အိန္ဒိယနိုင်ငံမှာ စာသင်ကျောင်းအမိုးပြိုကျမှုကြောင့် ကလေးငယ်(၄)ဦးသေဆုံးပြီး (၁၇)ဦးထိခိုက်ဒဏ်ရာရ

146

Pika (NP News) - ဇူလိုင် ၂၆
အိန္ဒိယနိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ်မှာ စာသင်ကျောင်းတစ်ခုရဲ့ခေါင်မိုးပြိုကျခဲ့ပြီးနောက် အနည်းဆုံး ကလေးငယ်(၄)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ရေးသား ဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် အဲဒီပြိုကျမှုအတွင်း အခြားလူဒါဇင်ပေါင်းများစွာဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိ နေနိုင်ဖွယ်ရှိတယ်လို့လည်း ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။
ခေါင်မိုးပြိုကျသွားခဲ့တဲ့စာသင်ကျောင်းဟာ ဟောင်းနွမ်းနေတဲ့အဆောက်အဦးတစ်ခုဖြစ်ပြီး ဒေသတွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ခေါင်မိုးပြိုကျနိုင်ခြေရှိခဲ့တယ်လို့ ဒေသတွင်းရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါ တယ်။ Rajasthan ပညာရေးဝန်ကြီး Madan Dilawar က “ခေါင်မိုးပြိုကျသွားတဲ့အချိန်မှာ စာသင်ခန်းအတွင်းမှာ ကလေးငယ်(၂၅)ဦးကနေ(၃၀)ဦးကြားရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဓါတ်ပုံတွေမှာ ဒေသခံတွေဟာ ပြိုကျမှုဖြစ်ပွားတဲ့နေရာအနီးတစ်ဝိုက်မှာ စုဝေးနေ တာကို တွေ့မြင်ခဲ့ရပါတယ်။ ပြီးတော့ အာဏာပိုင်တွေက အပျက်အစီးတွေကို ကရိန်းကိုအသုံးပြုပြီး ဖယ်ရှားနေ ချိန်မှာ ကလေးငယ်တွေရဲ့မိသားစုဝင်တွေက ငိုကြွေးနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ပြိကျမှုဖြစ်ပွားခဲ့ပြီး နောက် ကျောင်းသား(၃၂)ဦးကို အပျက်အစီးတွေအောက်ကနေ ဘေးကင်းစွာနဲ့ပဲ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြ ခဲ့ပါတယ်။

Zawgyi Version:
အိႏၵိယႏိုင္ငံမွာ စာသင္ေက်ာင္းအမိုးၿပိဳက်မႈေၾကာင့္ ကေလးငယ္(၄)ဦးေသဆုံးၿပီး (၁၇)ဦးထိခိုက္ဒဏ္ရာရ
Pika (NP News) - ဇူလိုင္ ၂၆
အိႏၵိယႏိုင္ငံ အေနာက္ပိုင္း Rajasthan ျပည္နယ္မွာ စာသင္ေက်ာင္းတစ္ခုရဲ႕ေခါင္မိုးၿပိဳက်ခဲ့ၿပီးေနာက္ အနည္းဆုံး ကေလးငယ္(၄)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၁၇)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသတြင္းမီဒီယာေတြက ေရးသား ေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီၿပိဳက်မႈအတြင္း အျခားလူဒါဇင္ေပါင္းမ်ားစြာဟာ အပ်က္အစီးေတြေအာက္မွာ ပိတ္မိ ေနႏိုင္ဖြယ္ရွိတယ္လို႔လည္း ေဒသတြင္းမီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။
ေခါင္မိုးၿပိဳက်သြားခဲ့တဲ့စာသင္ေက်ာင္းဟာ ေဟာင္းႏြမ္းေနတဲ့အေဆာက္အဦးတစ္ခုျဖစ္ၿပီး ေဒသတြင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေခါင္မိုးၿပိဳက်ႏိုင္ေျခရွိခဲ့တယ္လို႔ ေဒသတြင္းရဲအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါ တယ္။ Rajasthan ပညာေရးဝန္ႀကီး Madan Dilawar က “ေခါင္မိုးၿပိဳက်သြားတဲ့အခ်ိန္မွာ စာသင္ခန္းအတြင္းမွာ ကေလးငယ္(၂၅)ဦးကေန(၃၀)ဦးၾကားရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဓါတ္ပုံေတြမွာ ေဒသခံေတြဟာ ၿပိဳက်မႈျဖစ္ပြားတဲ့ေနရာအနီးတစ္ဝိုက္မွာ စုေဝးေန တာကို ေတြ႕ျမင္ခဲ့ရပါတယ္။ ၿပီးေတာ့ အာဏာပိုင္ေတြက အပ်က္အစီးေတြကို ကရိန္းကိုအသုံးျပဳၿပီး ဖယ္ရွားေန ခ်ိန္မွာ ကေလးငယ္ေတြရဲ႕မိသားစုဝင္ေတြက ငိုေႂကြးေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ၿပိက်မႈျဖစ္ပြားခဲ့ၿပီး ေနာက္ ေက်ာင္းသား(၃၂)ဦးကို အပ်က္အစီးေတြေအာက္ကေန ေဘးကင္းစြာနဲ႔ပဲ ကယ္ထုတ္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ရွာေဖြ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္လ်က္ရွိတယ္လို႔ ေဒသတြင္းမီဒီယာေတြက ေရးသားေဖာ္ျပ ခဲ့ပါတယ္။