EAO အချို့၏ အသုံးချခံရမှုကိုသိလာသည့်အတွက် အလင်းဝင်သူ များပြားလာဟုဆို

 841

သက်ပိုင် (NP News)-ဩဂုတ် ၄
PDF အမည်ခံလက်နက်ကိုင်များနှင့် အခြားလက်ကိုင်များအနေဖြင့် မြန်မာနိုင်ငံရှိ EAO အချို့၏ အသုံးချခံရမှုကိုသိမြင်လာသည့်အတွက် အလင်းဝင်ရောက်လာသူ များလာနေခြင်းဖြစ်ကြောင်း သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက NP News သို့ပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှ ရိုးသားလှ သည့်လူငယ်များမှာ ၎င်းတို့အနေဖြင့် မှန်သည်ဟုထင် မြင်မိခဲ့သည့်ယုံကြည်မှုနောက်ကို တစ်စိုက်မတ်မတ် လုပ်ကိုင်ခဲ့ကြပြီး ယင်းယုံကြည်ချက်မှာ မှားယွင်းနေ သည်ကိုသိရှိလာပြီးနောက် လမ်းမှန်ကိုပြန်လည်တည့် မတ်နိုင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “မြေ ပြင်မှာ ကိုယ်တိုင်ခံစားပြီးတော့ ကိုယ်လုပ်တဲ့လုပ်ငန်းတွေက ဘယ်ဘက်ကိုရောက်သွားလဲ၊ မှားနေလား ဆိုတာကို သုံးသပ်ပြီးတော့ အလင်းဝင်လာကြတယ်။ နောက်ဆုံး တည့်တည့်ပြောရရင် အချို့သော EAO တွေနဲ့ပူး ပေါင်းပြီးတိုက်ကြတဲ့အထဲမှာ များသောအားဖြင့် PDF တွေဟာ အညာဒေသကလူတွေ ဖြစ်ကြ တယ်။ တကယ်တမ်း အသက်ဆုံးရှုံးပြီးတော့ ထိခိုက်နစ်နာမှု တွေဖြစ်ရတာလည်း ဒီလူငယ်တွေပါပဲ။ နောက်ဆုံးရလဒ် ဘာဖြစ်သွားတယ်ဆိုတာကိုမြင်လာတဲ့အခါ ဒီလမ်းစဉ်ဟာ ကိုယ့်အင်အားကို ကိုယ် ချိုးနှိမ်တယ် ဆိုတာကိုသိလာကြတော့ အလင်းဝင်ရောက်လာကြတာပဲဖြစ်ပါတယ်” ဟု ဦးသိန်းထွန်းဦး ကပြောသည်။
လူငယ်များမှာ တိုင်းပြည်၏ အဖိုးတန်ရတနာများဖြစ်သည့်အတွက် မိမိတို့၏ မှားယွင်းသော လမ်းစဉ်ကို အချိန်မီသိရှိပြီး အလင်းဝင်ရောက်သူ များပြားလာမှုမှာ နိုင်ငံအတွက် ကောင်းမွန်သော လက္ခဏာတစ်ရပ်ဖြစ်ကြောင်းနှင့် EAO အချို့အသုံးချမှုကို ဆောလျင်စွာသဘောပေါက်ကြရန်လိုအပ် ကြောင်း မြန်မာ့ နိုင်ငံရေးလေ့လာသုံသပ်သူတစ်ဦးက ဆိုသည်။ “လက်နက်ကိုင်နေတဲ့လူငယ်တွေအနေနဲ့ EAOအချို့က သူတို့ကိုအသုံးချတာလား။ သူတို့ရဲ့ ခေါင်းဆောင်ဆိုတဲ့လူတွေက အသုံးချဖို့အတွက် တောင်းဆိုထားတာလားဆိုတာကိုလည်း သိဖို့လိုအပ်တယ်။ ပြောရရင် နောင်ချိုတိုက်ပွဲတို့၊ တောင်ခမ်း တိုက်ပွဲတို့ကိုကြည့်ရင်သိနိုင်ပါတယ်။ အဲဒီဘက်က စစ်ရေးတွေပြောင်းလဲတာနဲ့အမျှ အညာဒေသမှာ အုတ်ဂူနီ လေးတွေတိုးလာတာကိုလည်း စိတ်မကောင်းစွာနဲ့ မြင်ကြရမှာပါ။ အခုတိုက်ပွဲတွေထဲမှာ ကျ သွားတဲ့အထဲ ကတစ်ယောက်လောက်ဟာ တိုင်းပြည်အတွက် အရေးပါတဲ့အရာတွေကို လုပ်နိုင်တယ် ဆိုပဲထား။ ဒါဆိုရင် ဒါတွေဟာ အရမ်းနှမြောဖို့ ကောင်းလွန်းနေပါပြီ”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၇) ရက်မှ ဇူလိုင်လ (၂၉)ရက်အထိ TNLA အဖွဲ့ဝင်(၄)ဦး၊ DPLA အဖွဲ့ဝင် (၄၅) ဦးနှင့် MDY-PDF နှင့် ရွာငံ PDF တို့မှ အဖွဲ့ဝင် (၇၃)ဦး စုစုပေါင်း (၁၁၃) ဦးတို့ အလင်းဝင်ရောက်ခဲ့ ကြကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
