ခေါင်းဆောင်တွေကြား တွေ့ဆုံမှုအလားအလာကို ရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့တို့ဆွေးနွေး

119

Pika (NP News) - ဇူလိုင် ၂၆
ရုရှားနဲ့ယူကရိန်းတို့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာတွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းသမ္မတဇီလန်စကီးနဲ့ ရုရှားသမ္မတပူတင်တို့ကြား တိုက်ရိုက်တွေ့ဆုံမှုအလားအလာတွေကို ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။
ယူကရိန်းနိုင်ငံဟာ ရုရှားနဲ့ယူကရိန်းသမ္မတတို့ကြားတွေ့ဆုံမှုလုပ်ဆောင်ဖို့ တွန်းအားပေးနေပြီး အဲဒီဆွေးနွေးပွဲတွေ မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ပါဝင်လာဖို့ မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။ ဇီလန်စကီးနဲ့တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပူတင်က ပြောကြားခဲ့ပေမယ့်လည်း အချိန်(၃)နှစ်ကျော်ကြာဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်မယ့် စေ့စပ်ညှိနှိုင်းမှုတွေရဲ့နောက်ဆုံးအဆင့်မှာသာ တွေ့ဆုံမှုတွေ လုပ်ဆောင်သွားမယ်လို့ ၎င်းက အလေးပေးပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက “အလားအလာရှိတဲ့ခေါင်းဆောင်တွေကြားတွေ့ဆုံမှုကနေစတင်ပြီး ကျွန်တော်တို့ဒီစစ်ပွဲကို အဆုံးသတ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့နဲ့တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် သူတို့ဘက်မှာ ဆွေးနွေးမှုတွေ စတင်နေပါပြီ။ ဒါက အစည်းအဝေးပုံစံတစ်မျိုးမျိုးဆီကို ဦးတည်နေတဲ့ တိုးတက်မှုတစ်ခုပဲဖြစ်ပါ တယ်” လို့ ပြောခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက သိသာထင်ရှားတဲ့သဘောတူညီချက်ရယူနိုင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
ေခါင္းေဆာင္ေတြၾကား ေတြ႕ဆုံမႈအလားအလာကို ႐ုရွားနဲ႔ယူကရိန္းကိုယ္စားလွယ္အဖြဲ႕တို႔ေဆြးေႏြး
Pika (NP News) - ဇူလိုင္ ၂၆
႐ုရွားနဲ႔ယူကရိန္းတို႔ရဲ႕ကိုယ္စားလွယ္အဖြဲ႕ေတြဟာ တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယူကရိန္းသမၼတဇီလန္စကီးနဲ႔ ႐ုရွားသမၼတပူတင္တို႔ၾကား တိုက္႐ိုက္ေတြ႕ဆုံမႈအလားအလာေတြကို ေဆြးေႏြးခဲ့ၾက တယ္လို႔ သိရပါတယ္။
ယူကရိန္းႏိုင္ငံဟာ ႐ုရွားနဲ႔ယူကရိန္းသမၼတတို႔ၾကားေတြ႕ဆုံမႈလုပ္ေဆာင္ဖို႔ တြန္းအားေပးေနၿပီး အဲဒီေဆြးေႏြးပြဲေတြ မွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္ ပါဝင္လာဖို႔ ေမွ်ာ္လင့္ေနတယ္လို႔လည္း သိရပါတယ္။ ဇီလန္စကီးနဲ႔ေတြ႕ဆုံဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ပူတင္က ေျပာၾကားခဲ့ေပမယ့္လည္း အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္မယ့္ ေစ့စပ္ညႇိႏႈိင္းမႈေတြရဲ႕ေနာက္ဆုံးအဆင့္မွာသာ ေတြ႕ဆုံမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ၎က အေလးေပးေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက “အလားအလာရွိတဲ့ေခါင္းေဆာင္ေတြၾကားေတြ႕ဆုံမႈကေနစတင္ၿပီး ကြၽန္ေတာ္တို႔ဒီစစ္ပြဲကို အဆုံးသတ္ဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔နဲ႔ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔အတြက္ သူတို႔ဘက္မွာ ေဆြးေႏြးမႈေတြ စတင္ေနပါၿပီ။ ဒါက အစည္းအေဝးပုံစံတစ္မ်ိဳးမ်ိဳးဆီကို ဦးတည္ေနတဲ့ တိုးတက္မႈတစ္ခုပဲျဖစ္ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဖက္စလုံးက သိသာထင္ရွားတဲ့သေဘာတူညီခ်က္ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။