ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ဝင်အချို့ လက်ဘနွန်အစိုးရထံ လက်နက်ချ

139

ဂျန်ဇက် (NP News) - သြဂုတ် ၂၄
လက်ဘနွန်နိုင်ငံဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဝင်အချို့သည် ၎င်းတို့လက်နက်များကို လက်ဘနွန် အာဏာပိုင်များထံလွှဲပြောင်းပေးခဲ့ပြီး လက်နက်ချခဲ့ကြောင်းသိရသည်။
အမေရိကန်အစိုးရ၏ဖိအားများကြောင့် လက်ဘနွန်အစိုးရအဖွဲ့သည် ၎င်းတို့နိုင်ငံအတွင်းရှိ နေသည့်လက်နက် ကိုင်အဖွဲ့ကို လက်နက်ဖျက်သိမ်း ရန်ကြိုးပမ်းခဲ့ရာ လက်ရှိအချိန်တွင် ဒုက္ခသည်စခန်း များရှိ လက်နက်ကိုင်အဖွဲ့ဝင်အချို့ လက်နက်စွန့်လွှတ်လာခြင်းမျိုးဖြစ်ကြောင်းသိရသည်။ အမေရိကန် အစိုးရသည် ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ကို ယခု နှစ်မကုန်ခင် လက်နက်ဖျက်သိမ်းရန် တောင်းဆိုထား ကြောင်းသိရသည်။ လက်ဘနွန်စစ်တပ်သည် လက်ဘနွန် နိုင်ငံ တောင်ပိုင်း Burj al-Barajneh ဒုက္ခစခန်းရှိ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဝင်များထံ မှ လက်နက်များကိုသိမ်းယူခဲ့ပြီး လက်နက်ကိုင်အဖွဲ့ များကလည်း စစ်တပ်ထံလက်နက်များလွှဲပြောင်းပေး ခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရအဖွဲ့ အထူးကိုယ်စားလှယ် တွန်ဘာရက်က လက်နက်ကိုင်အဖွဲ့များ၏ လက်နက်စွန့်ခြင်း သည် လက်ဘနွန်နိုင်ငံ စုစည်းညီညွတ်ရန်၊ တည်ငြိမ်ရန်အတွက် သမိုင်းဝင်ခြေလှမ်းဖြစ်သလို ငြိမ်းချမ်းရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ကတိများကို လက်တွေ့အကောင်ထည်ဖော်ခြင်း လည်းဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။
လက်ဘနွန်အစိုးရအဖွဲ့ဝန်ကြီးချုပ်က လက်နက်ကိုင်အဖွဲ့များ၏ လက်နက်စွန့်ခြင်းကို ကြိုဆိုခဲ့ပြီး လာမည့် သီတင်းပတ်များတွင်လည်း ဒုက္ခသည်စခန်းများတွင်ရှိနေသည့် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်စွန့်ခြင်းနှင့် လက် နက်များလွှဲပြောင်း ပေးခြင်းများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ပြောသည်။
ပါလက်စတိုင်း လုံခြုံရေးအရာရှိတစ်ဦးက ‘ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ဖာတက်လက်နက် ကိုင်အဖွဲ့ဟာ လက်ဘနွန်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုအစိတ်အပိုင်းအဖြစ် Burj al-Barajneh ဒုက္ခသည်စခန်းမှာ လက်နက်တွေကို လွှဲပြောင်းပေးတာစတင်ခဲ့တယ်}ဟုပြောသည်။ ဖာတက်အရေးလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးဖြစ် သော ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်သည် ပြီးခဲ့သည့်မေလတွင် လက်ဘနွန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး လက်ဘနွန်သမ္မတနှင့်တွေ့ဆုံဆွေးနွေးခဲ့ကာ သဘောတူညီမှုများရရှိခဲ့ကြောင်းသိရသည်။
အဆိုပါ သဘောတူညီမှုများအတွင်း လက်ဘနွန်နိုင်ငံရှိ ပါလက်စတိုင်းဒုက္ခသည်စခန်းများတွင် ရှိနေသည့် ဖာ တက်လက်နက်ကိုင်အဖွဲ့ဝင်များ လက်ဘနွန်အစိုးရထံ လက်နက်ချမည်ဆိုသောအချက်ကို သဘောတူညီခဲ့ကြောင်း သိရသည်။

