ထိပ်သီးအခမ်းအနား နှစ်ခုတက်ရန် ဗိုလ်ချုပ်မှူးကြီး တရုတ်ပြည်သို့ ရက်ပိုင်းအတွင်း သွားမည်

2522

Iris (NP News) - သြဂုတ် ၂၅
နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဩဂုတ်လနောက်ဆုံးပတ်ဖြစ်သော ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ် ကြောင်း စုံစမ်းသိရှိရသည်။
ဩဂုတ်လ(၃၁)ရက်မှ စက်တင်ဘာ(၁) ရက်အထိ နှစ်ရက်ကြာကျင်းပမည်ဖြစ်သော ရှန်ဟိုင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ Shanghai Cooperation Organization (SCO) ၏ (၂၅) ကြိမ် မြောက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်နှင့် နှစ်(၈၀)ပြည့် ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲ နှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းအထိမ်းအမှတ် ညီလာခံကို တက်ရောက်ရန် ဖြစ်ကြောင်း သုံးဦးထက်မနည်းသော NP News ၏သတင်းရင်းမြစ်များက အတည် ပြုသည်။ “ လိုက်ပါ ခွင့်ရမယ့် ပုဂ္ဂိုလ်တွေစာရင်းတောင် ထွက်နေပြီ။ ဒီတစ်ရက်နှစ်ရက်အတွင်း သွားလိမ့်မယ်” ဟု ဗိုလ်ချုပ် မှူးကြီး၏ တရုတ်ခရီးစဉ်ကို သိရှိသော သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
(၂၀၂၅) SCO summit ကို တရုတ်နိုင်ငံ တီယန်ကျင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာ့ ထိပ်သီး ခေါင်းဆောင်များဖြစ်သော ဗလာဒီမာပူတင်၊ နာရင် ဒြာမိုဒီ၊ လူကာရှန်ကိုနှင့် အီရန်၊ ပါကစ္စတန်၊ ကာဇက် စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်တို့မှ ခေါင်းဆောင်များ တက်ရောက်ကြမည် ဟု သိရသည်။ အဆိုပါပုဂ္ဂိုလ်များအဖြစ် အထူးဖိတ်ကြားထားသူများနှင့် လေ့လာခွင့်ရနိုင်ငံများမှ ခေါင်း ဆောင်များလည်း တက်ရောက်ကြမည်ဟု တရုတ်မီဒီယာများ၌ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးတက်ရောက်မည့်ခေါင်းစဉ်မှာ အထူးဖိတ်ကြား၍ လေ့လာခွင့်ပြုခြင်းမျိုးဖြစ်ပြီး မြန်မာနိုင်ငံကလည်း SCO တွင် dialogue partner အဖြစ် လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ “ဒီခရီးစဉ်က ဗိုလ်ချုပ်မှူးကြီးအတွက် တော်တော်လေး အရေးကြီးတယ်။ ရွေးကောက်ပွဲအလွန်မှာ ဘယ် လို ခရီးဆက်မလဲဆိုတာကိုပါ အဆုံးအဖြတ် ပေးသွားနိုင်တယ်” ဟု အခြားသော သတင်းရင်းမြစ်တစ်ဦး က အတည်ပြုသည်။ SCO summit ကို တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် တက်ရောက်မိန့် ခွန်းပြော ကြားမည်ဖြစ်ပြီး အဆိုပါညီလာခံပြီးသည်နှင့် စက်တင်ဘာ(၃)ရက်တွင် ပေကျင်းမြို့တော်၌ V-Day ကို ဆက်လက်ဦးတည်မည်ဖြစ်ကြောင်းလည်း အစီအစဉ်များအရ သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း အဆိုပါ တရုတ် V-Day သို့ တက်ရောက်ခွင့်ရ မည်ဖြစ်ပြီး တရုတ်ဘက်က အထူးဦးစားပေးဖိတ်ကြား ထားသည်ဟုဆိုသည်။ အဆိုပါ V-Day ကို ကမ္ဘာ့နိုင်ငံပေါင်း(၂၀)နီးပါးမှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း တရုတ်ဘက်က အတည် ပြုထားပြီး အာဆီယံဒေသတွင်းမှ ခေါင်းဆောင်များလည်း တစုတစည်းတည်း ရှိနေမည် ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိတို့ကလည်း ဩဂုတ်လလယ် အတွင်းက ကျင်းပခဲ့သော လန်ချန်း-မဲခေါင် ထိပ်သီးအစည်းအဝေးအတွင်း၌ သီးခြား တွေ့ဆုံ၍ မြန်မာခေါင်းဆောင်၏ တရုတ်ခရီးစဉ်အတွက် အသေးစိတ် ပြင်ဆင်စီစဉ်ဆွေးနွေးခဲ့ကြ ကြောင်းလည်း ကြားသိရသည်။

