အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာတန်ကြေးရှိတဲ့ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်ကို အိန္ဒိယနဲ့ ဗြိတိန်တို့ လက်မှတ်ရေးထိုး

 164

Pika (NP News) - ဇူလိုင် ၂၆
အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံတို့ဟာ အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာတန်ကြေးရှိတဲ့လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် (FTA) ကို လန်ဒန်မြို့မှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ ပြင်သစ်ဝန်ကြီးချုပ်ကီရာစတာမာတို့ဟာ လန်ဒန်မြို့မှာ တွေ့ဆုံစဉ်အချိန်အတွင်း အဲဒီ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် မိုဒီဟာ အဲဒီလက်မှတ်ရေးထိုးမှုကို အောင်မြင်တဲ့မှတ်တိုင်အခိုက်အတန့်တစ်ခုအဖြစ် ခေါ်ဆိုခဲ့ပြီး ကီရာ စတာမာကတော့ ဗြိတိန်ကလက်မှတ်ရေးထိုးခဲ့တဲ့အကြီးဆုံးနဲ့စီးပွားရေးအရ အထင်ရှားဆုံး ကုန်သွယ်ရေး သဘောတူညီချက်အဖြစ် ဖော်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မိုဒီက “နှစ်အတော်ကြာအောင် ကြိုးစားပြီးတဲ့နောက်မှာတော့ ဒီနေ့မှာ အိန္ဒိယနဲ့ဗြိတိန်နိုင်ငံတို့ဟာ ဘက်စုံ စီးပွားရေးနဲ့ ကုန်သွယ်မှုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီသဘောတူညီ ချက်ဟာ အိန္ဒိယအထည်အလိပ်၊ ဖိနပ်၊ ကျောက်မျက်နဲ့ လက်ဝတ်ရတနာတွေ၊ ပင်လယ်စာနဲ့ အင်ဂျင်နီယာ ကုန်ပစ္စည်းတွေ အပါအဝင် အဓိကကဏ္ဍတွေကို မြှင့်တင်ပေးပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီသဘောတူညီချက်အရ အိန္ဒိယနိုင်ငံဟာ ဗြိတိန်သွင်းကုန်တွေအပေါ် ပျမ်းမျှအကောက်ခွန်(၁၅)ရာခိုင်နှုန်းကနေ (၃)ရာခိုင်နှုန်းကို လျှော့ချပေးဖို့ သဘောတူညီခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္ေဒၚလာဘီလ်ံေပါင္းမ်ားစြာတန္ေၾကးရွိတဲ့ လြတ္လပ္စြာကုန္သြယ္မႈသေဘာတူညီခ်က္ကို အိႏၵိယနဲ႔ ၿဗိတိန္တို႔ လက္မွတ္ေရးထိုး
Pika (NP News) - ဇူလိုင္ ၂၆
အိႏၵိယနဲ႔ ၿဗိတိန္ႏိုင္ငံတို႔ဟာ အေမရိကန္ေဒၚလာဘီလ်ံေပါင္းမ်ားစြာတန္ေၾကးရွိတဲ့လြတ္လပ္စြာကုန္သြယ္မႈ သေဘာတူညီခ်က္ (FTA) ကို လန္ဒန္ၿမိဳ႕မွာ လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ သိရပါတယ္။
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီနဲ႔ ျပင္သစ္ဝန္ႀကီးခ်ဳပ္ကီရာစတာမာတို႔ဟာ လန္ဒန္ၿမိဳ႕မွာ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း အဲဒီ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ မိုဒီဟာ အဲဒီလက္မွတ္ေရးထိုးမႈကို ေအာင္ျမင္တဲ့မွတ္တိုင္အခိုက္အတန႔္တစ္ခုအျဖစ္ ေခၚဆိုခဲ့ၿပီး ကီရာ စတာမာကေတာ့ ၿဗိတိန္ကလက္မွတ္ေရးထိုးခဲ့တဲ့အႀကီးဆုံးနဲ႔စီးပြားေရးအရ အထင္ရွားဆုံး ကုန္သြယ္ေရး သေဘာတူညီခ်က္အျဖစ္ ေဖာ္ျပေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
မိုဒီက “ႏွစ္အေတာ္ၾကာေအာင္ ႀကိဳးစားၿပီးတဲ့ေနာက္မွာေတာ့ ဒီေန႔မွာ အိႏၵိယနဲ႔ၿဗိတိန္ႏိုင္ငံတို႔ဟာ ဘက္စုံ စီးပြားေရးနဲ႔ ကုန္သြယ္မႈသေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးႏိုင္ခဲ့တဲ့အတြက္ ဝမ္းသာမိပါတယ္။ ဒီသေဘာတူညီ ခ်က္ဟာ အိႏၵိယအထည္အလိပ္၊ ဖိနပ္၊ ေက်ာက္မ်က္နဲ႔ လက္ဝတ္ရတနာေတြ၊ ပင္လယ္စာနဲ႔ အင္ဂ်င္နီယာ ကုန္ပစၥည္းေတြ အပါအဝင္ အဓိကက႑ေတြကို ျမႇင့္တင္ေပးပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
အဲဒီသေဘာတူညီခ်က္အရ အိႏၵိယႏိုင္ငံဟာ ၿဗိတိန္သြင္းကုန္ေတြအေပၚ ပ်မ္းမွ်အေကာက္ခြန္(၁၅)ရာခိုင္ႏႈန္းကေန (၃)ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ေပးဖို႔ သေဘာတူညီခဲ့တယ္လို႔လည္း သိရပါတယ္။

Picture

Tha Lwin

26/07/2025 11:54

👍👍👍

© 2021. All rights reserved.