ဆုံးရှုံးမှုများအတွက် လျော်ကြေးငွေပေးရန် အမေရိကန်က သဘောတူရမည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီး ပြော

86

Pika (NP News) - သြဂုတ် ၄
နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်မစတင်မီ ပြီးခဲ့သည့်လကဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း ဆုံးရှုံးမှု များအတွက် အီရန်ကို လျော်ကြေးငွေပေးရန် အမေရိကန်က သဘောတူရမည်ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်များကို ကိုးကားပြီး Financial Times သတင်းစာကရေး သား ဖော်ပြခဲ့သည်။ အမေရိကန်အစိုးရနှင့် နျူကလီးယားဆွေးနွေးပွဲများပြန်လည်စတင်ရန်အတွက် အခြေအနေအသစ်များနှင့် ရပ်တည်ချက်အသစ်များကို အီရန်အစိုးရဘက်က သတ်မှတ်နေချိန်တွင် အဆိုပါတောင်းဆိုမှုများထွက်ပေါ်လာခြင်းဖြစ်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာဂရာချီက “ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေချိန်မှာပဲ ကျွန်တော်တို့ကို ဘာလို့တိုက်ခိုက်သလဲ ဆိုတာကို အမေရိကန်ကရှင်းပြသင့်ပါတယ်။ ပြီးတော့ အနာဂတ်ဆွေးနွေးပွဲတွေအတွက် အီရန်အပေါ် နောက်ထပ်တိုက်ခိုက်မှုတွေ မလုပ်ဆောင်တော့ဘူးလို့ အမေရိကန်က အာမခံပေးရပါမယ်။ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်း ဆုံးရှုံးမှုတွေအတွက် အီရန် ကို လျော်ကြေးငွေပေးဖို့ အမေရိကန်က သဘောတူ ညီရပါမယ်” ဟု ပြောခဲ့သည်။
ထို့ပြင် အာဘတ်စ်အာဂရာချီနှင့် အမေရိကန်အထူးသံတမန်စတိဗ်ဝစ်အော့ဖ်တို့သည် အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး ကာလရှည်ကြာထိပ်တိုက်တွေ့ဆုံမှုများကို အဆုံးသတ်ရန် အတွက် တငည-တငည ဖြေရှင်းချက်ကို လိုအပ်သည်ဟု အလေးပေးပြောကြားခဲ့ကြကြောင်း Financial Times ကရေးသားဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လတွင် အမေရိကန်က အီရန်၏နျူကလီးယားစက်ရုံနေရာ(၃)ခုကို ဗုံးကြဲတိုက်ခိုက် မှုများလုပ် ဆောင်ခဲ့ပြီးနောက် နှစ်နိုင်ငံကြားလုပ် ဆောင်လျက်ရှိသော နျူကလီးယားဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့ ခြင်းဖြစ်သည်။ ထို့ပြင် အီရန်၏လျော် ကြေးငွေတောင်းခံခြင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို အမေရိကန်အစိုးရ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ချက်ချင်းပြန်လည်တုံ့ပြန် ဖြေကြားခြင်းမျိုးမရှိသေးကြောင်း သိရသည်။

Zawgyi Version:
ဆုံးရႈံးမႈမ်ားအတြက္ ေလ်ာ္ေၾကးေငြေပးရန္ အေမရိကန္က သေဘာတူရမည္ဟု အီရန္ႏိုင္ငံျခားေရး ဝန္ႀကီး ေျပာ
Pika (NP News) - ၾသဂုတ္ ၄
န်ဴကလီးယားေဆြးေႏြးပြဲမ်ား ျပန္လည္မစတင္မီ ၿပီးခဲ့သည့္လကျဖစ္ပြားခဲ့ေသာ စစ္ပြဲအတြင္း ဆုံးရႈံးမႈ မ်ားအတြက္ အီရန္ကို ေလ်ာ္ေၾကးေငြေပးရန္ အေမရိကန္က သေဘာတူရမည္ျဖစ္ေၾကာင္း အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ေျပာၾကားခ်က္မ်ားကို ကိုးကားၿပီး Financial Times သတင္းစာကေရး သား ေဖာ္ျပခဲ့သည္။ အေမရိကန္အစိုးရႏွင့္ န်ဴကလီးယားေဆြးေႏြးပြဲမ်ားျပန္လည္စတင္ရန္အတြက္ အေျခအေနအသစ္မ်ားႏွင့္ ရပ္တည္ခ်က္အသစ္မ်ားကို အီရန္အစိုးရဘက္က သတ္မွတ္ေနခ်ိန္တြင္ အဆိုပါေတာင္းဆိုမႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္ အာဂရာခ်ီက “ေဆြးေႏြးညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ေနခ်ိန္မွာပဲ ကြၽန္ေတာ္တို႔ကို ဘာလို႔တိုက္ခိုက္သလဲ ဆိုတာကို အေမရိကန္ကရွင္းျပသင့္ပါတယ္။ ၿပီးေတာ့ အနာဂတ္ေဆြးေႏြးပြဲေတြအတြက္ အီရန္အေပၚ ေနာက္ထပ္တိုက္ခိုက္မႈေတြ မလုပ္ေဆာင္ေတာ့ဘူးလို႔ အေမရိကန္က အာမခံေပးရပါမယ္။ ၿပီးခဲ့တဲ့လက ျဖစ္ပြားခဲ့တဲ့စစ္ပြဲအတြင္း ဆုံးရႈံးမႈေတြအတြက္ အီရန္ ကို ေလ်ာ္ေၾကးေငြေပးဖို႔ အေမရိကန္က သေဘာတူ ညီရပါမယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ အာဘတ္စ္အာဂရာခ်ီႏွင့္ အေမရိကန္အထူးသံတမန္စတိဗ္ဝစ္ေအာ့ဖ္တို႔သည္ အီရန္၏ န်ဴကလီးယားအစီအစဥ္ႏွင့္ပတ္သက္ၿပီး ကာလရွည္ၾကာထိပ္တိုက္ေတြ႕ဆုံမႈမ်ားကို အဆုံးသတ္ရန္ အတြက္ တငည-တငည ေျဖရွင္းခ်က္ကို လိုအပ္သည္ဟု အေလးေပးေျပာၾကားခဲ့ၾကေၾကာင္း Financial Times ကေရးသားေဖာ္ျပခဲ့သည္။
ၿပီးခဲ့သည့္လတြင္ အေမရိကန္က အီရန္၏န်ဴကလီးယားစက္႐ုံေနရာ(၃)ခုကို ဗုံးႀကဲတိုက္ခိုက္ မႈမ်ားလုပ္ ေဆာင္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားလုပ္ ေဆာင္လ်က္ရွိေသာ န်ဴကလီးယားေဆြးေႏြးပြဲမ်ား ရပ္ဆိုင္းသြားခဲ့ ျခင္းျဖစ္သည္။ ထို႔ျပင္ အီရန္၏ေလ်ာ္ ေၾကးေငြေတာင္းခံျခင္းႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈမ်ားကို အေမရိကန္အစိုးရ ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတို႔က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ ေျဖၾကားျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။