ဆောက်လုပ်ရေးလုပ်ငန်းအတွင်း အမျိုးသမီးများ ပါဝင်နိုင်ရေးအစီအစဉ်မှ လူခေါ်ယူနေပြီ

481

NP News - ဩဂုတ် ၆
ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အမျိုးသမီးတွေ ကျွမ်းကျင်လုပ်သားအဖြစ် လုပ်ကိုင်နိုင်စေဖရန် အမျိုးသမီးဆောက်လုပ်ရေး ပရိုဂရမ်အစီအစဉ်နောက်အသစ်အတွက်စိတ်ဝင်စားသူများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း ဒို့အိမ် Community Organization က သိရသည်။
အမျိုးသမီးများအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ အမျိုးသားများနှင့်တန်းတူ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို ရရှိလာနိုင်ရန် ရည်ရွယ်ပြီး ပရိုဂရမ်ကို လုပ် ဆောင်နေကြောင်း သိရသည်။
"ပရိုဂရမ်ကာလတလျှောက် ကျန်းမာရေးအာမခံနဲ့ ထောက်ပံ့ကြေးတွေ ပေးအပ်သွားမှာဖြစ်လို့ အသက် ၁၈ ကနေ ၄၀ အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းကိုစိတ်ဝင်စားတဲ့ ဘွဲ့ကြို၊ ဘွဲ့ရကျောင်းသူ တွေအပါအဝင် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေသူ အမျိုးသမီးတွေပါ လျှောက်ထားဖို့ရာ တိုက်တွန်းပါတယ် "ဟု ဒို့အိမ် Community Organization က ပြောသည်။
အမျိုးသမီးများ အနေဖြင့် "အမျိုးသမီးများနဲ့ ဆောက်လုပ်ရေး” ပရိုဂရမ်တစ်ခုဖြစ်သည့် ဆောက်လုပ်ရေးဆိုင်ရာအတတ်ပညာများ ကို အချိန် ၄ လ ပေးပြီး အခမဲ့ လေ့လာသွားနိုင်မည်ဖြစ်သည်။
ထိုကဲ့သို့တက်ရောက်ရမည့် ၄ လတာအတွင်း ဆောက်လုပ်ရေး အခြေခံအတတ်ပညာများကို လေ့လာသင်ယူနိုင်မည့်အပြင် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကိုလည်း ရရှိနိုင်မှာဖြစ်သည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စိတ်ဝင်စားပြီး ၊အလုပ်ရှာဖွေရာတွင် အခက်အခဲရှိနေသည့် အမျိုးသမီးများ အနေဖြင့် “အမျိုးသမီးများနဲ့ ဆောက်လုပ်ရေး” ပရိုဂရမ်ကို ဒို့အိမ်၏ Facebook messenger မှတစ်ဆင့်ပါဝင်လျှောက်ထားသွားနိုင် မည်ဖြစ်သည်။
ပရိုဂရမ်ကာလ ၃ လနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သင်ဆင်းရမည့် ကာလ ၁ လ၊ စုစုပေါင်း ၄ လကြာ ပါဝင်လေ့လာရမည်ဖြစ်ပြီး ပရိုဂရမ်ပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ်နှင့် ဆောက်လုပ်ရေးနယ်ပယ်အတွင်း ကျွမ်းကျင်သူတွေဆီက အနာဂတ်အတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးမှုများကိုလည်း ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ေဆာက္လုပ္ေရးလုပ္ငန္းအတြင္း အမ်ိဳးသမီးမ်ား ပါဝင္ႏိုင္ေရးအစီအစဥ္မွ လူေခၚယူေနၿပီ
