လက်နက်ဖျက်သိမ်းဖို့နဲ့အုပ်ချုပ်မှုကိုစွန့်လွှတ်ဖို့ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ပြင်သစ် တောင်းဆို

 113

Pika (NP News) - သြဂုတ် ၄
ဟားမက်လက်နက်ကိုင်အဖွဲ့ကို လက်နက်ဖျက်သိမ်းဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသအပေါ် အုပ်ချုပ်မှုကိုစွန့်လွှတ်ဖို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းနိုရယ်ဘာရော့က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဂါဇာမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အစ္စရေးဓါးစာခံတွေရဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာမှုနဲ့အတူ ဂျင်းနိုရယ်ဘာရော့ရဲ့ တောင်းဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ၎င်းက “ဟားမက်လက်နက်ကိုင်အဖွဲ့က (၆၆၆)ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ ဓါးစာခံတွေရဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပါတယ်။ ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ အခြေအနေတွေ သတ်မှတ်တာမျိုးမရှိဘဲ ၎င်းတို့ကို ပြန်လွှတ်ပေးရပါမယ်။ပြီးတော့ ဟားမက်လက်နက်ကိုင်အဖွဲ့ ဟာ လက်နက်တွေကိုဖျက်သိမ်းပြီး ဂါဇာအပေါ်အုပ်ချုပ်မှုကို စွန့်လွှတ်ရပါမယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အများအပြားထောက်ပံ့ပေးဖို့လည်း ဂျင်းနိုရယ်ဘာရော့က တောင်းဆိုခဲ့ပါတယ်။ အားနည်းပြီး အာဟာရချို့တဲ့နေပုံ ပေါ်တဲ့ အစ္စရေးဓါးစာခံတွေရဲ့ဗီဒီယိုဖိုင်ကို ဩဂုတ်လ(၁)ရက်မှာ ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။‌

Zawgyi Version:
လက္နက္ဖ်က္သိမ္းဖို႔နဲ႔အုပ္ခ်ဳပ္မႈကိုစြန႔္လႊတ္ဖို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ျပင္သစ္ ေတာင္းဆို
Pika (NP News) - ၾသဂုတ္ ၄
ဟားမက္လက္နက္ကိုင္အဖြဲ႕ကို လက္နက္ဖ်က္သိမ္းဖို႔နဲ႔ ဂါဇာကမ္းေျမာင္ေဒသအေပၚ အုပ္ခ်ဳပ္မႈကိုစြန႔္လႊတ္ဖို႔ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်င္းႏိုရယ္ဘာေရာ့က ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ ဂါဇာမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အစၥေရးဓါးစာခံေတြရဲ႕ဗီဒီယိုဖိုင္ထြက္ေပၚလာမႈနဲ႔အတူ ဂ်င္းႏိုရယ္ဘာေရာ့ရဲ႕ ေတာင္းဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ၎က “ဟားမက္လက္နက္ကိုင္အဖြဲ႕က (၆၆၆)ရက္ၾကာ ဖမ္းဆီးထိန္းသိမ္းထားခဲ့တဲ့ ဓါးစာခံေတြရဲ႕ဗီဒီယိုဖိုင္ထြက္ေပၚလာခဲ့ပါတယ္။ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ အေျခအေနေတြ သတ္မွတ္တာမ်ိဳးမရွိဘဲ ၎တို႔ကို ျပန္လႊတ္ေပးရပါမယ္။ၿပီးေတာ့ ဟားမက္လက္နက္ကိုင္အဖြဲ႕ ဟာ လက္နက္ေတြကိုဖ်က္သိမ္းၿပီး ဂါဇာအေပၚအုပ္ခ်ဳပ္မႈကို စြန႔္လႊတ္ရပါမယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသက ျပည္သူေတြအတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေတြ အမ်ားအျပားေထာက္ပံ့ေပးဖို႔လည္း ဂ်င္းႏိုရယ္ဘာေရာ့က ေတာင္းဆိုခဲ့ပါတယ္။ အားနည္းၿပီး အာဟာရခ်ိဳ႕တဲ့ေနပုံ ေပၚတဲ့ အစၥေရးဓါးစာခံေတြရဲ႕ဗီဒီယိုဖိုင္ကို ဩဂုတ္လ(၁)ရက္မွာ ဟားမက္လက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။‌

Related news

© 2021. All rights reserved.