တတိယကမ္ဘာစစ်ဖြစ်ပွားလာမည်ကို စိတ်ပူစရာမလိုတော့ဟု ဒေါ်နယ်ထရမ့်မှတ်ချက်ပြု

995

Pika (NP News) - သြဂုတ် ၂၄
တတိယကမ္ဘာစစ်အထိ မြင့်တက်လာနိုင်သည့် ယူကရိန်းပဋိပက္ခ၏အလားအလာများကို ကမ္ဘာ ကြီးကရင်ဆိုင်ရတော့မည်မဟုတ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် အမေရိကန်သမ္မတ ဟောင်းဂျိုးဘိုင်ဒန် လက်ထက်တွင် အမေရိကန်နှင့်ရုရှားနိုင်ငံကြား ဆက်ဆံရေးသည် အနိမ့်ဆုံးအဆင့်သို့ကျ ဆင်းသွားမှု နှင့်အတူ ကမ္ဘာလုံးဆိုင်ရာတင်းမာမှုများ မြင့်တက်လာခဲ့ ကြောင်း ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ်ထုတ်ဖော်ပြော ဆိုခဲ့သည်။
ရုရှားဘက်မှတရားဝင်စိုးရိမ်မှုများရှိနေသော်လည်း ဂျိုးဘိုင်ဒန်သည် ယူကရိန်း၏နေတိုး အဖွဲ့ရည်မှန်း ချက်များကို ကျောထောက်နောက်ခံ ပြုခြင်းဖြင့် ယူကရိန်းပဋိပက္ခကို နှိုးဆွပေးမှုများလုပ်ဆောင်ခဲ့ကြောင်း ဒေါ်နယ် ထရမ့်က စွပ်စွဲပြောဆိုခဲ့သည်။ ထို့ပြင် ၎င်းသမ္မတအဖြစ် စတင်တာဝန်ယူသည့် အချိန်တွင် ယူကရိန်းပဋိပက္ခသည် အလွန်ပြင်းထန် နေပြီး တတိယကမ္ဘာစစ်ကြီးဆီသို့ဦးတည်နေကြောင်း ဒေါ်နယ်ထရမ့်က ထပ်မံပြောကြားခဲ့သည်။
သို့သော်လည်း လက်ရှိအချိန်တွင် တတိယကမ္ဘာစစ်ကြီးအထိမြင့်တက်လာနိုင်မည့်ပဋိပက္ခကို ကမ္ဘာကြီးက ရင်ဆိုင်ရတော့မည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့သည်။ ဒေါ်နယ်ထ ရမ့်က “တတိယကမ္ဘာ စစ်ဖြစ်ပွားလာမှာနဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုတော့ပါဘူး”ဟုပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ်ပြန်လည်တာဝန်ယူချိန်မှစတင်ပြီး ရုရှားနိုင်ငံ နှင့် အဆင့်မြင့် သံတမန်လမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ရုရှားသမ္မတပူတင်နှင့် တိုက်ရိုက်ဆက်သွယ်မှု များလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
တတိယကမာၻစစ္ျဖစ္ပြားလာမည္ကို စိတ္ပူစရာမလိုေတာ့ဟု ေဒၚနယ္ထရမ့္မွတ္ခ်က္ျပဳ
Pika (NP News) - ၾသဂုတ္ ၂၄
တတိယကမာၻစစ္အထိ ျမင့္တက္လာႏိုင္သည့္ ယူကရိန္းပဋိပကၡ၏အလားအလာမ်ားကို ကမာၻ ႀကီးကရင္ဆိုင္ရေတာ့မည္မဟုတ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့သည္။ ထို႔ျပင္ အေမရိကန္သမၼတ ေဟာင္းဂ်ိဳးဘိုင္ဒန္ လက္ထက္တြင္ အေမရိကန္ႏွင့္႐ုရွားႏိုင္ငံၾကား ဆက္ဆံေရးသည္ အနိမ့္ဆုံးအဆင့္သို႔က် ဆင္းသြားမႈ ႏွင့္အတူ ကမာၻလုံးဆိုင္ရာတင္းမာမႈမ်ား ျမင့္တက္လာခဲ့ ေၾကာင္း ေဒၚနယ္ထရမ့္က အႀကိမ္ႀကိမ္ထုတ္ေဖာ္ေျပာ ဆိုခဲ့သည္။
႐ုရွားဘက္မွတရားဝင္စိုးရိမ္မႈမ်ားရွိေနေသာ္လည္း ဂ်ိဳးဘိုင္ဒန္သည္ ယူကရိန္း၏ေနတိုး အဖြဲ႕ရည္မွန္း ခ်က္မ်ားကို ေက်ာေထာက္ေနာက္ခံ ျပဳျခင္းျဖင့္ ယူကရိန္းပဋိပကၡကို ႏႈိးဆြေပးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း ေဒၚနယ္ ထရမ့္က စြပ္စြဲေျပာဆိုခဲ့သည္။ ထို႔ျပင္ ၎သမၼတအျဖစ္ စတင္တာဝန္ယူသည့္ အခ်ိန္တြင္ ယူကရိန္းပဋိပကၡသည္ အလြန္ျပင္းထန္ ေနၿပီး တတိယကမာၻစစ္ႀကီးဆီသို႔ဦးတည္ေနေၾကာင္း ေဒၚနယ္ထရမ့္က ထပ္မံေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း လက္ရွိအခ်ိန္တြင္ တတိယကမာၻစစ္ႀကီးအထိျမင့္တက္လာႏိုင္မည့္ပဋိပကၡကို ကမာၻႀကီးက ရင္ဆိုင္ရေတာ့မည္မဟုတ္ေၾကာင္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့သည္။ ေဒၚနယ္ထ ရမ့္က “တတိယကမာၻ စစ္ျဖစ္ပြားလာမွာနဲ႔ပတ္သက္ၿပီး စိုးရိမ္စရာမလိုေတာ့ပါဘူး”ဟုေျပာဆိုခဲ့သည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္ျပန္လည္တာဝန္ယူခ်ိန္မွစတင္ၿပီး ႐ုရွားႏိုင္ငံ ႏွင့္ အဆင့္ျမင့္ သံတမန္လမ္းေၾကာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ခဲ့ၿပီး ႐ုရွားသမၼတပူတင္ႏွင့္ တိုက္႐ိုက္ဆက္သြယ္မႈ မ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။