ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲထဲက အရေးကြီးအချက်အလက်များ

 2547

ဂျန်ဇက် (NSS) - ဇူလိုင် ၂၆

ထိုင်းနှင့်ကမ္ဘောဒီးယားအကြား အပြန် အလှန့်ပစ်ခတ်တိုက်ခိုက်မှုများ ဇူလိုင် (၂၄)ရက်တွင် စတင်ခဲ့သည်။
လက်ရှိဖြစ်ပွားနေသည့်စစ်ပွဲက ဆယ်စုနှစ်အတွင်း နှစ်နိုင်ငံကြားဆက်ဆံရေးကိုအဆိုး ရွားဆုံးရောက်ရှိခဲ့ပြီး နိုင်ငံတကာက စစ်ပွဲအဆုံးသတ်စေရန်တောင်းဆိုနေသော်လည်း ထိုင်းနိုင်ငံတွင် အနည်းဆုံး လူပေါင်း (၁၆)ဦး သေဆုံး ထားကြောင်း ထိုင်းအစိုးရကသတင်းထုတ်ပြန်ထားသည်။ ကမ္ဘောဒီးယားစစ်တပ်သည် ရုရှားနိုင်ငံထုတ် BM-21 အတွဲ လိုက် ဒုံးစနစ်ကိုအသုံးပြုပြီး ဇူလိုင် (၂၅) ရက်နံနက်ပိုင်းတည်းက ပစ်ခတ်ခဲ့ပြီး ယူဘွန်ရက်ချာ တာနီဒေသနှင့် ဆူရင် ဒေသများတွင် အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားနေကြောင်း ထိုင်းစစ်တပ်က ပြောသည်။
ထိုင်းစစ်တပ်သည် “Yuttha Bodin” အမည်ရှိ စစ်ဆင်ရေးကို ဇူလိုင် (၂၄) ရက်တွင် စတင်ခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံဘက်ရှိ စစ်အခြေစိုက်စခန်းများကို အက်ဖ် (၁၆) အမျိုးအစား တိုက်လေယာဉ် များဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။ ထိုင်းစစ်တပ်က ‘ကမ္ဘောဒီးယားစစ်တပ်ဟာ BM-21 အတွဲလိုက် ဒုံးစနစ်အပါအဝင် လက်နက်ကြီးတွေအသုံးပြုပြီး ပစ်ခတ်နေတယ်။ ထိုင်းစစ်တပ်ကလည်း ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့တယ်’ဟု သတင်းထုတ်ပြန်ထားသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အငြင်းပွားလျက်ရှိနေသည့်နေရာတွင် တိုက်ပွဲများဖြစ်လာ ခြင်းနှင့်ပတ်သက်ပြီး အပြန် အလှန် ဝေဖန်ပြစ်တင်ခဲ့ပြီး ဇူလိုင် (၂၄) ရက်က နယ်စပ်ဒေသရှိ မတူညီသောဒေသ (၆) ခုတွင်လက်နက်ကြီး၊ လက်နက် ငယ်ကျည်ဆန်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ နယ်စပ်ဒေသပိုင်နက်နယ်မြေအငြင်းပွားမှုများ ရာစုနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီး ထိုင်းစစ်တပ်က လက်ရှိအချိန်တွင် ဒါဇင်နှင့်ချီသောစစ်ကားများ၊ တင့်ကားများ၊ သံချပ် ကာကားများကို ရှေ့တန်း စစ်မျက်နှာပြင်သို့ စေလွှတ်ထားကြောင်းသိရသည်။ တိုက်ပွဲများဖြစ်လာခဲ့ပြီး နောက်ပိုင်း ထိုင်းအစိုးရက ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့သလို ကမ္ဘောဒီးယားသံအမတ်ကြီးကိုလည်း နှင်ထုတ်လိုက် ကာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးအဆိုးရွား ဆုံးဖြစ်ခဲ့ကြောင်းသိရသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်မြေထိစပ်သည့် မိုင်ပေါင်း (၅၀ဝ)ကျော်အတွင်း (၂၀ဝ၈)ခုနှစ်မှ (၂၀၁၃) ခုနှစ်အထိ ပိုင်နက်နယ်မြေ အငြင်းပွားရာမှ အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ဖူးပြီး ထိုင်းနိုင်ငံအရှေ့ မြောက်ပိုင်း Sisaket ဆီဆာ ကက်ဒေသ၊ ကန်တာရာလက်ဒေသ၊ ကမ္ဘောဒီးယားနိုင်ငံ ပရက်ဗီ ဟီရားဒေသနှင့် ခါဆန့် ဒေသကြားရှိ ဒါန်ရက် တောင်ကြားရှိ ဘုရားကျောင်းများသည် နှစ်ပေါင်းများစွာကြာပိုင်နက်နယ်မြေ အငြင်းပွားလျက်ရှိ သည့် နေများဖြစ်သည်။ ထိုင်းနှင့် စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်သည် တရုတ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ဟွန်ဆန်က ငြင်းဆန်ပယ်ချထားသည်။ ဟွန်ဆန်က ၎င်းသည် ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီး၊ ကြယ်ငါးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးများနှင့်အတူ ကန်ဒယ်ဒေသရှိ Bodyguard Headq- uarters (BHQ) စခန်းမှနေပြီး ရှေ့တန်းတွင်တိုက်ပွဲ ဝင်နေသည့်စစ်သားများကို ကြီးကြပ်ကွပ် ကဲနေကြောင်းပြောသည်။
ဟွန်ဆန်က ‘ကျွန်တော်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်တွေ အပါ အဝင် စစ်တပ်တာဝန်ရှိသူတွေနဲ့အတူ ကျူးကျော်သူ ထိုင်းစစ်တပ်ကို တုံ့ပြန်တိုက်ခိုက်ဖို့ အမိန့်ပေးညွှန် ကြားနေတယ်။ ကျွန်တော့်အနေနဲ့ ဘယ်ကိုမှ ထွက်မပြေးဘူး’ဟုပြောသည်။ ထိုင်းစစ်တပ်နှင့်ကမ္ဘောဒီးယား စစ်တပ်တို့သည် စစ်အင် အားတောင့်တင်းမှုချင်း နှိုင်းယှဉ်လျှင် ထိုင်းစစ်တပ်က ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်အရေအတွက်၊ စစ်လက်နက်ပစ္စည်း၊ အရင်းအမြစ်နှင့် သယ်ယူပို့ဆောင်ရေးပိုင်း အပါအဝင် အစစအရာရာသာလွန်လျက်ရှိနေရာ စစ်ပွဲအချိန်ကြာ လာမည်ဆို လျှင် ထိုင်းစစ်တပ်က အသာရဖွယ်ရှိနေသည်။ ကမ္ဘောဒီးယားစစ်တပ်တွင် တိုက်လေယာဉ်စစ် စစ်မရှိသလို ခေတ်မီ ကောင်းမွန်သည့် လေကြောင်းရန် ကာကွယ်ရေးစနစ်မရှိသည့်အတွက် ထိုင်းစစ်တပ်၏ လေကြောင်းအားပြု တိုက်ခိုက်မှု များကို ကာကွယ်နိုင်ရန် အလားလာနည်းနေသည်ဟု နိုင်ငံတ ကာမီဒီယာများက သုံးသပ်ဖော်ပြထားသည်။
ထိုင်းလေတပ်တွင် ဆွီဒင်နိုင်ငံထုတ် ဂရီ ပင်အမျိုးအစား တိုက်လေယာဉ်၊ အမေရိကန်နိုင်ငံ ထုတ် အက်ဖ် (၁၆) အမျိုးအစား တိုက်လေယာဉ်များအပါအဝင် ခေတ်မီတိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပိုင်ဆိုင်ထား ကြောင်းသိရသည်။ ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့၏ ပိုင်နက်နယ်မြေ မြေပုံကိုဆွဲပေးခဲ့သည့် ပြင်သစ်နိုင်ငံက ကမ္ဘောဒီးယား နှင့်ထိုင်းနိုင်ငံတို့ကို ရန်လိုမှုများ အဆုံးသတ်ရန်နှင့် အငြင်းပွားမှုများကို နိုင်ငံတကာဥပဒေများအတိုင်း ငြိမ်းချမ်းစွာဖြေရှင်းရန် တောင်းဆိုထားသည်။
