ဂါဇာအတွက် အကူအညီတွေက မလုံလောက်သေးဘူးလို့ ဂျာမနီအစိုးရ ဝေဖန်

 105

Pika (NP News) - သြဂုတ် ၄
ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ထောက်ပံ့ပေးမှုပမာဏဟာ အကန့်အသတ်နဲ့တိုးတက်လာပေမယ့်လည်း လုံလောက်မှုမရှိသေးဘူးလို့ ဂျာမနီအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အစ္စရေးအပေါ် ဖိအားတွေတိုးမြင့်လာ စေမယ့်နည်းလမ်းတွေကို ဂျာမနီဝန်ကြီးတွေက ဆွေးနွေးခဲ့ပြီးနောက် ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးပို့ရာမှာ အကန့်အသတ်နဲ့တိုးတက်လာမှုတွေ ရှိပေမယ့်လည်း လက်ရှိဖြစ်ပွားလျက်ရှိတဲ့အရေးပေါ်အခြေအနေတွေကို လျှော့ချနိုင်ဖို့အတွက် လုံလောက်မှုမရှိသေးဘူးလို့ ဂျာမနီအစိုးရက မှတ်ချက်ပြုခဲ့တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိ သူ Stefan Kornelius က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
၎င်းက “ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ အပြည့်အဝပေးအပ်ဖို့ အစ္စရေးအစိုးရမှာ တာဝန်ရှိပါ တယ်” လို့ ပြောခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးရေး ထရပ်ကားတွေ ပိုမိုဝင်ရောက်ခွင့်ပြုဖို့ နိုင်ငံတကာက အစ္စရေးကို ဖိအားပေးနေချိန်မှာပဲ ဂျာမနီအစိုးရရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
ဂါဇာအတြက္ အကူအညီေတြက မလုံေလာက္ေသးဘူးလို႔ ဂ်ာမနီအစိုးရ ေဝဖန္
Pika (NP News) - ၾသဂုတ္ ၄
ဂါဇာကမ္းေျမာင္ေဒသကို အကူအညီေတြ ေထာက္ပံ့ေပးမႈပမာဏဟာ အကန႔္အသတ္နဲ႔တိုးတက္လာေပမယ့္လည္း လုံေလာက္မႈမရွိေသးဘူးလို႔ ဂ်ာမနီအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အစၥေရးအေပၚ ဖိအားေတြတိုးျမင့္လာ ေစမယ့္နည္းလမ္းေတြကို ဂ်ာမနီဝန္ႀကီးေတြက ေဆြးေႏြးခဲ့ၿပီးေနာက္ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသက ျပည္သူေတြကို လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေတြ ေပးပို႔ရာမွာ အကန႔္အသတ္နဲ႔တိုးတက္လာမႈေတြ ရွိေပမယ့္လည္း လက္ရွိျဖစ္ပြားလ်က္ရွိတဲ့အေရးေပၚအေျခအေနေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ လုံေလာက္မႈမရွိေသးဘူးလို႔ ဂ်ာမနီအစိုးရက မွတ္ခ်က္ျပဳခဲ့တယ္လို႔ အစိုးရေျပာေရးဆိုခြင့္ရွိ သူ Stefan Kornelius က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
၎က “ဂါဇာကမ္းေျမာင္ေဒသကို အကူအညီေတြ အျပည့္အဝေပးအပ္ဖို႔ အစၥေရးအစိုးရမွာ တာဝန္ရွိပါ တယ္” လို႔ ေျပာခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသကို အကူအညီေပးေရး ထရပ္ကားေတြ ပိုမိုဝင္ေရာက္ခြင့္ျပဳဖို႔ ႏိုင္ငံတကာက အစၥေရးကို ဖိအားေပးေနခ်ိန္မွာပဲ ဂ်ာမနီအစိုးရရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.