တရုတ်နိုင်ငံထံမှ လုံခြုံရေးအာမခံချက်ရယူရန် မလိုအပ်ကြောင်း ယူကရိန်းသမ္မတပြော

159

Pika (NP News) - သြဂုတ် ၂၄
ယူကရိန်းသမ္မတ ဇယ်လန်စကီးက ယူကရိန်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထံမှ လုံခြုံရေးအာ မခံချက်ရယူရန် မလိုအပ်ကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။ တရုတ်နိုင်ငံသည် ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားသောစစ်ပွဲကို ရပ်တန့်ရန် သို့မဟုတ် တားဆီးရန် ပျက်ကွက်မှုများရှိခဲ့ခြင်းကြောင့် တရုတ်နိုင်ငံထံမှ လုံခြုံရေးအာမခံချက် ယူရန် မလိုအပ်ကြောင်း သမ္မတဇယ်လန်စကီးကပြောသည်။ ရုရှားနှင့် ဖြစ်ပွားနေသည့်စစ်ပွဲအဆုံးသတ်ချိန်တွင် မိတ်ဖက် နိုင်ငံ များထံမှ လုံခြုံရေးအာမခံချက်ရယူရေးနှင့်ပတ်သက်ပြီး ယူကရိန်းသမ္မတက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းသမ္မတက “ပထမဆုံးပြောချင်တာက တရုတ်နိုင်ငံဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်အောင် ဘာမှမကူညီခဲ့ဖူးဘူး။ ခရိုင်းမီး ယားဒေသခွဲထွက်ရေးမှာလည်း တရုတ်အစိုးရဟာ ဘာမှ လုပ်မပေးခဲ့ဘူး၊ တရုတ်နိုင်ငံဟာ ယူကရိန်းနဲ့ ရုရှားစစ်ပွဲဖြစ်ပွားချိန်မှာလည်း ဘေးထိုင်နေခဲ့တယ်။ ဒါကြောင့် ယူကရိန်းဟာ တရုတ်နိုင်ငံထံကနေ အကူအညီတွေရယူဖို့မလိုအပ်ဘူး”ဟုပြောသည်။ တရုတ်နိုင်ငံသည် ယူကရိန်းနှင့်ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်ပွားချိန်တွင် ကြားနေနိုင်ငံအဖြစ်သာရပ် တည်ခဲ့ပြီး ရုရှားကိုပိတ်ဆို့မှုများချမှတ်ရန်ငြင်းဆန် ခဲ့ဖူးကြောင်းသိရသည်။ တရုတ်အစိုး ရသည် ယူကရိန်းနှင့် ရုရှားနိုင်ငံတို့ကို စစ်ပွဲအဆုံးသတ်ရန်နှင့် ငြိမ်းချမ်းရေးအတွက်ဆွေးနွေးရန် တိုက်တွန်းတောင်း ဆိုခဲ့ဖူးကြောင်းသိရသည်။ ယူကရိန်းနှင့်ရုရှားနိုင်ငံ ကြားဖြစ်ပွားနေသော စစ်ပွဲအဆုံးသတ်ရန်အတွက် သမ္မတဒေါ် နယ်ထရမ့် ဦးဆောင်သော အမေရိကန်အ စိုးရအဖွဲ့က ကြားဝင်ကြိုးပမ်းလျက်ရှိနေရာ ပြီးခဲ့သောသီတင်းပတ်တွင် ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကြား တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။ တရုတ်အစိုးရ သည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရန်အတွက် အမေရိကန် သမ္မတ၏ကြိုးပမ်းမှုများကိုလက်ခံပြီး ယူကရိန်းစစ်ပွဲ အဆုံး သတ်ရန်အတွက် အပြုသဘောဆောင်သော ကြိုးပမ်းမှုအားလုံးကိုထောက်ခံကြောင်း ပြီးခဲ့သောသီ တင်းပတ် အတွင်းပြောဆိုထားသည်။ ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေ သောစစ်ပွဲသည် (၃)နှစ်ကျော်ကြာသော်လည်း ယူကရိန်းသမ္မတနှင့် ရုရှားသမ္မတကြား အပစ်ခတ်ရပ်စဲရန် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနိုင် ခြင်းမျိုးမရှိသေး ကြောင်း သိရသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံထံမွ လုံၿခဳံေရးအာမခံခ်က္ရယူရန္ မလိုအပ္ေၾကာင္း ယူကရိန္းသမၼတေျပာ
