ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်အသစ်ကို ၂၀၂၆ ခုနှစ်မှာ လက်မှတ်ရေးထိုးဖို့ ဖိလစ်ပိုင်နဲ့ဩစတြေးလျတို့ စီစဉ်နေ

 322

Pika (NP News) - ဩဂုတ် ၂၄

ဖိလစ်ပိုင်နဲ့ ဩစတြေးလျနိုင်ငံတို့ဟာ နှစ်နိုင်ငံကြားစစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးတွေ ဖွံ့ဖြိုးတိုးတက် ရေးသဘောတူစာချုပ်အသစ်ကို လက်မှတ်ရေးထိုးဖို့ စီစဉ်နေတယ်လို့ ၎င်းတို့ရဲ့ကာကွယ်ရေးဝန်ကြီးတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်နဲ့ဩစတြေးလျနိုင်ငံတို့ဟာ ဒေသတွင်းမှာတရုတ်ရဲ့တစ်ဖက်သတ်လုပ်ဆောင်မှုတွေကို တုံ့ပြန်ဖို့ ကြိုးပမ်း မှုတွေ လုပ်ဆောင်နေချိန်မှာပဲ ယခုလိုသဘောတူညီချက်အသစ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဩစတြေးလျ နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ဖိလစ်ပိုင်နိုင်ငံအနောက်ဘက်နဲ့မြောက်ဘက်တို့မှာ တပ်ဖွဲ့ဝင်(၃၆၀၀)ခန့်ပါဝင်ခဲ့တဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကိုလုပ်ဆောင်ခဲ့ပြီးနောက် အဲဒီအစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
ဩစတြေးလျကာကွယ်ရေးဝန်ကြီး Richard Marles က “အင်ဒို-ပစိဖိတ်ဒေသမှာ စည်းမျဥ်းအခြေခံတဲ့ အမိန့်ကို ချမှတ်ထားတဲ့ဖိအားတွေကို ကျွန်တော်တို့နှစ်နိုင်ငံစလုံး ကြုံတွေ့နေရတာပါ။ ဖိလစ်ပိုင်နဲ့ ဩစတြေးလျနိုင်ငံကြား စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးတွေ ဖွံ့ဖြိုးတိုးတက်ရေးသဘောတူစာချုပ်အသစ်ကို လာမယ့်နှစ်မှာ လက်မှတ်ရေးထိုးဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။
ဩစတြေးလျကာကွယ်ရေးဝန်ကြီး Richard Marles ဟာ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးနဲ့ မနီလာမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် ယခုလိုထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
ကာကြယ္ေရးဆိုင္ရာသေဘာတူညီခ်က္အသစ္ကို ၂၀၂၆ ခုႏွစ္မွာ လက္မွတ္ေရးထိုးဖို႔ ဖိလစ္ပိုင္နဲ႔ဩစေၾတးလ်တို႔ စီစဥ္ေန
Pika (NP News) - ဩဂုတ္ ၂၄
ဖိလစ္ပိုင္နဲ႔ ဩစေၾတးလ်ႏိုင္ငံတို႔ဟာ ႏွစ္ႏိုင္ငံၾကားစစ္ဘက္ဆိုင္ရာအေျခခံအေဆာက္အဦးေတြ ဖြံ႕ၿဖိဳးတိုးတက္ ေရးသေဘာတူစာခ်ဳပ္အသစ္ကို လက္မွတ္ေရးထိုးဖို႔ စီစဥ္ေနတယ္လို႔ ၎တို႔ရဲ႕ကာကြယ္ေရးဝန္ႀကီးေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဖိလစ္ပိုင္နဲ႔ဩစေၾတးလ်ႏိုင္ငံတို႔ဟာ ေဒသတြင္းမွာတ႐ုတ္ရဲ႕တစ္ဖက္သတ္လုပ္ေဆာင္မႈေတြကို တုံ႔ျပန္ဖို႔ ႀကိဳးပမ္း မႈေတြ လုပ္ေဆာင္ေနခ်ိန္မွာပဲ ယခုလိုသေဘာတူညီခ်က္အသစ္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဩစေၾတးလ် နဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔ဟာ ဖိလစ္ပိုင္ႏိုင္ငံအေနာက္ဘက္နဲ႔ေျမာက္ဘက္တို႔မွာ တပ္ဖြဲ႕ဝင္(၃၆၀၀)ခန႔္ပါဝင္ခဲ့တဲ့ ပူးတြဲ စစ္ေရးေလ့က်င့္မႈေတြကိုလုပ္ေဆာင္ခဲ့ၿပီးေနာက္ အဲဒီအစီအစဥ္ကို ထုတ္ျပန္ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။
ဩစေၾတးလ်ကာကြယ္ေရးဝန္ႀကီး Richard Marles က “အင္ဒို-ပစိဖိတ္ေဒသမွာ စည္းမ်ဥ္းအေျခခံတဲ့ အမိန႔္ကို ခ်မွတ္ထားတဲ့ဖိအားေတြကို ကြၽန္ေတာ္တို႔ႏွစ္ႏိုင္ငံစလုံး ႀကဳံေတြ႕ေနရတာပါ။ ဖိလစ္ပိုင္နဲ႔ ဩစေၾတးလ်ႏိုင္ငံၾကား စစ္ဘက္ဆိုင္ရာအေျခခံအေဆာက္အဦးေတြ ဖြံ႕ၿဖိဳးတိုးတက္ေရးသေဘာတူစာခ်ဳပ္အသစ္ကို လာမယ့္ႏွစ္မွာ လက္မွတ္ေရးထိုးဖို႔ ေမွ်ာ္လင့္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဩစေၾတးလ်ကာကြယ္ေရးဝန္ႀကီး Richard Marles ဟာ ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီးနဲ႔ မနီလာၿမိဳ႕မွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ ယခုလိုထုတ္ျပန္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.