ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ (၃)ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ရန် တရုတ်(တိုင်ပေ)စီစဉ်နေ

 225

Pika (NP News) - သြဂုတ် ၂၅

တရုတ်(တိုင်ပေ)အစိုးရသည် ၎င်း၏ (၂၀၂၆) ခုနှစ်ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ (၃) ရာခိုင်နှုန်းကျော်အထိ မြှင့်တင်ရန်စီစဉ်နေကြောင်း တရုတ်(တိုင်ပေ)ဝန်ကြီးချုပ် ဃ့သ ဲကညါ-အငေ က ထုတ်ဖော်ပြောဆိုခဲ့သည်။ တရုတ် (တိုင်ပေ)အစိုးရသည် ကိုယ်ပိုင်ကာကွယ်ရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် အမေရိကန်၏ဖိအားပေးမှုများကို ရင်ဆိုင်နေရမှုနှင့်အတူ အဆိုပါအစီအစဉ်များထွက်ပေါ်လာခြင်းဖြစ် သည်။
အဆိုပါလှုပ်ရှားမှုသည် တရုတ်(တိုင်ပေ)ကျွန်းအချုပ်အခြာအာဏာနှင့် လုံခြုံရေး၊ အင်ဒို-ပစိ ဖိတ် ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ကမ္ဘာကြီးနှင့် အတူ ၎င်းတို့မျှဝေထားသည့် တာဝန်ယူ၊ တာဝန်ခံမှုများ ကို ကာကွယ်ရန် စိတ်ပိုင်းဖြတ်မှုများနှင့် စွမ်းဆောင်ရည်များကို ထပ်မံသက်သေပြခြင်းမျိုးဖြစ်ကြောင်း Cho Jung-tai က ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် တရုတ်(တိုင်ပေ)အစိုးရသည် လာမည့်နှစ်တွင် ကာကွယ်ရေးအသုံးစရိတ်အတွက် ဂျီဒီပီ ၏ (၃ ဒသမ ၂၃) ရာခိုင်နှုန်းနှင့်ညီမျှသော အမေရိကန် ဒေါ်လာ (၃၁ ဒသမ ၁) ဘီလျံကို ခွဲဝေချထားပေးခဲ့ ကြောင်းလည်းသိရသည်။ သို့သော်လည်း ယင်းအဆို ပြုချက်သည် အတိုက်အခံပါတီများက ထိန်းချုပ် ထားသောလွှတ်တော်ထံမှ အတည်ပြုမှုများလိုအပ်နေဆဲ ဖြစ်ကြောင်းသိရသည်။
တရုတ်အစိုးရသည် တရုတ် (တိုင်ပေ)ကျွန်းကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာ ရှုမြင် ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရန်အ တွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမည်ဖြစ် ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က အကြိမ်ကြိမ် ကတိပြုပြောဆိုခဲ့သည်။ ပြီးခဲ့သည့်နှစ်များအတွင်း စစ်ရေးနှင့်နိုင်ငံရေးအရဖိအားပေးမှုများကို တရုတ် အစိုးရက အရှိန်မြှင့်လုပ်ဆောင်လာမှုနှင့်အတူ တ ရုတ် (တိုင်ပေ) အစိုးရသည် စစ်လက်နက်ပစ္စည်းများ နှင့်စစ်ဘက်ဆိုင်ရာဝယ်ယူမှုများတွင် ရင်းနှီးမြှုပ်နှံမှု များကို အရှိန်မြှင့်တင်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