ထို့ပြင် ပြင်သစ်အစိုးရက ပြင်သစ်နိုင်ငံသားများကို ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံကြား တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို မသွားရန် တိုက်တွန်းထားသည်။ ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံကြား တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် ထောင်နှင့်ချီသော ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသားများသည် နေရပ်စွန့်ခွာထွက် ပြေးနေရပြီး ထိုင်းဘက်က စစ်ဆေးရေး ဂိတ်ကို ပိတ်ထားကြောင်းသိရသည်။ ထိုင်းစစ်တပ်က ထိုင်းနိုင်ငံ၏အချုပ်အခြာအာဏာပိုင်နက်များကို ကာကွယ်ရန် ထိုင်းပြည်သူများကိုဝိုင်းဝန်းကူညီရန် တိုက်တွန်း တောင်းဆိုထားပြီး ကူညီပေးရမည့်အချက်များကို လည်း ဇူလိုင် (၂၅) ရက်တွင် ထုတ်ပြန်ထားသည်။
ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံကို တိုက်ခိုက်ရာတွင် အရပ်သားများကို တိုက်ခိုက်ခြင်းမျိုး မရှိဘဲ၊ စစ်ရေး ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားစစ်တပ်က အရပ်သားများကို လူသား တံတိုင်းပုံစံမျိုးထားရှိကြောင်း ပြောသည်။ ကမ္ဘောဒီး ယားစစ်တပ်သည် အရပ်သားများနေထိုင်သည့်နေရာ များတွင် အမြောက်အမြား အတွဲလိုက်ဒုံး ကျည်များ ဖြန့်ကြက်ချထားပြီး ပစ်ခတ်နေရာ လူသားတံတိုင်းပုံစံမျိုး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်က ဝေဖန်ပြစ် တင်ထားသည်။

Zawgyi Version:
ထိုင္း-ကေမာၻဒီးယား စစ္ပြဲထဲက အေရးႀကီးအခ်က္အလက္မ်ား
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၆

ထိုင္းႏွင့္ကေမာၻဒီးယားအၾကား အျပန္ အလွန႔္ပစ္ခတ္တိုက္ခိုက္မႈမ်ား ဇူလိုင္ (၂၄)ရက္တြင္ စတင္ခဲ့သည္။
လက္ရွိျဖစ္ပြားေနသည့္စစ္ပြဲက ဆယ္စုႏွစ္အတြင္း ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးကိုအဆိုး ႐ြားဆုံးေရာက္ရွိခဲ့ၿပီး ႏိုင္ငံတကာက စစ္ပြဲအဆုံးသတ္ေစရန္ေတာင္းဆိုေနေသာ္လည္း ထိုင္းႏိုင္ငံတြင္ အနည္းဆုံး လူေပါင္း (၁၆)ဦး ေသဆုံး ထားေၾကာင္း ထိုင္းအစိုးရကသတင္းထုတ္ျပန္ထားသည္။ ကေမာၻဒီးယားစစ္တပ္သည္ ႐ုရွားႏိုင္ငံထုတ္ BM-21 အတြဲ လိုက္ ဒုံးစနစ္ကိုအသုံးျပဳၿပီး ဇူလိုင္ (၂၅) ရက္နံနက္ပိုင္းတည္းက ပစ္ခတ္ခဲ့ၿပီး ယူဘြန္ရက္ခ်ာ တာနီေဒသႏွင့္ ဆူရင္ ေဒသမ်ားတြင္ အျပန္အလွန္တိုက္ခိုက္မႈမ်ားျဖစ္ပြားေနေၾကာင္း ထိုင္းစစ္တပ္က ေျပာသည္။
ထိုင္းစစ္တပ္သည္ “Yuttha Bodin” အမည္ရွိ စစ္ဆင္ေရးကို ဇူလိုင္ (၂၄) ရက္တြင္ စတင္ခဲ့ၿပီး ကေမာၻဒီးယား ႏိုင္ငံဘက္ရွိ စစ္အေျခစိုက္စခန္းမ်ားကို အက္ဖ္ (၁၆) အမ်ိဳးအစား တိုက္ေလယာဥ္ မ်ားျဖင့္တိုက္ခိုက္ခဲ့ေၾကာင္း သိရ သည္။ ထိုင္းစစ္တပ္က ‘ကေမာၻဒီးယားစစ္တပ္ဟာ BM-21 အတြဲလိုက္ ဒုံးစနစ္အပါအဝင္ လက္နက္ႀကီးေတြအသုံးျပဳၿပီး ပစ္ခတ္ေနတယ္။ ထိုင္းစစ္တပ္ကလည္း