အမြန်လမ်းဘေးတစ်လျှောက် တရားမဝင်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့်အဆောက်အဦးများကို ထိန်းသိမ်းဆောင်ရွက်ရန် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

723

သန့်ဇင် (NP News) - ဩဂုတ် ၅
အမြန်လမ်းဘေးတစ်လျှောက် တရားမဝင်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် တရားမဝင်အဆောက်အဦး များကို ထိန်းသိမ်းဆောင်ရွက်သွားရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား ခဲ့ကြောင်း သိရသည်။
ယမန်နေ့(ဩဂုတ်လ ၄ ရက်)၊ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ အမြန်လမ်းမကြီးရှိ မိုင်တိုင်အမှတ် (၉၄) ရှိ ရေထွက်ပေါက်နေရာ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အထက်ပါကဲ့သို့ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်ရှိ လမ်းနယ်ပေ ၂၀၀ အတွင်း အမြဲစိမ်းသစ်ပင်များ စိုက်ပျိုးသွား ရန်လိုကြောင်း နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် လမ်းနယ်အတွင်း လေကာပင်များကို လမ်းဖြင့် (၁၀) ပေခြား၍ ၂ တန်း (သို့မဟုတ်) ၃ တန်း စိုက်ပျိုးသွားရန် လိုကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။
အလားတူ လမ်းဘေးဝဲယာရှိ သစ်တောကြိုးဝိုင်းကြိုပြင်တောများကိုလည်း ယခုနှစ်မိုးရာသီအတွင်း သစ်ပင်များ စိုက်ပျိုးသွားရန်နှင့် ၅ ဧက/၁၀ ဧကခန့်ရှိသော သစ်တောငယ်များ ထူထောင်စိုက်ပျိုးသွားရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌကဆိုသည်။
အမြန်လမ်းမကြီးဘေးတစ်လျှောက်ရှိ တရားမဝင်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် အခြားတရားမဝင် ဆောက်လုပ်ထားသည့် အဆောက်အဦများကိုလည်း အမြန်လမ်းမကြီးဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက် သွားရန်လိုကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။
အမြန်လမ်းပေါ်သို့တက်ရောက်ရန်အတွက် တရားမဝင်လမ်းများ ဖောက်လုပ်ထားရှိမှုမရှိစေရေးနှင့် အမြန်လမ်းမ ပေါ်တက်ရောက်မည့် သတ်မှတ်ထားသည့်လမ်းများကိုလည်း အမြန်လမ်မကြီးဥပဒေ၊ သတ်မှတ် စည်းမျဉ်း စည်းကမ်းများအတိုင်း ဖောက်လုပ်ရေးရန်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား ၄ လမ်းသွားနိုင်လွန်ကတ္တရာခင်း၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေး စီမံချက် ရေးဆွဲသွားရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
အျမန္လမ္းေဘးတစ္ေလွ်ာက္ တရားမဝင္ဖြင့္လွစ္ထားသည့္ စားေသာက္ဆိုင္မ်ားႏွင့္အေဆာက္အဦးမ်ားကို ထိန္းသိမ္းေဆာင္႐ြက္ရန္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ေျပာၾကား
သန႔္ဇင္ (NP News) - ဩဂုတ္ ၅
အျမန္လမ္းေဘးတစ္ေလွ်ာက္ တရားမဝင္ဖြင့္လွစ္ထားသည့္ စားေသာက္ဆိုင္မ်ားႏွင့္ တရားမဝင္အေဆာက္အဦး မ်ားကို ထိန္းသိမ္းေဆာင္႐ြက္သြားရန္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကား ခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔(ဩဂုတ္လ ၄ ရက္)၊ ေန႔လည္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕မွ ေနျပည္ေတာ္သို႔ အျမန္လမ္းမႀကီးရွိ မိုင္တိုင္အမွတ္ (၉၄) ရွိ ေရထြက္ေပါက္ေနရာ ျပန္လည္ျပဳျပင္ေဆာင္႐ြက္ေနမႈအေျခအေနမ်ားကို ၾကည့္ရႈစစ္ေဆးစဥ္ ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က အထက္ပါကဲ့သို႔ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး တစ္ေလွ်ာက္ရွိ လမ္းနယ္ေပ ၂၀၀ အတြင္း အၿမဲစိမ္းသစ္ပင္မ်ား စိုက္ပ်ိဳးသြား ရန္လိုေၾကာင္း ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ဆိုသည္။
ထို႔ျပင္ လမ္းနယ္အတြင္း ေလကာပင္မ်ားကို လမ္းျဖင့္ (၁၀) ေပျခား၍ ၂ တန္း (သို႔မဟုတ္) ၃ တန္း စိုက္ပ်ိဳးသြားရန္ လိုေၾကာင္းလည္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က မွာၾကားခဲ့ေၾကာင္း သိရသည္။
အလားတူ လမ္းေဘးဝဲယာရွိ သစ္ေတာႀကိဳးဝိုင္းႀကိဳျပင္ေတာမ်ားကိုလည္း ယခုႏွစ္မိုးရာသီအတြင္း သစ္ပင္မ်ား စိုက္ပ်ိဳးသြားရန္ႏွင့္ ၅ ဧက/၁၀ ဧကခန႔္ရွိေသာ သစ္ေတာငယ္မ်ား ထူေထာင္စိုက္ပ်ိဳးသြားရန္လိုေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ကဆိုသည္။
အျမန္လမ္းမႀကီးေဘးတစ္ေလွ်ာက္ရွိ တရားမဝင္ဖြင့္လွစ္ထားသည့္ စားေသာက္ဆိုင္မ်ားႏွင့္ အျခားတရားမဝင္ ေဆာက္လုပ္ထားသည့္ အေဆာက္အဦမ်ားကိုလည္း အျမန္လမ္းမႀကီးဥပေဒႏွင့္အညီ ထိန္းသိမ္းေဆာင္႐ြက္ သြားရန္လိုေၾကာင္းလည္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က မွာၾကားခဲ့ေၾကာင္း သိရသည္။
အျမန္လမ္းေပၚသို႔တက္ေရာက္ရန္အတြက္ တရားမဝင္လမ္းမ်ား ေဖာက္လုပ္ထားရွိမႈမရွိေစေရးႏွင့္ အျမန္လမ္းမ ေပၚတက္ေရာက္မည့္ သတ္မွတ္ထားသည့္လမ္းမ်ားကိုလည္း အျမန္လမ္မႀကီးဥပေဒ၊ သတ္မွတ္ စည္းမ်ဥ္း စည္းကမ္းမ်ားအတိုင္း ေဖာက္လုပ္ေရးရန္လည္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ဆိုသည္။
ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးအား ၄ လမ္းသြားႏိုင္လြန္ကတၱရာခင္း၍ အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္သြားႏိုင္ေရး စီမံခ်က္ ေရးဆြဲသြားရန္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က မွာၾကားခဲ့ေၾကာင္း သိရသည္။