ကာကြယ္ေရးအသုံးစရိတ္ကို ဂ်ီဒီပီ၏ (၃)ရာခိုင္ႏႈန္းေက်ာ္အထိ တိုးျမႇင့္ရန္ တ႐ုတ္(တိုင္ေပ)စီစဥ္ေန
Pika (NP News) - ၾသဂုတ္ ၂၅
တ႐ုတ္(တိုင္ေပ)အစိုးရသည္ ၎၏ (၂၀၂၆) ခုႏွစ္ကာကြယ္ေရးအသုံးစရိတ္ကို ဂ်ီဒီပီ၏ (၃) ရာခိုင္ႏႈန္းေက်ာ္အထိ ျမႇင့္တင္ရန္စီစဥ္ေနေၾကာင္း တ႐ုတ္(တိုင္ေပ)ဝန္ႀကီးခ်ဳပ္ ဃ့သ ဲကညါ-အေင က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ တ႐ုတ္ (တိုင္ေပ)အစိုးရသည္ ကိုယ္ပိုင္ကာကြယ္ေရးတြင္ ပိုမိုရင္းႏွီးျမႇဳပ္ႏွံရန္ အေမရိကန္၏ဖိအားေပးမႈမ်ားကို ရင္ဆိုင္ေနရမႈႏွင့္အတူ အဆိုပါအစီအစဥ္မ်ားထြက္ေပၚလာျခင္းျဖစ္ သည္။
အဆိုပါလႈပ္ရွားမႈသည္ တ႐ုတ္(တိုင္ေပ)ကြၽန္းအခ်ဳပ္အျခာအာဏာႏွင့္ လုံၿခဳံေရး၊ အင္ဒို-ပစိ ဖိတ္ ေဒသ တည္ၿငိမ္ေရး၊ လုံၿခဳံေရးႏွင့္ ကမာၻႀကီးႏွင့္ အတူ ၎တို႔မွ်ေဝထားသည့္ တာဝန္ယူ၊ တာဝန္ခံမႈမ်ား ကို ကာကြယ္ရန္ စိတ္ပိုင္းျဖတ္မႈမ်ားႏွင့္ စြမ္းေဆာင္ရည္မ်ားကို ထပ္မံသက္ေသျပျခင္းမ်ိဳးျဖစ္ေၾကာင္း Cho Jung-tai က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ထို႔ျပင္ တ႐ုတ္(တိုင္ေပ)အစိုးရသည္ လာမည့္ႏွစ္တြင္ ကာကြယ္ေရးအသုံးစရိတ္အတြက္ ဂ်ီဒီပီ ၏ (၃ ဒသမ ၂၃) ရာခိုင္ႏႈန္းႏွင့္ညီမွ်ေသာ အေမရိကန္ ေဒၚလာ (၃၁ ဒသမ ၁) ဘီလ်ံကို ခြဲေဝခ်ထားေပးခဲ့ ေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း ယင္းအဆို ျပဳခ်က္သည္ အတိုက္အခံပါတီမ်ားက ထိန္းခ်ဳပ္ ထားေသာလႊတ္ေတာ္ထံမွ အတည္ျပဳမႈမ်ားလိုအပ္ေနဆဲ ျဖစ္ေၾကာင္းသိရသည္။
တ႐ုတ္အစိုးရသည္ တ႐ုတ္ (တိုင္ေပ)ကြၽန္းကို ၎၏ပိုင္နက္နယ္ေျမအျဖစ္ အခိုင္အမာ ရႈျမင္ ထားၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းရန္အ တြက္ လိုအပ္ပါက အင္အားသုံးေျဖရွင္းသြားမည္ျဖစ္ ေၾကာင္း တ႐ုတ္သမၼတရွီက်င့္ဖ်င္က အႀကိမ္ႀကိမ္ ကတိျပဳေျပာဆိုခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း စစ္ေရးႏွင့္ႏိုင္ငံေရးအရဖိအားေပးမႈမ်ားကို တ႐ုတ္ အစိုးရက အရွိန္ျမႇင့္လုပ္ေဆာင္လာမႈႏွင့္အတူ တ ႐ုတ္ (တိုင္ေပ) အစိုးရသည္ စစ္လက္နက္ပစၥည္းမ်ား ႏွင့္စစ္ဘက္ဆိုင္ရာဝယ္ယူမႈမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ မ်ားကို အရွိန္ျမႇင့္တင္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.