EAO အခ်ိဳ႕၏ အသုံးခ်ခံရမႈကိုသိလာသည့္အတြက္ အလင္းဝင္သူ မ်ားျပားလာဟုဆို
သက္ပိုင္ (NP News)-ဩဂုတ္ ၄
PDF အမည္ခံလက္နက္ကိုင္မ်ားႏွင့္ အျခားလက္ကိုင္မ်ားအေနျဖင့္ ျမန္မာႏိုင္ငံရွိ EAO အခ်ိဳ႕၏ အသုံးခ်ခံရမႈကိုသိျမင္လာသည့္အတြက္ အလင္းဝင္ေရာက္လာသူ မ်ားလာေနျခင္းျဖစ္ေၾကာင္း ေသနဂၤ မဟာဗ်ဴဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက NP News သို႔ေျပာသည္။
ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမွ ႐ိုးသားလွ သည့္လူငယ္မ်ားမွာ ၎တို႔အေနျဖင့္ မွန္သည္ဟုထင္ ျမင္မိခဲ့သည့္ယုံၾကည္မႈေနာက္ကို တစ္စိုက္မတ္မတ္ လုပ္ကိုင္ခဲ့ၾကၿပီး ယင္းယုံၾကည္ခ်က္မွာ မွားယြင္းေန သည္ကိုသိရွိလာၿပီးေနာက္ လမ္းမွန္ကိုျပန္လည္တည့္ မတ္ႏိုင္ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။ “ေျမ ျပင္မွာ ကိုယ္တိုင္ခံစားၿပီးေတာ့ ကိုယ္လုပ္တဲ့လုပ္ငန္းေတြက ဘယ္ဘက္ကိုေရာက္သြားလဲ၊ မွားေနလား ဆိုတာကို သုံးသပ္ၿပီးေတာ့ အလင္းဝင္လာၾကတယ္။ ေနာက္ဆုံး တည့္တည့္ေျပာရရင္ အခ်ိဳ႕ေသာ EAO ေတြနဲ႔ပူး ေပါင္းၿပီးတိုက္ၾကတဲ့အထဲမွာ မ်ားေသာအားျဖင့္ PDF ေတြဟာ အညာေဒသကလူေတြ ျဖစ္ၾက တယ္။ တကယ္တမ္း အသက္ဆုံးရႈံးၿပီးေတာ့ ထိခိုက္နစ္နာမႈ ေတြျဖစ္ရတာလည္း ဒီလူငယ္ေတြပါပဲ။ ေနာက္ဆုံးရလဒ္ ဘာျဖစ္သြားတယ္ဆိုတာကိုျမင္လာတဲ့အခါ ဒီလမ္းစဥ္ဟာ ကိုယ့္အင္အားကို ကိုယ္ ခ်ိဳးႏွိမ္တယ္ ဆိုတာကိုသိလာၾကေတာ့ အလင္းဝင္ေရာက္လာၾကတာပဲျဖစ္ပါတယ္” ဟု ဦးသိန္းထြန္းဦး ကေျပာသည္။
လူငယ္မ်ားမွာ တိုင္းျပည္၏ အဖိုးတန္ရတနာမ်ားျဖစ္သည့္အတြက္ မိမိတို႔၏ မွားယြင္းေသာ လမ္းစဥ္ကို အခ်ိန္မီသိရွိၿပီး အလင္းဝင္ေရာက္သူ မ်ားျပားလာမႈမွာ ႏိုင္ငံအတြက္ ေကာင္းမြန္ေသာ လကၡဏာတစ္ရပ္ျဖစ္ေၾကာင္းႏွင့္ EAO အခ်ိဳ႕အသုံးခ်မႈကို ေဆာလ်င္စြာသေဘာေပါက္ၾကရန္လိုအပ္ ေၾကာင္း ျမန္မာ့ ႏိုင္ငံေရးေလ့လာသုံသပ္သူတစ္ဦးက ဆိုသည္။ “လက္နက္ကိုင္ေနတဲ့လူငယ္ေတြအေနနဲ႔ EAOအခ်ိဳ႕က သူတို႔ကိုအသုံးခ်တာလား။ သူတို႔ရဲ႕ ေခါင္းေဆာင္ဆိုတဲ့လူေတြက အသုံးခ်ဖို႔အတြက္ ေတာင္းဆိုထားတာလားဆိုတာကိုလည္း သိဖို႔လိုအပ္တယ္။ ေျပာရရင္ ေနာင္ခ်ိဳတိုက္ပြဲတို႔၊ ေတာင္ခမ္း တိုက္ပြဲတို႔ကိုၾကည့္ရင္သိႏိုင္ပါတယ္။ အဲဒီဘက္က စစ္ေရးေတြေျပာင္းလဲတာနဲ႔အမွ် အညာေဒသမွာ အုတ္ဂူနီ ေလးေတြတိုးလာတာကိုလည္း စိတ္မေကာင္းစြာနဲ႔ ျမင္ၾကရမွာပါ။ အခုတိုက္ပြဲေတြထဲမွာ က် သြားတဲ့အထဲ ကတစ္ေယာက္ေလာက္ဟာ တိုင္းျပည္အတြက္ အေရးပါတဲ့အရာေတြကို လုပ္ႏိုင္တယ္ ဆိုပဲထား။ ဒါဆိုရင္ ဒါေတြဟာ အရမ္းႏွေျမာဖို႔ ေကာင္းလြန္းေနပါၿပီ”ဟု ၎ကေျပာသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ (၁၇) ရက္မွ ဇူလိုင္လ (၂၉)ရက္အထိ TNLA အဖြဲ႕ဝင္(၄)ဦး၊ DPLA အဖြဲ႕ဝင္ (၄၅) ဦးႏွင့္ MDY-PDF ႏွင့္ ႐ြာငံ PDF တို႔မွ အဖြဲ႕ဝင္ (၇၃)ဦး စုစုေပါင္း (၁၁၃) ဦးတို႔ အလင္းဝင္ေရာက္ခဲ့ ၾကေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.