ရုရှားရဲ့တိုက်လေယာဉ်တစ်စင်းကိုဖျက်ဆီးပြီး အခြားလေးစီးထိခိုက်ပျက်စီးအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်ဘက်ပြော

413

Pika (NP News) - ဩဂုတ် ၆
ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ဒရုန်းတွေနဲ့တိုက်ခိုက်မှုအတွင်း ရုရှားတိုက်လေယာဉ်တစ်စင်း ကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီး အခြားတိုက်လေယာဉ်လေးစီးထိခိုက်ပျက်စီးအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ယူကရိန်းရဲ့ ပြည်တွင်းလုံခြုံရေးဝန်ဆောင်မှုအဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒရုန်းတွေနဲ့တိုက်ခိုက်မှုအတွင်း ရုရှားရဲ့ Su-30တိုက်လေယာဉ်တစ်စီးကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီး အခြား Su-24 တိုက်လေယာဉ်သုံးစီးကို ထိခိုက်ပျက်စီးအောင်လုပ်ဆောင်နိုင်ခဲ့တယ်လို့ ယူကရိန်းရဲ့ပြည်တွင်း လုံခြုံရေး ဝန်ဆောင်မှုအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း ယူကရိန်းဘက်က ထုတ်ပြန်ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မှန်/မမှန်ဆိုတာကို လက်ရှိအချိန် အထိ ရုရှားအစိုးရဘက်က အတည်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲ ဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်ဘက်စလုံးက သိသာ ထင်ရှားတဲ့သဘောတူညီချက် ရယူနိုင်တာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့်လည်း စစ်သုံ့ပန်း အပြန်အလှန်လဲလှယ်ရေးနဲ့ သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေကို ပြန်လည်ပေးအပ်ဖို့ သဘောတူညီ ချက်တွေကိုသာ ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားရဲ႕တိုက္ေလယာဥ္တစ္စင္းကိုဖ်က္ဆီးၿပီး အျခားေလးစီးထိခိုက္ပ်က္စီးေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ယူကရိန္းစစ္ဘက္ေျပာ
Pika (NP News) - ဩဂုတ္ ၆
႐ုရွားသိမ္းပိုက္ထားတဲ့ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ဒ႐ုန္းေတြနဲ႔တိုက္ခိုက္မႈအတြင္း ႐ုရွားတိုက္ေလယာဥ္တစ္စင္း ကို ဖ်က္ဆီးပစ္ႏိုင္ခဲ့ၿပီး အျခားတိုက္ေလယာဥ္ေလးစီးထိခိုက္ပ်က္စီးေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ယူကရိန္းရဲ႕ ျပည္တြင္းလုံၿခဳံေရးဝန္ေဆာင္မႈအဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒ႐ုန္းေတြနဲ႔တိုက္ခိုက္မႈအတြင္း ႐ုရွားရဲ႕ Su-30တိုက္ေလယာဥ္တစ္စီးကို ဖ်က္ဆီးပစ္ႏိုင္ခဲ့ၿပီး အျခား Su-24 တိုက္ေလယာဥ္သုံးစီးကို ထိခိုက္ပ်က္စီးေအာင္လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ယူကရိန္းရဲ႕ျပည္တြင္း လုံၿခဳံေရး ဝန္ေဆာင္မႈအဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။
ဒါေပမယ့္လည္း ယူကရိန္းဘက္က ထုတ္ျပန္ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး မွန္/မမွန္ဆိုတာကို လက္ရွိအခ်ိန္ အထိ ႐ုရွားအစိုးရဘက္က အတည္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲ ျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဘက္စလုံးက သိသာ ထင္ရွားတဲ့သေဘာတူညီခ်က္ ရယူႏိုင္တာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ေပမယ့္လည္း စစ္သုံ႔ပန္း အျပန္အလွန္လဲလွယ္ေရးနဲ႔ ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြကို ျပန္လည္ေပးအပ္ဖို႔ သေဘာတူညီ ခ်က္ေတြကိုသာ ရယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။