Pika (NP News) - ၾသဂုတ္ ၂၄
ယူကရိန္းသမၼတ ဇယ္လန္စကီးက ယူကရိန္းႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံထံမွ လုံၿခဳံေရးအာ မခံခ်က္ရယူရန္ မလိုအပ္ေၾကာင္း ထုတ္ေဖာ္ေျပာဆို လိုက္သည္။ တ႐ုတ္ႏိုင္ငံသည္ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေသာစစ္ပြဲကို ရပ္တန႔္ရန္ သို႔မဟုတ္ တားဆီးရန္ ပ်က္ကြက္မႈမ်ားရွိခဲ့ျခင္းေၾကာင့္ တ႐ုတ္ႏိုင္ငံထံမွ လုံၿခဳံေရးအာမခံခ်က္ ယူရန္ မလိုအပ္ေၾကာင္း သမၼတဇယ္လန္စကီးကေျပာသည္။ ႐ုရွားႏွင့္ ျဖစ္ပြားေနသည့္စစ္ပြဲအဆုံးသတ္ခ်ိန္တြင္ မိတ္ဖက္ ႏိုင္ငံ မ်ားထံမွ လုံၿခဳံေရးအာမခံခ်က္ရယူေရးႏွင့္ပတ္သက္ၿပီး ယူကရိန္းသမၼတက ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္း ျဖစ္သည္။ ယူကရိန္းသမၼတက “ပထမဆုံးေျပာခ်င္တာက တ႐ုတ္ႏိုင္ငံဟာ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့ စစ္ပြဲအဆုံးသတ္ေအာင္ ဘာမွမကူညီခဲ့ဖူးဘူး။ ခ႐ိုင္းမီး ယားေဒသခြဲထြက္ေရးမွာလည္း တ႐ုတ္အစိုးရဟာ ဘာမွ လုပ္မေပးခဲ့ဘူး၊ တ႐ုတ္ႏိုင္ငံဟာ ယူကရိန္းနဲ႔ ႐ုရွားစစ္ပြဲျဖစ္ပြားခ်ိန္မွာလည္း ေဘးထိုင္ေနခဲ့တယ္။ ဒါေၾကာင့္ ယူကရိန္းဟာ တ႐ုတ္ႏိုင္ငံထံကေန အကူအညီေတြရယူဖို႔မလိုအပ္ဘူး”ဟုေျပာသည္။ တ႐ုတ္ႏိုင္ငံသည္ ယူကရိန္းႏွင့္႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္ပြားခ်ိန္တြင္ ၾကားေနႏိုင္ငံအျဖစ္သာရပ္ တည္ခဲ့ၿပီး ႐ုရွားကိုပိတ္ဆို႔မႈမ်ားခ်မွတ္ရန္ျငင္းဆန္ ခဲ့ဖူးေၾကာင္းသိရသည္။ တ႐ုတ္အစိုး ရသည္ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံတို႔ကို စစ္ပြဲအဆုံးသတ္ရန္ႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ေဆြးေႏြးရန္ တိုက္တြန္းေတာင္း ဆိုခဲ့ဖူးေၾကာင္းသိရသည္။ ယူကရိန္းႏွင့္႐ုရွားႏိုင္ငံ ၾကားျဖစ္ပြားေနေသာ စစ္ပြဲအဆုံးသတ္ရန္အတြက္ သမၼတေဒၚ နယ္ထရမ့္ ဦးေဆာင္ေသာ အေမရိကန္အ စိုးရအဖြဲ႕က ၾကားဝင္ႀကိဳးပမ္းလ်က္ရွိေနရာ ၿပီးခဲ့ေသာသီတင္းပတ္တြင္ ႐ုရွားသမၼတပူတင္ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ၾကား ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္းသိရသည္။ တ႐ုတ္အစိုးရ သည္ ယူကရိန္းစစ္ပြဲအဆုံးသတ္ရန္အတြက္ အေမရိကန္ သမၼတ၏ႀကိဳးပမ္းမႈမ်ားကိုလက္ခံၿပီး ယူကရိန္းစစ္ပြဲ အဆုံး သတ္ရန္အတြက္ အျပဳသေဘာေဆာင္ေသာ ႀကိဳးပမ္းမႈအားလုံးကိုေထာက္ခံေၾကာင္း ၿပီးခဲ့ေသာသီ တင္းပတ္ အတြင္းေျပာဆိုထားသည္။ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေန ေသာစစ္ပြဲသည္ (၃)ႏွစ္ေက်ာ္ၾကာေသာ္လည္း ယူကရိန္းသမၼတႏွင့္ ႐ုရွားသမၼတၾကား အပစ္ခတ္ရပ္စဲရန္ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံေဆြးေႏြးႏိုင္ ျခင္းမ်ိဳးမရွိေသး ေၾကာင္း သိရသည္။