ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့ တောင်းဆိုမှုက မှားယွင်းပြီးအန္တရာယ်များတဲ့လုပ်ရပ်ဖြစ်တယ်လို့ အစ္စရေး ဝေဖန်

 215

Pika (NP News) - ဇူလိုင် ၂၄
ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲကို ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အပြည့်အဝပြန်လည်စတင်ရေးအတွက် နိုင်ငံပေါင်း(၂၈)နိုင်ငံရဲ့ပူးတွဲတောင်းဆိုချက်ဟာ မှားယွင်းပြီး အန္တရာယ်များတယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုရဲ့အကြံပေးတစ်ဦးက ပြောကြားခဲ့ပါတယ်။
အဲဒီပူးတွဲတောင်းဆိုချက်ဟာ ဆက်လက်လုပ်ဆောင်လျက်ရှိတဲ့ဆွေးနွေးညှိနှိုင်းမှုတွေကို ထိခိုက်ပျက်ပြားစေတယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။ ဗြိတိန်၊ ဂျပန်၊ ကနေဒါ၊ ဩစတြေးလျ၊ နော်ဝေး၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ အခြားနိုင်ငံတွေနဲ့အတူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်ဒါဇင်ကျော်က လက်မှတ်ရေးထိုးထားတဲ့ထုတ်ပြန်ကြေညာချက်မှာ ဂါဇာကမ်းမြောင်ဒေသရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းဟာ သည်းမခံနိုင်တဲ့အဆင့်ကိုရောက်ရှိသွားပြီလို့ သတိပေးပြောဆိုထားတာလည်းဖြစ်ပါတယ်။
ဒါ့ပြင် အစားအစာနဲ့ရေကိုရှာဖွေနေတဲ့ကလေးငယ်တွေ အပါအဝင် ပြည်သူတွေကို လူမဆန်စွာသတ်ဖြတ်မှုနဲ့အကူအညီတွေကို နည်းနည်းချင်းစီပေးအပ်နေမှုကို အဲဒီနိုင်ငံတွေရဲ့နိုင်ငံခြားရေးဝန်ကြီးတွေက ပြစ်တင်ရှုတ်ချခဲ့ တယ်လို့လည်း သိရပါတယ်။ အကူအညီတွေကို ရယူဖို့ကြိုးပမ်းစဉ်အချိန်အတွင်း ပါလက်စတိုင်း(၈၀၀)ကျော် သေဆုံးခဲ့ရတယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့အချက်အလက်တွေကို ကိုးကားပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအောက်မှာ လုပ်ဆောင်ဖို့လိုအပ်တဲ့ တာဝန်ဝတ္တရားတွေကို လုပ်ဆောင်ဖို့ ထုတ်ပြန်ချက်ထဲမှာ အစ္စရေးကို တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။
နေတန်ရာဟုရဲ့အကြံပေး Dmitry Gendelman က “ဒီပူးတွဲတောင်းဆိုချက်ဟာ မှားယွင်းပြီးအန္တရာယ်များတဲ့ တောင်းဆိုချက်တစ်ခုပဲဖြစ်ပါတယ်။ ပြီးတော့ ဒီတောင်းဆိုချက်တွေဟာ လက်ရှိလုပ်ဆောင်နေတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကိုလည်း ထိခိုက်ပျက်ပြားစေနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဂါဇာစစ္ပြဲကို အဆုံးသတ္ဖို႔ ေတာင္းဆိုမႈက မွားယြင္းၿပီးအႏၲရာယ္မ်ားတဲ့လုပ္ရပ္ျဖစ္တယ္လို႔ အစၥေရး ေဝဖန္
Pika (NP News) - ဇူလိုင္ ၂၄
ဂါဇာကမ္းေျမာင္ေဒသမွာ စစ္ပြဲကို ခ်က္ခ်င္းရပ္တန႔္ဖို႔နဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေတြ အျပည့္အဝျပန္လည္စတင္ေရးအတြက္ ႏိုင္ငံေပါင္း(၂၈)ႏိုင္ငံရဲ႕ပူးတြဲေတာင္းဆိုခ်က္ဟာ မွားယြင္းၿပီး အႏၲရာယ္မ်ားတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုရဲ႕အႀကံေပးတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
အဲဒီပူးတြဲေတာင္းဆိုခ်က္ဟာ ဆက္လက္လုပ္ေဆာင္လ်က္ရွိတဲ့ေဆြးေႏြးညႇိႏႈိင္းမႈေတြကို ထိခိုက္ပ်က္ျပားေစတယ္လို႔လည္း ၎က ေျပာၾကားခဲ့ပါတယ္။ ၿဗိတိန္၊ ဂ်ပန္၊ ကေနဒါ၊ ဩစေၾတးလ်၊ ေနာ္ေဝး၊ နယူးဇီလန္၊ ဆြစ္ဇာလန္၊ အျခားႏိုင္ငံေတြနဲ႔အတူ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံ တစ္ဒါဇင္ေက်ာ္က လက္မွတ္ေရးထိုးထားတဲ့ထုတ္ျပန္ေၾကညာခ်က္မွာ ဂါဇာကမ္းေျမာင္ေဒသရဲ႕လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအက်ပ္အတည္းဟာ သည္းမခံႏိုင္တဲ့အဆင့္ကိုေရာက္ရွိသြားၿပီလို႔ သတိေပးေျပာဆိုထားတာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ အစားအစာနဲ႔ေရကိုရွာေဖြေနတဲ့ကေလးငယ္ေတြ အပါအဝင္ ျပည္သူေတြကို လူမဆန္စြာသတ္ျဖတ္မႈနဲ႔အကူအညီေတြကို နည္းနည္းခ်င္းစီေပးအပ္ေနမႈကို အဲဒီႏိုင္ငံေတြရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးေတြက ျပစ္တင္ရႈတ္ခ်ခဲ့ တယ္လို႔လည္း သိရပါတယ္။ အကူအညီေတြကို ရယူဖို႔ႀကိဳးပမ္းစဥ္အခ်ိန္အတြင္း ပါလက္စတိုင္း(၈၀၀)ေက်ာ္ ေသဆုံးခဲ့ရတယ္ဆိုတဲ့ ကုလသမဂၢနဲ႔ ဂါဇာကမ္းေျမာင္ေဒသ က်န္းမာေရးဝန္ႀကီးဌာနတို႔ရဲ႕အခ်က္အလက္ေတြကို ကိုးကားၿပီး ႏိုင္ငံတကာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာဥပေဒေအာက္မွာ လုပ္ေဆာင္ဖို႔လိုအပ္တဲ့ တာဝန္ဝတၱရားေတြကို လုပ္ေဆာင္ဖို႔ ထုတ္ျပန္ခ်က္ထဲမွာ အစၥေရးကို တိုက္တြန္းထားတယ္လို႔လည္း သိရပါတယ္။
ေနတန္ရာဟုရဲ႕အႀကံေပး Dmitry Gendelman က “ဒီပူးတြဲေတာင္းဆိုခ်က္ဟာ မွားယြင္းၿပီးအႏၲရာယ္မ်ားတဲ့ ေတာင္းဆိုခ်က္တစ္ခုပဲျဖစ္ပါတယ္။ ၿပီးေတာ့ ဒီေတာင္းဆိုခ်က္ေတြဟာ လက္ရွိလုပ္ေဆာင္ေနတဲ့ ေဆြးေႏြးညႇိႏႈိင္းမႈေတြကိုလည္း ထိခိုက္ပ်က္ျပားေစႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.