ပြည်သူ့လွှတ်တော်ရုံးမှ အငယ်တန်းစာရေးရာထူးအတွက် ဝန်ထမ်းများခေါ်ယူနေ

342

Pearl (NP News) - သြဂုတ် ၄
ပြည်သူ့လွှတ်တော်ရုံးမှ အငယ်တန်းစာရေးရာထူးအတွက် ဝန်ထမ်းများခေါ်ယူနေကြောင်း ပြည်သူ့လွှတ်တော်ရုံး၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
ပြည်သူ့လွှတ်တော်ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)ရာထူး (၅၀)နေရာအတွက် တက္ကသိုလ်များမှဘွဲ့တစ်ခုခုရရှိပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသူများလျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားလိုသူများအနေဖြင့် အသက် (၂၇) နှစ်ထက်မကြီးသူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၀) နှစ်ထက်မကြီးသူ၊ မဟာဘွဲ့ရရှိသူဖြစ်ပါက အသက်(၃၀) နှစ်ထက်မကြီးသူဖြစ်ရမည်ဖြစ်ကြောင်း ကန့်သတ်ထားသည်။
လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့လွှတ်တော်ရုံး၊ နေပြည်တော်သို့ လိပ်မူ၍ လူကိုယ်တိုင် သို့မဟုတ် ကိုယ်စားဖြစ်စေ၊ စာတိုက်မှ တစ်ဆင့်ဖြစ်စေ ပေးပို့၍ လာမည့် သြဂုတ်လ (၁၅)ရက် အရောက် နောက်ဆုံး ထားလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ရေးဖြေစာမေးပွဲ အတွက် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတကိုဖြေဆိုရမည်ဖြစ်ပြီး လာမည့် သြဂုတ်လ ၃၀- ရက် တွင် ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။
လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ပြည်သူ့ လွှတ်တော်ရုံး ဖုန်းနံပါတ် ၀၉-၆၆၉၈၄၆၉၆၄ နှင့် ၀၉-၉၆၉၈၃၆၁၃၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်က ထုတ်ပြန်ထားသည်။

Zawgyi Version:
ျပည္သူ႔လႊတ္ေတာ္႐ုံးမွ အငယ္တန္းစာေရးရာထူးအတြက္ ဝန္ထမ္းမ်ားေခၚယူေန
Pearl (NP News) - ၾသဂုတ္ ၄
ျပည္သူ႔လႊတ္ေတာ္႐ုံးမွ အငယ္တန္းစာေရးရာထူးအတြက္ ဝန္ထမ္းမ်ားေခၚယူေနေၾကာင္း ျပည္သူ႔လႊတ္ေတာ္႐ုံး၏ ထုတ္ျပန္ထားခ်က္မ်ားအရ သိရသည္။
ျပည္သူ႔လႊတ္ေတာ္႐ုံးတြင္ လစ္လပ္လ်က္ရွိေသာ အငယ္တန္းစာေရး (လစာႏႈန္းက်ပ္ ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)ရာထူး (၅၀)ေနရာအတြက္ တကၠသိုလ္မ်ားမွဘြဲ႕တစ္ခုခုရရွိၿပီး သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီသူမ်ားေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ အသက္ (၂၇) ႏွစ္ထက္မႀကီးသူ၊ ႏိုင္ငံ့ဝန္ထမ္းျဖစ္ပါက အသက္ (၃၀) ႏွစ္ထက္မႀကီးသူ၊ မဟာဘြဲ႕ရရွိသူျဖစ္ပါက အသက္(၃၀) ႏွစ္ထက္မႀကီးသူျဖစ္ရမည္ျဖစ္ေၾကာင္း ကန႔္သတ္ထားသည္။
ေလွ်ာက္လႊာမ်ားကို ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ျပည္သူ႔လႊတ္ေတာ္႐ုံး၊ ေနျပည္ေတာ္သို႔ လိပ္မူ၍ လူကိုယ္တိုင္ သို႔မဟုတ္ ကိုယ္စားျဖစ္ေစ၊ စာတိုက္မွ တစ္ဆင့္ျဖစ္ေစ ေပးပို႔၍ လာမည့္ ၾသဂုတ္လ (၁၅)ရက္ အေရာက္ ေနာက္ဆုံး ထားေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
ေရးေျဖစာေမးပြဲ အတြက္ ျမန္မာစာ၊ အဂၤလိပ္စာႏွင့္ အေထြေထြဗဟုသုတကိုေျဖဆိုရမည္ျဖစ္ၿပီး လာမည့္ ၾသဂုတ္လ ၃၀- ရက္ တြင္ ေျဖဆိုရမည္ ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားျခင္းႏွင့္ ပတ္သက္၍ အေသးစိတ္သိရွိလိုပါက ျပည္သူ႔ လႊတ္ေတာ္႐ုံး ဖုန္းနံပါတ္ ၀၉-၆၆၉၈၄၆၉၆၄ ႏွင့္ ၀၉-၉၆၉၈၃၆၁၃၅ သို႔ ႐ုံးခ်ိန္အတြင္း ဆက္သြယ္စုံစမ္းေမးျမန္းႏိုင္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္က ထုတ္ျပန္ထားသည္။