ဒေါ်နယ်ထရမ့်သမ္မတဖြစ်နေတဲ့တစ်လျှောက်လုံး တရုတ်(တိုင်ပေ) ကို ကျူးကျော်သွားမှာမဟုတ်ဘူးလို့ တရုတ် ပြော

370

Pika (NP News) - သြဂုတ် ၁၈
ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် တာဝန်ယူနေစဉ်အချိန်အတွင်း တရုတ်က တရုတ်(တိုင်ပေ)ကျွန်းကို ကျူးကျော်တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမှာမဟုတ်ဘူးလို့ တရုတ်သမ္မတရှီကျင့်ဖျင်က အာမခံခဲ့တယ်လို့ သိရပါတယ်။ ရှီကျင့်ဖျင်ရဲ့အာမခံမှုတွေကို ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “ကျွန်တော် အမေရိကန်သမ္မတအဖြစ် တာဝန်ယူနေစဉ်တစ်လျှောက်လုံး တရုတ်(တိုင်ပေ)ကျွန်း ကို ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမှာမဟုတ်ဘူးလို့ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် တရုတ်(တိုင်ပေ)အရေးဟာ တရုတ်-အမေရိကန်ဆက်ဆံရေးအတွက် အရေးအကြီးဆုံးနဲ့အထိအခိုက်မခံတဲ့ ကိစ္စရပ်တစ်ခုဖြစ်တယ်လို့ အမေရိကန်မှာရှိတဲ့ တရုတ်သံရုံးက ဖော်ပြပြောဆိုခဲ့ပါတယ်။ ပြီးတော့ ထိုင်ဝမ် ရေလက်ကြားတစ်လျှောက်မှာ တည်ငြိမ်မှုကိုကာကွယ်ဖို့အတွက် တရုတ်တစ်ပြည်တည်းမူဝါဒကိုလိုက်နာဖို့ အမေရိကန်ကို တရုတ်သံရုံးက တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။ တရုတ်အစိုးရဟာ တရုတ်(တိုင်ပေ) ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့အတွက် လိုအပ် လာမယ်ဆိုရင် အင်အားသုံးဖြေရှင်းသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က အကြိမ်ကြိမ်ကတိပြုခဲ့ပါတယ်။
ဒါပေမယ့်လည်း တရုတ်(တိုင်ပေ)အစိုးရဟာ တရုတ်ရဲ့ပြောဆိုချက်တွေကို အကြိမ်ကြိမ်ငြင်းဆန်ပယ်ချခဲ့ပြီး တရုတ်(တိုင်ပေ)ကျွန်းပြည်သူတွေကသာ ၎င်းတို့ရဲ့ကိုယ်ပိုင်အနာဂါတ်ကို ဆုံးဖြတ်နိုင်စွမ်းရှိတယ်လို့ ပြန်လည် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ေဒၚနယ္ထရမ့္သမၼတျဖစ္ေနတဲ့တစ္ေလွ်ာက္လုံး တ႐ုတ္(တိုင္ေပ) ကို က်ဴးေက်ာ္သြားမွာမဟုတ္ဘူးလို႔ တ႐ုတ္ ေျပာ
Pika (NP News) - ၾသဂုတ္ ၁၈
ေဒၚနယ္ထရမ့္က အေမရိကန္သမၼတအျဖစ္ တာဝန္ယူေနစဥ္အခ်ိန္အတြင္း တ႐ုတ္က တ႐ုတ္(တိုင္ေပ)ကြၽန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈေတြလုပ္ေဆာင္သြားမွာမဟုတ္ဘူးလို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က အာမခံခဲ့တယ္လို႔ သိရပါတယ္။ ရွီက်င့္ဖ်င္ရဲ႕အာမခံမႈေတြကို ေဒၚနယ္ထရမ့္ကိုယ္တိုင္က ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူေနစဥ္တစ္ေလွ်ာက္လုံး တ႐ုတ္(တိုင္ေပ)ကြၽန္း ကို က်ဴးေက်ာ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္သြားမွာမဟုတ္ဘူးလို႔ ရွီက်င့္ဖ်င္က ေျပာၾကားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ တ႐ုတ္(တိုင္ေပ)အေရးဟာ တ႐ုတ္-အေမရိကန္ဆက္ဆံေရးအတြက္ အေရးအႀကီးဆုံးနဲ႔အထိအခိုက္မခံတဲ့ ကိစၥရပ္တစ္ခုျဖစ္တယ္လို႔ အေမရိကန္မွာရွိတဲ့ တ႐ုတ္သံ႐ုံးက ေဖာ္ျပေျပာဆိုခဲ့ပါတယ္။ ၿပီးေတာ့ ထိုင္ဝမ္ ေရလက္ၾကားတစ္ေလွ်ာက္မွာ တည္ၿငိမ္မႈကိုကာကြယ္ဖို႔အတြက္ တ႐ုတ္တစ္ျပည္တည္းမူဝါဒကိုလိုက္နာဖို႔ အေမရိကန္ကို တ႐ုတ္သံ႐ုံးက တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။ တ႐ုတ္အစိုးရဟာ တ႐ုတ္(တိုင္ေပ) ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ အခိုင္အမာရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းဖို႔အတြက္ လိုအပ္ လာမယ္ဆိုရင္ အင္အားသုံးေျဖရွင္းသြားမယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က အႀကိမ္ႀကိမ္ကတိျပဳခဲ့ပါတယ္။
ဒါေပမယ့္လည္း တ႐ုတ္(တိုင္ေပ)အစိုးရဟာ တ႐ုတ္ရဲ႕ေျပာဆိုခ်က္ေတြကို အႀကိမ္ႀကိမ္ျငင္းဆန္ပယ္ခ်ခဲ့ၿပီး တ႐ုတ္(တိုင္ေပ)ကြၽန္းျပည္သူေတြကသာ ၎တို႔ရဲ႕ကိုယ္ပိုင္အနာဂါတ္ကို ဆုံးျဖတ္ႏိုင္စြမ္းရွိတယ္လို႔ ျပန္လည္ တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။