္လည္ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ PDF အပါအဝင္ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးအမည္ခံ၍ လက္နက္ကိုင္ ဆန႔္က်င္လ်က္ရွိသည့္ အဖြဲ႕အစည္းမ်ားအတြင္း ေရာက္ရွိေနသူမ်ားအား ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ရန္ဖိတ္ေခၚ၍ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လာၾကသူမ်ားကိုလည္း လိုအပ္သည့္ ကူညီပံ့ပိုးမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။