ျပန္လည္တုံ႔ျပန္ပစ္ခတ္ခဲ့တယ္’ဟု သတင္းထုတ္ျပန္ထားသည္။ ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔သည္ အျငင္းပြားလ်က္ရွိေနသည့္ေနရာတြင္ တိုက္ပြဲမ်ားျဖစ္လာ ျခင္းႏွင့္ပတ္သက္ၿပီး အျပန္ အလွန္ ေဝဖန္ျပစ္တင္ခဲ့ၿပီး ဇူလိုင္ (၂၄) ရက္က နယ္စပ္ေဒသရွိ မတူညီေသာေဒသ (၆) ခုတြင္လက္နက္ႀကီး၊ လက္နက္ ငယ္က်ည္ဆန္မ်ား က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔ နယ္စပ္ေဒသပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ား ရာစုႏွစ္ေက်ာ္ၾကာ ျဖစ္ပြားခဲ့ၿပီး ထိုင္းစစ္တပ္က လက္ရွိအခ်ိန္တြင္ ဒါဇင္ႏွင့္ခ်ီေသာစစ္ကားမ်ား၊ တင့္ကားမ်ား၊ သံခ်ပ္ ကာကားမ်ားကို ေရွ႕တန္း စစ္မ်က္ႏွာျပင္သို႔ ေစလႊတ္ထားေၾကာင္းသိရသည္။ တိုက္ပြဲမ်ားျဖစ္လာခဲ့ၿပီး ေနာက္ပိုင္း ထိုင္းအစိုးရက ကေမာၻဒီးယား ႏိုင္ငံဆိုင္ရာ ထိုင္းသံအမတ္ႀကီးကို ျပန္လည္ေခၚယူခဲ့သလို ကေမာၻဒီးယားသံအမတ္ႀကီးကိုလည္း ႏွင္ထုတ္လိုက္ ကာ ႏွစ္ႏိုင္ငံၾကား သံတမန္ဆက္ဆံေရးအဆိုး႐ြား ဆုံးျဖစ္ခဲ့ေၾကာင္းသိရသည္။
ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔သည္ နယ္ေျမထိစပ္သည့္ မိုင္ေပါင္း (၅၀ဝ)ေက်ာ္အတြင္း (၂၀ဝ၈)ခုႏွစ္မွ (၂၀၁၃) ခုႏွစ္အထိ ပိုင္နက္နယ္ေျမ အျငင္းပြားရာမွ အျပန္အလွန္တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ဖူးၿပီး ထိုင္းႏိုင္ငံအေရွ႕ ေျမာက္ပိုင္း Sisaket ဆီဆာ ကက္ေဒသ၊ ကန္တာရာလက္ေဒသ၊ ကေမာၻဒီးယားႏိုင္ငံ ပရက္ဗီ ဟီရားေဒသႏွင့္ ခါဆန႔္ ေဒသၾကားရွိ ဒါန္ရက္ ေတာင္ၾကားရွိ ဘုရားေက်ာင္းမ်ားသည္ ႏွစ္ေပါင္းမ်ားစြာၾကာပိုင္နက္နယ္ေျမ အျငင္းပြားလ်က္ရွိ သည့္ ေနမ်ားျဖစ္သည္။ ထိုင္းႏွင့္ စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ကေမာၻဒီးယားလႊတ္ေတာ္ဥကၠ႒ ဟြန္ဆန္သည္ တ႐ုတ္ ႏိုင္ငံသို႔ ထြက္ေျပးခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း ဟြန္ဆန္က ျငင္းဆန္ပယ္ခ်ထားသည္။ ဟြန္ဆန္က ၎သည္ ၾကယ္ေလးပြင့္အဆင့္ရွိ ဗိုလ္ခ်ဳပ္ႀကီး၊ ၾကယ္ငါးပြင့္အဆင့္ရွိ ဗိုလ္ခ်ဳပ္ႀကီးမ်ားႏွင့္အတူ ကန္ဒယ္ေဒသရွိ Bodyguard Headq- uarters (BHQ) စခန္းမွေနၿပီး ေရွ႕တန္းတြင္တိုက္ပြဲ ဝင္ေနသည့္စစ္သားမ်ားကို ႀကီးၾကပ္ကြပ္ ကဲေနေၾကာင္းေျပာသည္။
ဟြန္ဆန္က ‘ကြၽန္ေတာ္ဟာ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္၊ ကာကြယ္ေရး ဝန္ႀကီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ေတြ အပါ အဝင္ စစ္တပ္တာဝန္ရွိသူေတြနဲ႔အတူ က်ဴးေက်ာ္သူ ထိုင္းစစ္တပ္ကို တုံ႔ျပန္တိုက္ခိုက္ဖို႔ အမိန႔္ေပးၫႊန္ ၾကားေနတယ္။ ကြၽန္ေတာ့္အေနနဲ႔ ဘယ္ကိုမွ ထြက္မေျပးဘူး’ဟုေျပာသည္။ ထိုင္းစစ္တပ္ႏွင့္ကေမာၻဒီးယား စစ္တပ္တို႔သည္ စစ္အင္ အားေတာင့္တင္းမႈခ်င္း