NP News - ဩဂုတ္ ၆
ေဆာက္လုပ္ေရးလုပ္ငန္းခြင္အတြင္း အမ်ိဳးသမီးေတြ ကြၽမ္းက်င္လုပ္သားအျဖစ္ လုပ္ကိုင္ႏိုင္ေစဖရန္ အမ်ိဳးသမီးေဆာက္လုပ္ေရး ပ႐ိုဂရမ္အစီအစဥ္ေနာက္အသစ္အတြက္စိတ္ဝင္စားသူမ်ားကို စတင္ေခၚယူေနၿပီျဖစ္ေၾကာင္း ဒို႔အိမ္ Community Organization က သိရသည္။
အမ်ိဳးသမီးမ်ားအတြက္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မ်ား၌ အမ်ိဳးသားမ်ားႏွင့္တန္းတူ အလုပ္အကိုင္ အခြင့္အလမ္းေတြ ပိုမို ရရွိလာႏိုင္ရန္ ရည္႐ြယ္ၿပီး ပ႐ိုဂရမ္ကို လုပ္ ေဆာင္ေနေၾကာင္း သိရသည္။
"ပ႐ိုဂရမ္ကာလတေလွ်ာက္ က်န္းမာေရးအာမခံနဲ႔ ေထာက္ပံ့ေၾကးေတြ ေပးအပ္သြားမွာျဖစ္လို႔ အသက္ ၁၈ ကေန ၄၀ အတြင္းရွိ ေဆာက္လုပ္ေရးလုပ္ငန္းကိုစိတ္ဝင္စားတဲ့ ဘြဲ႕ႀကိဳ၊ ဘြဲ႕ရေက်ာင္းသူ ေတြအပါအဝင္ အလုပ္အကိုင္ အခြင့္အလမ္း ရွာေဖြေနသူ အမ်ိဳးသမီးေတြပါ ေလွ်ာက္ထားဖို႔ရာ တိုက္တြန္းပါတယ္ "ဟု ဒို႔အိမ္ Community Organization က ေျပာသည္။
အမ်ိဳးသမီးမ်ား အေနျဖင့္ "အမ်ိဳးသမီးမ်ားနဲ႔ ေဆာက္လုပ္ေရး” ပ႐ိုဂရမ္တစ္ခုျဖစ္သည့္ ေဆာက္လုပ္ေရးဆိုင္ရာအတတ္ပညာမ်ား ကို အခ်ိန္ ၄ လ ေပးၿပီး အခမဲ့ ေလ့လာသြားႏိုင္မည္ျဖစ္သည္။
ထိုကဲ့သို႔တက္ေရာက္ရမည့္ ၄ လတာအတြင္း ေဆာက္လုပ္ေရး အေျခခံအတတ္ပညာမ်ားကို ေလ့လာသင္ယူႏိုင္မည့္အျပင္ လက္ေတြ႕လုပ္ငန္းခြင္အေတြ႕အႀကဳံမ်ားကိုလည္း ရရွိႏိုင္မွာျဖစ္သည္။
ေဆာက္လုပ္ေရးလုပ္ငန္းခြင္ကို စိတ္ဝင္စားၿပီး ၊အလုပ္ရွာေဖြရာတြင္ အခက္အခဲရွိေနသည့္ အမ်ိဳးသမီးမ်ား အေနျဖင့္ “အမ်ိဳးသမီးမ်ားနဲ႔ ေဆာက္လုပ္ေရး” ပ႐ိုဂရမ္ကို ဒို႔အိမ္၏ Facebook messenger မွတစ္ဆင့္ပါဝင္ေလွ်ာက္ထားသြားႏိုင္ မည္ျဖစ္သည္။
ပ႐ိုဂရမ္ကာလ ၃ လႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ အလုပ္သင္ဆင္းရမည့္ ကာလ ၁ လ၊ စုစုေပါင္း ၄ လၾကာ ပါဝင္ေလ့လာရမည္ျဖစ္ၿပီး ပ႐ိုဂရမ္ၿပီးေျမာက္ေၾကာင္း အသိအမွတ္ျပဳ လက္မွတ္ႏွင့္ ေဆာက္လုပ္ေရးနယ္ပယ္အတြင္း ကြၽမ္းက်င္သူေတြဆီက အနာဂတ္အတြက္ အလုပ္အကိုင္အခြင့္အလမ္းဆိုင္ရာ ေဆြးေႏြးမႈမ်ားကိုလည္း ရယူႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။