Pride of Myanmar Products and Global Connection Business Forum ပြပွဲသို့ နိုင်ငံခြားသားများပါ စိတ်ဝင်စားမှုများပြားခဲ့

434
စော(NP News)-ဩဂုတ် ၁၀
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းရှိ THE ERAVATI Sule Grand Yangonတွင် ပြုလုပ်သော Pride of Myanmar Products and Global Connection Business Forum ပြပွဲသို့ နိုင်ငံခြားသားများပါ စိတ်ဝင်စားမှုများပြားခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲကို ယမန်နေ့ ဩဂုတ်လ (၉)ရက်မှ၊ (၁၁)ရက် နံနက် (၁၀)နာရီမှ (၆)နာရီခွဲအချိန်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာပြည်ထွက်ပစ္စည်းတွေကို အဓိကထားတာပေါ့။မြန်မာပြည်တွင်းထွက်ပစ္စည်းတွေကို အဓိကထားပြီးပြတာပေါ့။ ရိုးရာပေါ့ Culture နဲ့ပတ်သက်တဲ့ဟာမျိုးပြတဲ့သဘောပေါ့။ စိတ်ဝင်စားမှု များတာပေါ့။ နိုင်ငံခြားသားတွေတော့ ပိုပြီးစိတ်ဝင်စားကြတာပေါ့”ဟု မြပုဏ္ဏမာပွဲရုံပိုင်ရှင် ဦးဟိန်းထိုက်အောင်က NP Newsကိုပြောသည်။
အဆိုပါပြပွဲအတွင်း ပြခန်းပေါင်း (၆၀)ခန့်ပါဝင်ကာ MSME လုပ်ငန်းမှ ကုန်ပစ္စည်းများ၊ အစားအသောက်များ၊ အသုံးအဆောင်များအပြင် သံရုံးအချို့ကလည်း ပါဝင်ပြသခဲ့ကြောင်း သိရသည်။
Zawgyi Version:
Pride of Myanmar Products and Global Connection Business Forum ျပပြဲသို႔ ႏိုင္ငံျခားသားမ်ားပါ စိတ္ဝင္စားမႈမ်ားျပားခဲ့
ေစာ(NP News)-ဩဂုတ္ ၁၀
ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ကမ္းနားလမ္းရွိ THE ERAVATI Sule Grand Yangonတြင္ ျပဳလုပ္ေသာ Pride of Myanmar Products and Global Connection Business Forum ျပပြဲသို႔ ႏိုင္ငံျခားသားမ်ားပါ စိတ္ဝင္စားမႈမ်ားျပားခဲ့ေၾကာင္း သိရသည္။
အဆိုပါျပပြဲကို ယမန္ေန႔ ဩဂုတ္လ (၉)ရက္မွ၊ (၁၁)ရက္ နံနက္ (၁၀)နာရီမွ (၆)နာရီခြဲအခ်ိန္အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ျမန္မာျပည္ထြက္ပစၥည္းေတြကို အဓိကထားတာေပါ့။ျမန္မာျပည္တြင္းထြက္ပစၥည္းေတြကို အဓိကထားၿပီးျပတာေပါ့။ ႐ိုးရာေပါ့ Culture နဲ႔ပတ္သက္တဲ့ဟာမ်ိဳးျပတဲ့သေဘာေပါ့။ စိတ္ဝင္စားမႈ မ်ားတာေပါ့။ ႏိုင္ငံျခားသားေတြေတာ့ ပိုၿပီးစိတ္ဝင္စားၾကတာေပါ့”ဟု ျမပုဏၰမာပြဲ႐ုံပိုင္ရွင္ ဦးဟိန္းထိုက္ေအာင္က NP Newsကိုေျပာသည္။
အဆိုပါျပပြဲအတြင္း ျပခန္းေပါင္း (၆၀)ခန႔္ပါဝင္ကာ MSME လုပ္ငန္းမွ ကုန္ပစၥည္းမ်ား၊ အစားအေသာက္မ်ား၊ အသုံးအေဆာင္မ်ားအျပင္ သံ႐ုံးအခ်ိဳ႕ကလည္း ပါဝင္ျပသခဲ့ေၾကာင္း သိရသည္။