မိုးများတိုင်း ရေကြီးနေသော အင်းလေးဒေသအခက်ခဲကို ဖြေရှင်းပေးရန် လိုအပ်နေ

324

ချယ်ရီ(NP News) ဩဂုတ် ၁၀
လက်ရှိတွင် မိုးရွာသွန်းမှုများပြားကာ တောင်ကျရေများကြောင့် အင်းလေးဒေသ၌ ရေကြီးမှုအခက်ခဲကို ထပ်မံကြုံတွေ့နေကြရ သောကြောင့် အဆိုပါအခက်ခဲမျိုး ဆက်လက်မဖြစ်ပွားစေရန် ဖြေရှင်းလုပ်ဆောင်သင့် ကြောင်း မြေပြင်သို့သွားရောက်ကူညီနေသူ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ အကြုံပြုပြောကြားသည်။
ပြည်တွင်း၊ ပြည်ပခရီးသွား များပြားပြီး မြန်မာပြည်၌ အထင်ကရနေရာတစ်ခုဖြစ်သော အင်းလေးဒေသသည် ရေကြီးနစ်မြုပ်သည့် ဒဏ် နှင့် ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး ပြန်လည် ထူထောင်နေရဆဲကာ လက်ရှိတွင်လည်း ရေကြီးမှုကို ခံစားနေရသည်။
“အင်းလေးက နေရင်းထိုင်ရင်းနဲ့ ရေတွေ ပြည့်ပြည့်လာတာ။ စပါးတွေ၊ နေကြာတွေ၊ မြေပဲတွေက ရေတွေက နစ်နေတာ။ အခုချိန်ပေါ်လည်း မရတော့ဘူး။ သွားပြီလေ။ နေကြာတွေက ခါးပါ ပြတ်ကုန်တာကို။ ရေမြုပ်သွားပြီး (၂)ရက်လောက်မှ ရေပြန်မကျရင် စပါးက အခု အညွှန့်တက်ချိန်မဟုတ်ဘူး အသီးသီးနေပြီဆိုတော့ အကုန်လုံး ကုန်သွားပြီ။ အင်းလယ်ကတော့ ရေဒုက္ခသိပ်မခံစားရဘူး ပေါ့နော်။ ကန်ပတ်လမ်းနဲ့ဆက်နေတဲ့ လယ်စိုက်လို့ရတဲ့အကွက်တွေက ထိကုန်တာပေါ့။ အင်းပတ်ချာလည်ဆိုရင် စိုက်ပျိုးရေး ဧကပေါင်းက မနည်းဘူးဗျ။ အကုန်ထိတာပဲ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
အင်းလေးဒေသသည် ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်က ရေကြီးမှုဒဏ်ကို လနှစ်ချီခံစားခဲ့ရပြီး လက်ရှိရေကြီးမှု၌ ရေမြင့်တက်မှုမှာ မူလရေအမှတ်ထက် (၅)ပေခန့်အထိ မြင့်တက်လျက်ရှိပြီး မြေနိမ့်ပိုင်းမှ နေအိမ်များနှင့် အိမ်အနိမ့်မှဒေသခံများ ပြောင်းရွှေ့ နေသည်ကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်တွင် တွေ့မြင်ရသည်။