Zawgyi Version:
ထိပ္သီးအခမ္းအနား ႏွစ္ခုတက္ရန္ ဗိုလ္ခ်ဳပ္မႉးႀကီး တ႐ုတ္ျပည္သို႔ ရက္ပိုင္းအတြင္း သြားမည္
Iris (NP News) - ၾသဂုတ္ ၂၅
ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာ ေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ဩဂုတ္လေနာက္ဆုံးပတ္ျဖစ္ေသာ ယခုရက္ပိုင္းအတြင္း တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္မည္ျဖစ္ ေၾကာင္း စုံစမ္းသိရွိရသည္။
ဩဂုတ္လ(၃၁)ရက္မွ စက္တင္ဘာ(၁) ရက္အထိ ႏွစ္ရက္ၾကာက်င္းပမည္ျဖစ္ေသာ ရွန္ဟိုင္း စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ Shanghai Cooperation Organization (SCO) ၏ (၂၅) ႀကိမ္ ေျမာက္ ထိပ္သီးအစည္းအေဝးကို တက္ေရာက္ရန္ႏွင့္ ႏွစ္(၈၀)ျပည့္ ဖက္ဆစ္ဂ်ပန္ခုခံေတာ္လွန္ေရး စစ္ပြဲ ႏွင့္ ကမာၻ႔ဖက္ဆစ္ေတာ္လွန္ေရးစစ္ပြဲ ေအာင္ႏိုင္ျခင္းအထိမ္းအမွတ္ ညီလာခံကို တက္ေရာက္ရန္ ျဖစ္ေၾကာင္း သုံးဦးထက္မနည္းေသာ NP News ၏သတင္းရင္းျမစ္မ်ားက အတည္ ျပဳသည္။ “ လိုက္ပါ ခြင့္ရမယ့္ ပုဂၢိဳလ္ေတြစာရင္းေတာင္ ထြက္ေနၿပီ။ ဒီတစ္ရက္ႏွစ္ရက္အတြင္း သြားလိမ့္မယ္” ဟု ဗိုလ္ခ်ဳပ္ မႉးႀကီး၏ တ႐ုတ္ခရီးစဥ္ကို သိရွိေသာ သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။
(၂၀၂၅) SCO summit ကို တ႐ုတ္ႏိုင္ငံ တီယန္က်င္းတြင္ က်င္းပသြားမည္ျဖစ္ၿပီး ကမာၻ႔ ထိပ္သီး ေခါင္းေဆာင္မ်ားျဖစ္ေသာ ဗလာဒီမာပူတင္၊ နာရင္ ျဒာမိုဒီ၊ လူကာရွန္ကိုႏွင့္ အီရန္၊ ပါကစၥတန္၊ ကာဇက္ စတန္၊ ကာဂ်စ္စတန္၊ တာဂ်စ္ကစၥတန္၊ ဥဇဘက္ကစၥတန္တို႔မွ ေခါင္းေဆာင္မ်ား တက္ေရာက္ၾကမည္ ဟု သိရသည္။ အဆိုပါပုဂၢိဳလ္မ်ားအျဖစ္ အထူးဖိတ္ၾကားထားသူမ်ားႏွင့္ ေလ့လာခြင့္ရႏိုင္ငံမ်ားမွ ေခါင္း ေဆာင္မ်ားလည္း တက္ေရာက္ၾကမည္ဟု တ႐ုတ္မီဒီယာမ်ား၌ေဖာ္ျပထားသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးတက္ေရာက္မည့္ေခါင္းစဥ္မွာ အထူးဖိတ္ၾကား၍ ေလ့လာခြင့္ျပဳျခင္းမ်ိဳးျဖစ္ၿပီး ျမန္မာႏိုင္ငံကလည္း SCO တြင္ dialogue partner အျဖစ္ လက္မွတ္ေရးထိုးထားေၾကာင္း သိရသည္။ “ဒီခရီးစဥ္က ဗိုလ္ခ်ဳပ္မႉးႀကီးအတြက္ ေတာ္ေတာ္ေလး အေရးႀကီးတယ္။ ေ႐ြးေကာက္ပြဲအလြန္မွာ ဘယ္ လို ခရီးဆက္မလဲဆိုတာကိုပါ အဆုံးအျဖတ္ ေပးသြားႏိုင္တယ္” ဟု အျခားေသာ သတင္းရင္းျမစ္တစ္ဦး က အတည္ျပဳသည္။ SCO summit ကို တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကိုယ္တိုင္ တက္ေရာက္မိန႔္ ခြန္းေျပာ ၾကားမည္ျဖစ္ၿပီး အဆိုပါညီလာခံၿပီးသည္ႏွင့္ စက္တင္ဘာ(၃)ရက္တြင္ ေပက်င္းၿမိဳ႕ေတာ္၌ V-Day ကို ဆက္လက္ဦးတည္မည္ျဖစ္ေၾကာင္းလည္း အစီအစဥ္မ်ားအရ သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္လည္း အဆိုပါ တ႐ုတ္ V-Day သို႔ တက္ေရာက္ခြင့္ရ မည္ျဖစ္ၿပီး တ႐ုတ္ဘက္က အထူးဦးစားေပးဖိတ္ၾကား ထားသည္ဟုဆိုသည္။ အဆိုပါ V-Day ကို ကမာၻ႔ႏိုင္ငံေပါင္း(၂၀)နီးပါးမွ ေခါင္းေဆာင္မ်ား တက္ေရာက္ၾကမည္ျဖစ္ေၾကာင္း တ႐ုတ္ဘက္က အတည္ ျပဳထားၿပီး အာဆီယံေဒသတြင္းမွ ေခါင္းေဆာင္မ်ားလည္း တစုတစည္းတည္း ရွိေနမည္ ျဖစ္သည္။ ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြႏွင့္ တ႐ုတ္ႏိုင္ငံ ျခားေရးဝန္ႀကီး ဝမ္ယိတို႔ကလည္း ဩဂုတ္လလယ္ အတြင္းက က်င္းပခဲ့ေသာ လန္ခ်န္း-မဲေခါင္ ထိပ္သီးအစည္းအေဝးအတြင္း၌ သီးျခား ေတြ႕ဆုံ၍ ျမန္မာေခါင္းေဆာင္၏ တ႐ုတ္ခရီးစဥ္အတြက္ အေသးစိတ္ ျပင္ဆင္စီစဥ္ေဆြးေႏြးခဲ့ၾက ေၾကာင္းလည္း ၾကားသိရသည္။