ႏႈိင္းယွဥ္လွ်င္ ထိုင္းစစ္တပ္က ၾကည္း၊ ေရ၊ ေလ တပ္ဖြဲ႕ဝင္အေရအတြက္၊ စစ္လက္နက္ပစၥည္း၊ အရင္းအျမစ္ႏွင့္ သယ္ယူပို႔ေဆာင္ေရးပိုင္း အပါအဝင္ အစစအရာရာသာလြန္လ်က္ရွိေနရာ စစ္ပြဲအခ်ိန္ၾကာ လာမည္ဆို လွ်င္ ထိုင္းစစ္တပ္က အသာရဖြယ္ရွိေနသည္။ ကေမာၻဒီးယားစစ္တပ္တြင္ တိုက္ေလယာဥ္စစ္ စစ္မရွိသလို ေခတ္မီ ေကာင္းမြန္သည့္ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မရွိသည့္အတြက္ ထိုင္းစစ္တပ္၏ ေလေၾကာင္းအားျပဳ တိုက္ခိုက္မႈ မ်ားကို ကာကြယ္ႏိုင္ရန္ အလားလာနည္းေနသည္ဟု ႏိုင္ငံတ ကာမီဒီယာမ်ားက သုံးသပ္ေဖာ္ျပထားသည္။
ထိုင္းေလတပ္တြင္ ဆြီဒင္ႏိုင္ငံထုတ္ ဂရီ ပင္အမ်ိဳးအစား တိုက္ေလယာဥ္၊ အေမရိကန္ႏိုင္ငံ ထုတ္ အက္ဖ္ (၁၆) အမ်ိဳးအစား တိုက္ေလယာဥ္မ်ားအပါအဝင္ ေခတ္မီတိုက္ေလယာဥ္၊ တိုက္ခိုက္ေရး ရဟတ္ယာဥ္မ်ား ပိုင္ဆိုင္ထား ေၾကာင္းသိရသည္။ ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔၏ ပိုင္နက္နယ္ေျမ ေျမပုံကိုဆြဲေပးခဲ့သည့္ ျပင္သစ္ႏိုင္ငံက ကေမာၻဒီးယား ႏွင့္ထိုင္းႏိုင္ငံတို႔ကို ရန္လိုမႈမ်ား အဆုံးသတ္ရန္ႏွင့္ အျငင္းပြားမႈမ်ားကို ႏိုင္ငံတကာဥပေဒမ်ားအတိုင္း ၿငိမ္းခ်မ္းစြာေျဖရွင္းရန္ ေတာင္းဆိုထားသည္။
ထို႔ျပင္ ျပင္သစ္အစိုးရက ျပင္သစ္ႏိုင္ငံသားမ်ားကို ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံၾကား တိုက္ပြဲျဖစ္ပြားေနသည့္ ေနရာမ်ားကို မသြားရန္ တိုက္တြန္းထားသည္။ ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံၾကား တိုက္ပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ ေထာင္ႏွင့္ခ်ီေသာ ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံသားမ်ားသည္ ေနရပ္စြန႔္ခြာထြက္ ေျပးေနရၿပီး ထိုင္းဘက္က စစ္ေဆးေရး ဂိတ္ကို ပိတ္ထားေၾကာင္းသိရသည္။ ထိုင္းစစ္တပ္က ထိုင္းႏိုင္ငံ၏အခ်ဳပ္အျခာအာဏာပိုင္နက္မ်ားကို ကာကြယ္ရန္ ထိုင္းျပည္သူမ်ားကိုဝိုင္းဝန္းကူညီရန္ တိုက္တြန္း ေတာင္းဆိုထားၿပီး ကူညီေပးရမည့္အခ်က္မ်ားကို လည္း ဇူလိုင္ (၂၅) ရက္တြင္ ထုတ္ျပန္ထားသည္။
ထိုင္းစစ္တပ္က ကေမာၻဒီးယားႏိုင္ငံကို တိုက္ခိုက္ရာတြင္ အရပ္သားမ်ားကို တိုက္ခိုက္ျခင္းမ်ိဳး မရွိဘဲ၊ စစ္ေရး ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း၊ ကေမာၻဒီးယားစစ္တပ္က အရပ္သားမ်ားကို လူသား တံတိုင္းပုံစံမ်ိဳးထားရွိေၾကာင္း ေျပာသည္။ ကေမာၻဒီး ယားစစ္တပ္သည္ အရပ္သားမ်ားေနထိုင္သည့္ေနရာ မ်ားတြင္ အေျမာက္အျမား အတြဲလိုက္ဒုံး က်ည္မ်ား ျဖန႔္ၾကက္ခ်ထားၿပီး ပစ္ခတ္ေနရာ လူသားတံတိုင္းပုံစံမ်ိဳး လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ထိုင္းစစ္တပ္က ေဝဖန္ျပစ္ တင္ထားသည္။

Related news

© 2021. All rights reserved.