“အဓိကတော့ အစိုးရပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်လိုလုပ်ပေးပါဆိုပြီး တောင်းဆိုဖို့ အဆင်မပြေဘူးနဲ့တူတယ်။ ကျွန်တော့်အမြင်ပြောရရင်တော့ ရေတွေကို အဲဒီလောက်အထိ တောင့်မထားသင့်ဘူး။ အမှန်ဆို အင်းလေက ဒီ (၁) နှစ် (၂)နှစ်မှာမှ ရေကြီးတယ်ဆိုတဲ့ပြဿနာကို ရင်ဆိုင်လာရတာလေ။ ဒီအင်လေးက ရှေးက နှစ်ပေါင်းများစွာ နေလာခဲ့တာ ရေကြီးတယ်လို့ ထုံးစံမရှိဘူး။ သူ့ဟာသူပဲ အဆင်ပြေအောင် နေထိုင်နေကြတာပဲ။ ဒါပေမဲ့ အခုဟာက အတိုင်းထက်အလွန်တွေ ရေကြီးတာလေ။ အခု ဒီလိုသာ နှစ်စဉ်ကြီးသွားမယ်ဆိုရင် သူတို့ရဲ့ အင်းလေးထဲမှာနေထိုင်မှု၊ သဘာဝတရားတွေ အများကြီး ပျက်စီးကုန်မှာပေါ့နော်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁)ရက်က အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်၌ အင်းလေးဖောင်တော်ဦးဘုရားပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းဝေးကို ပြုလုပ်ခဲ့ပြီး အဆိုပါပွဲကို သီတင်းကျွတ်လဆန်း(၁)ရက် (စက်တင်ဘာလ ၂၂ ရက်)မှ သီတင်းကျွတ်လပြည့်ကျော် (၃)ရက် (အောက်တိုဘာ ၉ ရက်) အထိ (၁၈) ကြာ ကျင်းပ ပြလုပ်သွားမည်ဖြစ်ကြောင်း အင်းလေးဖောင်တော်ဦးဂေါပကအဖွဲ့မှ ဒုတိယဥက္ကဌ ဦးသန်းဝင်းက NP News သို့ ပြောသည်။

Zawgyi Version:
မိုးမ်ားတိုင္း ေရႀကီးေနေသာ အင္းေလးေဒသအခက္ခဲကို ေျဖရွင္းေပးရန္ လိုအပ္ေန
ခ်ယ္ရီ(NP News) ဩဂုတ္ ၁၀
လက္ရွိတြင္ မိုး႐ြာသြန္းမႈမ်ားျပားကာ ေတာင္က်ေရမ်ားေၾကာင့္ အင္းေလးေဒသ၌ ေရႀကီးမႈအခက္ခဲကို ထပ္မံႀကဳံေတြ႕ေနၾကရ ေသာေၾကာင့္ အဆိုပါအခက္ခဲမ်ိဳး ဆက္လက္မျဖစ္ပြားေစရန္ ေျဖရွင္းလုပ္ေဆာင္သင့္ ေၾကာင္း ေျမျပင္သို႔သြားေရာက္ကူညီေနသူ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NSS သို႔ အႀကဳံျပဳေျပာၾကားသည္။
ျပည္တြင္း၊ ျပည္ပခရီးသြား မ်ားျပားၿပီး ျမန္မာျပည္၌ အထင္ကရေနရာတစ္ခုျဖစ္ေသာ အင္းေလးေဒသသည္ ေရႀကီးနစ္ျမဳပ္သည့္ ဒဏ္ ႏွင့္ ငလ်င္ဒဏ္ကို ခံစားခဲ့ရၿပီး ျပန္လည္ ထူေထာင္ေနရဆဲကာ လက္ရွိတြင္လည္း ေရႀကီးမႈကို ခံစားေနရသည္။
