အစ္စရေးနဲ့ပတ်သက်တဲ့ ကုန်တင်သင်္ဘောတွေအားလုံးကို တိုက်ခိုက်သွားမယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့ခြိမ်းခြောက်

 219

Pika (NP News) - ဇူလိုင် ၂၉

အစ္စရေးဆိပ်ကမ်းတွေနဲ့ချိတ်ဆက်ထားတဲ့ ကုန်တင်သင်္ဘောတွေအားလုံးကို တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ကုန်တင်သင်္ဘောတွေရဲ့ မူရင်းနိုင်ငံတွေကို ခွဲခြားသတ်မှတ်တာမျိုးမရှိဘဲ အစ္စရေးနဲ့ချိတ်ဆက်ထားတဲ့ သင်္ဘောတွေအားလုံးကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့ကပြောကြားခဲ့ပါတယ်။ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားကတည်းက ပါလက်စတိုင်းတွေကို ထောက်ခံတဲ့အနေနဲ့ အိန္ဒိယသမုဒ္ဒရာနဲ့ ပင်လယ်နီတို့မှာ သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီခြိမ်းခြောက်မှုအသစ်ကို ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့စစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ အေမင်ဟာယန်က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ကမ်းပိန်းအဆင့်သစ်တစ်ခုအဖြစ် ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

အေမင်ဟာယန်က "ဒီအဆင့်သစ်မှာ ကုန်တင်သင်္ဘောတွေရဲ့မူရင်းနိုင်ငံတွေကို ခွဲခြားသတ်မှတ်ထားတာမျိုးမရှိဘဲ အစ္စရေးနဲ့ပတ်သက်တဲ့ ကုန်တင်သင်္ဘောတွေအားလုံးကို တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အစ္စရေးနဲ့ဆက်ဆံရေးတွေ ဖြတ်တောက်ဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသအပေါ် ပိတ်ဆို့ထားမှုတွေကို ရုပ်သိမ်းဖို့အတွက် အစ္စရေးကို ဖိအားပေးကြဖို့ အခြားနိုင်ငံတွေကို အေမင်ဟာယန်က တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
အစၥေရးနဲ႔ပတ္သက္တဲ့ ကုန္တင္သေဘၤာေတြအားလုံးကို တိုက္ခိုက္သြားမယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕ၿခိမ္းေျခာက္
Pika (NP News) - ဇူလိုင္ ၂၉

အစၥေရးဆိပ္ကမ္းေတြနဲ႔ခ်ိတ္ဆက္ထားတဲ့ ကုန္တင္သေဘၤာေတြအားလုံးကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ကုန္တင္သေဘၤာေတြရဲ႕ မူရင္းႏိုင္ငံေတြကို ခြဲျခားသတ္မွတ္တာမ်ိဳးမရွိဘဲ အစၥေရးနဲ႔ခ်ိတ္ဆက္ထားတဲ့ သေဘၤာေတြအားလုံးကို တိုက္ခိုက္သြားမွာျဖစ္တယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ အစၥေရး-ဟားမတ္စ္စစ္ပြဲစတင္ျဖစ္ပြားကတည္းက ပါလက္စတိုင္းေတြကို ေထာက္ခံတဲ့အေနနဲ႔ အိႏၵိယသမုဒၵရာနဲ႔ ပင္လယ္နီတို႔မွာ သြားလာေနတဲ့ ကုန္တင္သေဘၤာေတြကို ပစ္မွတ္ထားတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။ အဲဒီၿခိမ္းေျခာက္မႈအသစ္ကို ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕စစ္ဘက္ဆိုင္ရာေျပာေရးဆိုခြင့္ရွိသူ ေအမင္ဟာယန္က ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီး ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ကမ္းပိန္းအဆင့္သစ္တစ္ခုအျဖစ္ ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

ေအမင္ဟာယန္က "ဒီအဆင့္သစ္မွာ ကုန္တင္သေဘၤာေတြရဲ႕မူရင္းႏိုင္ငံေတြကို ခြဲျခားသတ္မွတ္ထားတာမ်ိဳးမရွိဘဲ အစၥေရးနဲ႔ပတ္သက္တဲ့ ကုန္တင္သေဘၤာေတြအားလုံးကို တိုက္ခိုက္မႈေတြလုပ္ေဆာင္သြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အစၥေရးနဲ႔ဆက္ဆံေရးေတြ ျဖတ္ေတာက္ဖို႔နဲ႔ ဂါဇာကမ္းေျမာင္ေဒသအေပၚ ပိတ္ဆို႔ထားမႈေတြကို ႐ုပ္သိမ္းဖို႔အတြက္ အစၥေရးကို ဖိအားေပးၾကဖို႔ အျခားႏိုင္ငံေတြကို ေအမင္ဟာယန္က တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.