Zawgyi Version:
ပါလက္စတိုင္း လက္နက္ကိုင္ အဖြဲ႕ဝင္အခ်ိဳ႕ လက္ဘႏြန္အစိုးရထံ လက္နက္ခ်
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၄
လက္ဘႏြန္ႏိုင္ငံဒုကၡသည္စခန္းမ်ားတြင္ ေနထိုင္ေနသည့္ ပါလက္စတိုင္း လက္နက္ကိုင္အဖြဲ႕ ဝင္အခ်ိဳ႕သည္ ၎တို႔လက္နက္မ်ားကို လက္ဘႏြန္ အာဏာပိုင္မ်ားထံလႊဲေျပာင္းေပးခဲ့ၿပီး လက္နက္ခ်ခဲ့ေၾကာင္းသိရသည္။
အေမရိကန္အစိုးရ၏ဖိအားမ်ားေၾကာင့္ လက္ဘႏြန္အစိုးရအဖြဲ႕သည္ ၎တို႔ႏိုင္ငံအတြင္းရွိ ေနသည့္လက္နက္ ကိုင္အဖြဲ႕ကို လက္နက္ဖ်က္သိမ္း ရန္ႀကိဳးပမ္းခဲ့ရာ လက္ရွိအခ်ိန္တြင္ ဒုကၡသည္စခန္း မ်ားရွိ လက္နက္ကိုင္အဖြဲ႕ဝင္အခ်ိဳ႕ လက္နက္စြန႔္လႊတ္လာျခင္းမ်ိဳးျဖစ္ေၾကာင္းသိရသည္။ အေမရိကန္ အစိုးရသည္ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ကို ယခု ႏွစ္မကုန္ခင္ လက္နက္ဖ်က္သိမ္းရန္ ေတာင္းဆိုထား ေၾကာင္းသိရသည္။ လက္ဘႏြန္စစ္တပ္သည္ လက္ဘႏြန္ ႏိုင္ငံ ေတာင္ပိုင္း Burj al-Barajneh ဒုကၡစခန္းရွိ ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ဝင္မ်ားထံ မွ လက္နက္မ်ားကိုသိမ္းယူခဲ့ၿပီး လက္နက္ကိုင္အဖြဲ႕ မ်ားကလည္း စစ္တပ္ထံလက္နက္မ်ားလႊဲေျပာင္းေပး ခဲ့ေၾကာင္း သိရသည္။
အေမရိကန္အစိုးရအဖြဲ႕ အထူးကိုယ္စားလွယ္ တြန္ဘာရက္က လက္နက္ကိုင္အဖြဲ႕မ်ား၏ လက္နက္စြန႔္ျခင္း သည္ လက္ဘႏြန္ႏိုင္ငံ စုစည္းညီၫြတ္ရန္၊ တည္ၿငိမ္ရန္အတြက္ သမိုင္းဝင္ေျခလွမ္းျဖစ္သလို ၿငိမ္းခ်မ္းေရးႏွင့္ ပူးေပါင္း ေဆာင္႐ြက္ေရးအတြက္ ကတိမ်ားကို လက္ေတြ႕အေကာင္ထည္ေဖာ္ျခင္း လည္းျဖစ္ေၾကာင္း ခ်ီးက်ဴးေျပာဆိုခဲ့သည္။
လက္ဘႏြန္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္က လက္နက္ကိုင္အဖြဲ႕မ်ား၏ လက္နက္စြန႔္ျခင္းကို ႀကိဳဆိုခဲ့ၿပီး လာမည့္ သီတင္းပတ္မ်ားတြင္လည္း ဒုကၡသည္စခန္းမ်ားတြင္ရွိေနသည့္ လက္နက္ကိုင္အဖြဲ႕မ်ား၏ လက္နက္စြန႔္ျခင္းႏွင့္ လက္ နက္မ်ားလႊဲေျပာင္း ေပးျခင္းမ်ား ဆက္လက္ျဖစ္ပြားေနမည္ျဖစ္ေၾကာင္း ေျပာသည္။
ပါလက္စတိုင္း လုံၿခဳံေရးအရာရွိတစ္ဦးက ‘ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္တဲ့ ဖာတက္လက္နက္ ကိုင္အဖြဲ႕ဟာ လက္ဘႏြန္စစ္တပ္နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈအစိတ္အပိုင္းအျဖစ္ Burj al-Barajneh ဒုကၡသည္စခန္းမွာ လက္နက္ေတြကို လႊဲေျပာင္းေပးတာစတင္ခဲ့တယ္}ဟုေျပာသည္။ ဖာတက္အေရးလႈပ္ရွားမႈ ေခါင္းေဆာင္တစ္ဦးျဖစ္ ေသာ ပါလက္စတိုင္းသမၼတ မာမြတ္အာဘတ္သည္ ၿပီးခဲ့သည့္ေမလတြင္ လက္ဘႏြန္ႏိုင္ငံသို႔ သြားေရာက္ခဲ့ၿပီး လက္ဘႏြန္သမၼတႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ကာ သေဘာတူညီမႈမ်ားရရွိခဲ့ေၾကာင္းသိရသည္။
အဆိုပါ သေဘာတူညီမႈမ်ားအတြင္း လက္ဘႏြန္ႏိုင္ငံရွိ ပါလက္စတိုင္းဒုကၡသည္စခန္းမ်ားတြင္ ရွိေနသည့္ ဖာ တက္လက္နက္ကိုင္အဖြဲ႕ဝင္မ်ား လက္ဘႏြန္အစိုးရထံ လက္နက္ခ်မည္ဆိုေသာအခ်က္ကို သေဘာတူညီခဲ့ေၾကာင္း သိရသည္။