“အင္းေလးက ေနရင္းထိုင္ရင္းနဲ႔ ေရေတြ ျပည့္ျပည့္လာတာ။ စပါးေတြ၊ ေနၾကာေတြ၊ ေျမပဲေတြက ေရေတြက နစ္ေနတာ။ အခုခ်ိန္ေပၚလည္း မရေတာ့ဘူး။ သြားၿပီေလ။ ေနၾကာေတြက ခါးပါ ျပတ္ကုန္တာကို။ ေရျမဳပ္သြားၿပီး (၂)ရက္ေလာက္မွ ေရျပန္မက်ရင္ စပါးက အခု အၫႊန႔္တက္ခ်ိန္မဟုတ္ဘူး အသီးသီးေနၿပီဆိုေတာ့ အကုန္လုံး ကုန္သြားၿပီ။ အင္းလယ္ကေတာ့ ေရဒုကၡသိပ္မခံစားရဘူး ေပါ့ေနာ္။ ကန္ပတ္လမ္းနဲ႔ဆက္ေနတဲ့ လယ္စိုက္လို႔ရတဲ့အကြက္ေတြက ထိကုန္တာေပါ့။ အင္းပတ္ခ်ာလည္ဆိုရင္ စိုက္ပ်ိဳးေရး ဧကေပါင္းက မနည္းဘူးဗ်။ အကုန္ထိတာပဲ” ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။
အင္းေလးေဒသသည္ ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္က ေရႀကီးမႈဒဏ္ကို လႏွစ္ခ်ီခံစားခဲ့ရၿပီး လက္ရွိေရႀကီးမႈ၌ ေရျမင့္တက္မႈမွာ မူလေရအမွတ္ထက္ (၅)ေပခန႔္အထိ ျမင့္တက္လ်က္ရွိၿပီး ေျမနိမ့္ပိုင္းမွ ေနအိမ္မ်ားႏွင့္ အိမ္အနိမ့္မွေဒသခံမ်ား ေျပာင္းေ႐ႊ႕ ေနသည္ကိုလည္း လူမႈကြန္ယက္စာမ်က္ႏွာထက္တြင္ ေတြ႕ျမင္ရသည္။
“အဓိကေတာ့ အစိုးရေပၚမွာပဲ မူတည္တယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ဘယ္လိုလုပ္ေပးပါဆိုၿပီး ေတာင္းဆိုဖို႔ အဆင္မေျပဘူးနဲ႔တူတယ္။ ကြၽန္ေတာ့္အျမင္ေျပာရရင္ေတာ့ ေရေတြကို အဲဒီေလာက္အထိ ေတာင့္မထားသင့္ဘူး။ အမွန္ဆို အင္းေလက ဒီ (၁) ႏွစ္ (၂)ႏွစ္မွာမွ ေရႀကီးတယ္ဆိုတဲ့ျပႆနာကို ရင္ဆိုင္လာရတာေလ။ ဒီအင္ေလးက ေရွးက ႏွစ္ေပါင္းမ်ားစြာ ေနလာခဲ့တာ ေရႀကီးတယ္လို႔ ထုံးစံမရွိဘူး။ သူ႔ဟာသူပဲ အဆင္ေျပေအာင္ ေနထိုင္ေနၾကတာပဲ။ ဒါေပမဲ့ အခုဟာက အတိုင္းထက္အလြန္ေတြ ေရႀကီးတာေလ။ အခု ဒီလိုသာ ႏွစ္စဥ္ႀကီးသြားမယ္ဆိုရင္ သူတို႔ရဲ႕ အင္းေလးထဲမွာေနထိုင္မႈ၊ သဘာဝတရားေတြ အမ်ားႀကီး ပ်က္စီးကုန္မွာေပါ့ေနာ္” ဟု ၎က ေျပာသည္။
ၿပီးခဲ့သည့္ ဩဂုတ္လ (၁)ရက္က အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရား ရတနာစံေက်ာင္းေတာ္၌ အင္းေလးေဖာင္ေတာ္ဦးဘုရားပြဲ က်င္းပႏိုင္ေရးအတြက္ ႀကိဳတင္ညႇိႏႈိင္းအစည္းေဝးကို ျပဳလုပ္ခဲ့ၿပီး အဆိုပါပြဲကို သီတင္းကြၽတ္လဆန္း(၁)ရက္ (စက္တင္ဘာလ ၂၂ ရက္)မွ သီတင္းကြၽတ္လျပည့္ေက်ာ္ (၃)ရက္ (ေအာက္တိုဘာ ၉ ရက္) အထိ (၁၈) ၾကာ က်င္းပ ျပလုပ္သြားမည္ျဖစ္ေၾကာင္း အင္းေလးေဖာင္ေတာ္ဦးေဂါပကအဖြဲ႕မွ ဒုတိယဥကၠဌ ဦးသန္းဝင္းက NP News သို႔ ေျပာသည္။